24 August 2008

"သူ့ အတွက် လက်ဆောင် "


မင်းကို ပြောပြချင်လွန်းတဲ့ စကားစုတွေလေ...
အရှက်သည်းကာ အနေခက်နေလည်း မင်းသိစေချင်လွန်းလှတယ်။


အမြဲတမ်း မင်းကို ရယ်မော နောက်ပြောင်နေခဲ့လည်း လေးနက်စကားဆိုချင်သေးတာမို့ ကျေးဇူးပြုပြီး နားဆင်... ကြိုးစားပြီးနားလည်ပေးပါကွယ်။ တကယ်တော့ ကိုယ်တိုင်သိနေရဲ့။ တစ်စုံတစ်ယောက်ကို ချစ်ဖို့  ကျွန်မမှာ သတ္တိများစွာ လိုအပ်နေပါသေးတယ်။ အရည်အသွေးတွေ နိမ့်နေပါသေးတယ်။ တကယ်လည်း သူနဲ့တွေ့စဉ်ခဏမှာ ယုံကြည်မှုတွေ မရှိခဲ့ပါ။ပူပန်မှုတွေ အပြည့်နဲ့ စိုးရိမ်လို့မဆုံးနိုင်ခဲ့။

ဒါပေမယ့် ရွေ့ လျားသွားတဲ့ အချိန်တွေကို အတူအတွ ဖြတ်ကျော်ရင်း ကျွန်မဘေးမှာ အမြဲတစေဂရုတစိုက် ရှိခဲ့တယ်နော်။ မင်းရဲ့ ယုံကြည်မှုနဲ့ အချစ်တွေအတွက် အမြဲပဲ ကျေးဇူးတင်ပါတယ်။

အခု ကျွန်မ ရင့်ကျက်ဖို ကြိုးစားနေပြီလေ။ မင်းကို ကြည့်မိတဲ့အခါတိုင်း ရင့်ကျက်မှုတွေ ပိုလို့တိုးလာနေ။မင်းလေး ကျွန်မကို စောင့်ကြည့်နေတဲ့ အချိန်လေးမှာတင် စတင် ရင့်ကျက်တော့မှာ။
ဒါပေမယ့် ရင့်ကျက်သူရဲ့ အချစ်ရနံ့ကတော့ ဘယ်တော့မှ ပြယ်လွင့်မှာ မဟုတ်ပါဘူး။။

ခုချိန်ကစ အသစ်တဖန်မွေးဖွားဖို့ ခြေတစ်လှမ်းစနေပြီ ဖြစ်ပေမယ့် မင်းလေးကို ယုံကြည်တဲ့ အကြည့်ငေးလေးတွေကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူးကွယ်။ သူလည်း သိနေလိမ့်။အနားမှာ ရှိပေးတဲ့ အတွက် အချိန်တိုင်း ကျေးဇူးတင်။
ဒါပေမယ့်  နှစ်သက်တယ် ။ ချစ်တယ် ဆိုတဲ့ စကားစုတွေကို ရှက်စိတ်နဲ့ စိုးထိတ်ကာ ဘယ်လိုမှ ပြောမထွက်နိုင်ခဲ့ပါ။

ဒီလိုလေးနက်ရမှာ ကြောက်နေတာမို့ ရယ်စရာအဖြစ် ပေါ့ပါးဟန်ဆောင်ခဲ့တာ မှားခြဲ့ပီလားကွယ်။မင်းရင်ကို ထိခိုက်နာကျင်စေခဲ့သလား။

အချိန်တွေ ပြိုကျ။ ကမ္ဘာကြီးလည်း ရွေ့လျားပြောင်းလဲနေပေမယ့် ကျွန်မရဲ့ အနားမှာ အစဉ်ရပ်တည်ကာကွယ်ပေးနေတဲ့ မင်းလေးအတွက် ကျွန်မ တစ်စထက် တစ်စ ရင့်ကျက်ပါတော့မယ်။
ဒါပေမယ့် မင်းရဲ့ ယုံကြည်မှုနဲ့ အချစ်တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။

မင်း ယုံတယ်မဟုတ်လားကွယ်။
ကျွန်မ ရင့်ကျက်လာနေပြီ ။
ကျေးဇူးပြုပြီး စောင့်ကြည့်ပေးပါကွယ်။ကျွန်မရဲ့ ပြောင်းလဲခြင်း အခုစနေပြီ။
“ကျွန်မ ရင့်ကျက်လာနေပြီ။ မင်း ရှင်သန်ပျော်ရွှင်စေဖို့ အခုကစ ကြိုးစားသွားမှာ။”

မင်းကို ပြောပြချင်လွန်းတဲ့ စကားစုတွေလေ...
အရှက်သည်းကာ အနေခက်နေလည်း မင်းသိစေချင်လွန်းလှတယ်။ ။

မယ့်ကိုး

ကိုးကား ဘာသာပြန်
Hwangbo 황보 - Mature 성숙
Credits to Chonsa for the translation.



Artist : Hwang Bo (황보)
Album : Gift For Him (Digital Single)
Release : 2008.07.03

02 April 2008

“လျှို့ဝှက်တောင်ပံ ”

ပန်း။
ပန်း.....တဲ့။ 
အဘွားအို တစ်ယောက်ရဲ့ နောက်ဆုံးစကားက ပန်းတဲ့လေ။ 
.........................................................................


အိပ်ရာထဲလဲနေတဲ့ အဘွားကို ကူညီဖို့အတွက် ကျွန်မနဲ့ ကျွန်မရဲ့ သက်ဆိုင်တဲ့အရာအားလုံး အဘွားရဲ့ အခန်းမှာ ပြောင်းရွေ့ အခြေချပြီး နှစ်ရက်အကြာမှာ ပထမဆုံးကြားရတဲ့ ဝေါဟာရကလည်း “ပန်း”ပဲဖြစ်ပါတယ်။ အမေနဲ့ ကျွန်မရဲ့နာမည်ကိုပင် မေ့နေတတ်တဲ့ အဘွားရဲ့ ဒုတိယစကားကတော့ “စံပယ်” ဖြစ်ပါတယ်။ အဘွားနဲ့ အလ္လာပသလ္လာပ ပြောခွင့်ရပြီ ဖြစ်တဲ့အတွက် ကျွန်မ ၀မ်းသာအားရ ပြန်ပြောမိပါတယ်။ “အဲဒါ စံပယ် မဟုတ်ဘူး ဘွားဘွားရဲ့ ... yarrow လို့ခေါ်တယ်။ မြန်မာလိုတော့ ဘယ်လိုခေါ်တယ် သမီးလည်း မသိဘူး။”

Common Yarrow

photo credits: http://ethnobotany09.providence.wikispaces.net 

အဘွားနဲ့ ကျွန်မ ကျွန်ပျူတာကို ကြည့်ပြီး ပြောနေကြတာ ဖြစ်ပါတယ်။ အဲဒီ သေးသေးဖြူဖြူ ပန်းငယ်လေးတွေဟာ အဘွားရဲ့ ရီမှိုင်းတဲ့ အမြင်မှာ စံပယ်ပန်းယောင်ဆောင်နေမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က ပဉ္စမနှစ်ရဲ့ ဒုတိယနှစ်ဝက် စာတမ်းဖြစ်တဲ့ မြေခင်းဗိသုကာဒီဇိုင်း (Landscape Design) အတွက် Landscape CD တွေ ကြည့်နေတာ ဖြစ်ပါတယ်။

အဘွားက ကျွန်မရဲ့ စကားကို အရေးတယူမရှိပါ။ ကွန်ပျူတာကိုပဲ ကြည့်ကာ “စံပယ်”လို့ ထပ်မံရေရွတ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အမေက အဘွားအတွက် စံပယ်ပန်းတွေ တပွေ့တပိုက် ယူဆောင်လာခဲ့ပါတယ်။

“မေမေက ဘုရားကပ်ချင်လို့လား” ဘုရားတရားကို ကြည်ညိုတဲ့ အဘွားရဲ့ မကျေမနပ်ဖြစ်သွားတဲ့ အမူအရာလေးဟာ ဘယ်လောက်အပြစ်ကင်းစင်ပြီး ချစ်စရာ ကောင်းတယ်ဆိုတာ မဖော်ပြတတ်အောင်ပါပဲ။

“ပေး”တဲ့။

အဘွားရဲ့ ကလေးတစ်ယောက်လို ဆိုးနွဲ့ပြီး တောင်းတဲ့ ဟန်လေးကို ကျွန်မမှာ သဘောကျလွန်းလို့ မရယ်ဘဲ မနေနိုင်ခဲ့ဘူးလေ။

အဲဒီ အချိန်ကစပြီး အဘွားရဲ့ ချစ်ခင်နှစ်လိုဖွယ် အကောင်းဆုံး ပြုမူလုပ်ဆောင်ချက်တွေကို တွေ့ရှိ သတိထားမိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း အဘွားနဲ့ ပန်းတွေက ကျွန်မကို အကြီးအကျယ် အနှောက်အယှက်ပေးတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အခုအခါမှာ လွမ်းမောဖွယ်ဖြစ်နေပေမယ့် အဲဒီ အချိန်တွေတုန်းကတော့ တကယ့်ကို စိတ်ငြိုငြင်ခဲ့ရတာလေ။

ဘယ်လိုပင် ဖြေပေမယ့် အပြစ်မကင်းသလို ခံစားနေရဆဲ။ အဘွားက “သဇင်” “သဇင်” လို့ တောင့်တပြီး အမေက ၀ယ်လာတဲ့ အခါမျိုးမှာပေါ့။

သဇင်ပန်းခက်တွေက စံပယ်လို နှင်းဆီလို အထိအတွေ့မှာ မနူးညံ့တော့ အဘွားက အနားမှာ အထားမခံဘူးလေ။ အဘွားမြင်သာတဲ့ တစ်နေရာရာမှာ ပန်းတွေကို ပြထားပေးရပြီး “သဇင်”ဆိုပြီး တောင်းကာမှ ခဏယူပြီး ပေး၊ ပြီးတော့ ပြန်ထား။ ကျန်တဲ့ အချိန်တွေမှာ မထောင်းသာပေမယ့် ပုံဆွဲတဲ့ အခါမှာတော့ ကျွန်မ မလှမပ ဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။ အဘွားက ပြန်ထားခိုင်းလို့ မြင်သာတဲ့ နေရာမှာ ပန်းကို ချထားပေးပြီး Repito ဖောင်တိန် ကိုင်လို့မှ ငါးမိနစ် မကြာသေးခင်မှာတင် အဘွားက “သဇင်”လို့ ထပ်မံ မြည်တမ်းတော့ကာ.....။ 

ခက်တာက အဘွားက ပန်းအတုတွေကို လုံးဝ လက်မခံဘူးလေ။ဒီလိုနဲ့ပဲ အဘွားရဲ့ နှုတ်ဖျားက ပန်းနာမည်မျိုးစုံကို ကြားနာခွင့်ရခဲ့သလို ပန်းအလှပြင် သင်တန်း မတတ်ဘူးတဲ့ ကျွန်မလည်း ပန်းအိုးထိုးနည်းပညာရပ် အနားကို ဒယိမ်းဒယိုင်နဲ့ လွင့်ပါးကျရောက်သွားခဲ့တာ ဖြစ်ပါတယ်။ .................................................................

ဒါပေမယ့် ခဏတာသာ ပြေလည်ခဲ့တာရယ်။ အဘွားက ကျွန်မရဲ့ မဖြစ်ညစ်ကျယ်ပန်းအိုးလေးတွေနဲ့ မရောင့်ရဲတော့ဘဲ တောင်းတမှုတွေကို ပီပီသသ ပြောကြားလာခဲ့တယ်လေ။ “ဒူးလောက်ရှိတဲ့ ပန်းအိုးကြီး ၀ယ်ပေး”တဲ့။

အဘွားရဲ့ ပြောင်မြောက်လှတဲ့ နာမ၀ိသေသနကို သဘောကျပြီး ကျွန်မရယ်ခဲ့ပေမယ့် အမေကတော့ နည်းနည်းလေးမှ မပြုံးခဲ့ပါဘူး။ “အကုန်အကျတွေ များလှတယ် သမီးရယ်။ နောက်တော့လည်း သမီးဘွားဘွား မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ။”

အမေပြောသလိုပါပဲ....အဘွားက သူ့ရဲ့ တရုတ်ပန်းအိုးတွေကို အာရုံထဲကနေ အသာတကြည် ထုတ်ပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဘွားကို ပန်းအိုးတွေ လက်ဆောင်ပေးချင်တဲ့ ကျွန်မရဲ့ ချင်ခြင်းကတော့ နုလုံးသားထဲမှာ ဆူးစူးနေသလိုပဲ စွဲထင်နေရာယူသွားပြီ ဖြစ်ပါတယ်။

ကျွန်မလေ စာအုပ်တွေ မ၀ယ်တော့ဘဲ ပိုက်ဆံစုခဲ့တယ်။ CD တွေ မ၀ယ်တော့ဘဲ ပိုက်ဆံစုခဲ့တယ်။ မိန်းကလေး အသုံးအဆောင်တွေကို မျက်နှာလွဲပြီးတော့လည်း ပိုက်ဆံစုခဲ့တယ်။ ဒါပေမယ့် အမေက ကျွန်မရဲ့ ဆန္ဒကို ပယ်ချခဲ့ပါတယ်။ “ဒီလောက် နေရာ ကျဉ်းကျဉ်းလေးထဲ.....သမီးရယ်”

ဘယ်တော့မှ မေ့ဖျောက်နိုင်မှာ မဟုတ်။အချိုးတကျ လိုက်လျောညီထွေ မရှိဘဲ ထိုးစိုက်ထားတဲ့ ကျွန်မရဲ့ ပန်းအိုးလေးတွေကို အဘွားက မြတ်မြတ်နိုးနိုးနဲ့ လှည့်ပတ်ကြည့်တဲ့ အခါတိုင်း ထိန်းထားတဲ့ကြားက အရည်ကြည်ကြည်လေးတွေဟာ မျက်ဝန်းတစ်လျှောက်မှာ စုစည်းလာတတ်တာ။

ယနေ့ထက်တိုင်ယုံကြည်နေဆဲ။ ပန်းတွေ အပြည့်နဲ့ ပန်းအိုးကြီးကိုသာ ရရင် အဘွားထူးထူးကဲကဲ ပျော်ရွှင်သွားမှာပဲဆိုတာ။

မယုံနိုင်လောက်အောင် ကျွန်မ ကြေကွဲနေခဲ့ပေမယ့် လောကဓံရဲ့ အထုအထောင်းကို ခံနိုင်ရည်ရှိနေပြီဖြစ်တဲ့ အဘွားကတော့ ကျွန်မရဲ့ ပန်းအိုးလေးတွေနဲ့ ကျွန်မပြတဲ့ Landscape CD တွေနဲ့ပဲ ရောင့်ရဲ ပျော်ရွှင်နေခဲ့တယ်လေ။

နောက်ဆုံးတော့လည်း ပန်းတွေနဲ့ အဘွားကို ခွဲခြားမယ့် အချိန်တစ်စဟာ ရက်ရက်စက်စက်ကို ကျရောက်လာခဲ့တာ။ ဘယ်အရာနဲ့မှ တားဆီးကာကွယ်လို့ မရခဲ့။ ............................................................

ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတဲ့ အဘွားကို ကြည့်ကာ အမေက အံကြိတ်ရင်း အသံတိတ်ငိုနိုင်ပေမယ့် ကျွန်မကတော့ အဲဒီလောက် ဣနြေ္ဒဆည်မဆည်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဒီဒဏ်ရာတွေ ထက်ပြင်းကာ နုလုံးအိမ်ကို အမှန်တကယ် ထိခိုက်ရှတစေခဲ့တာကတော့ အဘွားကို ရိုးရာ အစဉ်အလာအတိုင်း နေရာချထားတဲ့ အခါမှာ ဖြစ်ပါတယ်။ အဘွားက သူ့အနားမှာ ပန်းတွေကို ရှိစေချင်မှာ အမှန်တကယ်ပဲ သေချနေပါရဲ့ အဘွားကို ပန်းတွေအကြားမှာ လဲလျောင်းစေဖို့တော့ ဘယ်သူကမှ ခွင့်မပြုကြဘူးလေ။ သည်းခံနိုင်စွမ်း ပါးလျလာပြီဖြစ်တဲ့ ကျွန်မ ပန်းခွေတွေ၊ ပန်းခြင်းတွေကိုပဲ လက်ခံ လာရတဲ့အခါမှာတော့ ထိန်းချုပ်နိုင်စွမ်း ပြိုကွဲပြီ ဖြစ်ပါတယ်။

“မေမေ သမီးတို့ မိသားစုက ဘွားဘွားကို ပန်းစည်းပဲ ပေးမယ်နော်။ ဘွားဘွားက ပန်းစည်းကိုပဲ ပိုကြိုက်မှာ” ရလဒ်ကတော့ အမေရဲ့ ဒေါသ မျက်စောင်းပဲ ဖြစ်ပါတယ်။ အံ့သြ၀မ်းနည်းစရာရယ်။ အစဉ်အလာ စည်းမျဉ်းတွေက အဘွားထက်ပိုပြီး အရေးပါသတဲ့လေ။ တကယ်ဆို အမေက အရာရာမှာ နားလည်မှုရှိသူပါ။ “ဘွားဘွား အဝေးကြီးကို အပြီးအပိုင် ထွက်သွားတော့မယ့် အချိန်ကလေးမှာတောင် တမ်းတခဲ့တာ “ပန်း”ဆိုတာ မေမေ မေ့နေပြီလား။ ” ဒါပေမယ့် ကျွန်မတတ်နိုင်တာ နှုတ်ခမ်းကိုပိတ် ခပ်ဆိတ်ဆိတ်လေ....တိတ်တိတ်လေးနေရုံသာ။ အတွေးအိမ်ထဲမှာတော့ မေးခွန်းတွေ ပွက်ပွက်ထလို့ ညံဆူဟစ်အော်ကာ။

ဝေးလွင့်သွားပြီဖြစ်တဲ့ ပုံရိပ်လှိုင်းတွေက ၀ိုးတ၀ါးမှေးမှိန်ဖို့ အချိန်လုံလုံလောက်လောက် ရရှိနေပြီ ဖြစ်ပေမယ့် အနီးဝန်းကျင်မှာ လတ်လတ်ဆတ်ဆတ် ပြေးလွှားနေဆဲရယ်။

“မေမေ ဝေဒနာတွေကို “ငါ”စွဲပြီး ဒေါသတွေ မဖြစ်နဲ့နော်။ ဝေဒနာက သူ့သဘောနဲ့သူ ဖြစ်ပျက်နေတာ။ သတိလေးနဲ့ မြင်အောင် မေမေ ကြည့်နော်။” အမေ့ ပြောစကားတွေကို အဘွား နားမ၀င်ခဲ့တာ သေချာပါတယ်။ ဒါကြောင့်သာ “ပန်း”လို့ ထပ်မံရေရွတ်ခဲ့တာပေါ့။

“ဟုတ်တယ် မေမေ....မေမေကြိုက်တဲ့ နှင်းဆီပန်းတွေလေ သမီး ဘုရားကို လှူထားတယ်။ မေမေ သာဓုခေါ်ပြီး ဘုရားကို အာရုံပြုပေးနော်။” ဒါဟာ ဆွတ်ပျံ့ဖွယ် ဇာတ်သိမ်းလား။ ကြေကွဲဖွယ် နိဂုံးလား။ အဘွားရဲ့ စိတ်ကို အမေ မဆွဲဆောင်နိုင်ခဲ့ဘူး။ အဘွားရဲ့ နောက်ဆုံးစကားက “ပန်း”တဲ့လေ။ ဟုတ်ကဲ့။ “ပန်း”ပဲ ဖြစ်ပါတယ်။

အခုတော့ အဘွားရဲ့ ကျေးဇူးကြောင့်လေ...သစ်ပင်လေးတွေနဲ့ ပျော်မွေ့ဖို့အတွက် ငှက်ကလေးတွေရဲ့ တေးသံမှာ နှစ်မျောဖို့အတွက် ကောင်းကင်အထွေထွေရဲ့ ခြယ်လှယ်မှုမှာ ကြည်နူးရင်ခုန်ဖို့အတွက် ကျွန်မ ဘယ်တော့မှ မမေ့လျော့တော့ပါ။

ဝမ်းသာပျော်ရွှင်ဖွယ်။ သဘာဝနဲ့ အလိုက်သင့် အလျားသင့် နှစ်ခြိုက်ပျော်ဝင်တယ်ဆိုတာ အထူးတလည် ကြိုးစားယူရတဲ့ ဖြစ်စဉ် မဟုတ်ဘူးလေ။

ဘယ်လောက်ပဲ ၀မ်းနည်းနာကျင်နေပါစေ။ ဘယ်လောက်ပဲ ကြေကွဲပြိုလဲနေပါစေ။ ဘယ်လောက်ပဲ ထိုးနှက် ဖိအားပေးနေပါစေ။ သဘာဝရဲ့ အလှတရားတွေကို လျစ်လျူရှုပြီး အလုပ်တွေကို ကသုတ်ကရုတ် မပြုမူမိအောင် သတိဆောင်ကာ ဖန်တီးနေထိုင်ဆဲ ဖြစ်ပါတယ်။

အခုတော့ ကျွန်မရဲ့ လသာဆောင် ကျဉ်းကျဉ်းလေးထဲမှာ ပန်းအိုးသေးသေးလေးတွေနဲ့ စီရရီ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ ရှိနေပြီ။ ကျွန်မအတွက်။ အမေ့ အတွက်။ ပြီးတော့....ကျွန်မသိတတ်တဲ့ အချိန်ကစပြီး နာမကျန်းမဖြစ်ခင် အထိ ပန်းတွေကို အရေးတယူ မရှိခဲ့တဲ့ အဘွားအတွက်.....။

မယ့်ကိုး


(၂၀၀၅၊ Faces မုခမဂ္ဂဇင်း)

29 March 2008

“လူငယ်တစ်ယောက်၇ဲ့ မျက်နှာစာ”

မြင်စဉ်ခဏမှာတော့ ကျွန်မ၇ယ်ချင်နေခဲ့မိတယ်။ အမြဲတစေ ထောင်နေတဲ့ သူ့ဆံပင်ဟာ မိုးေ၇တွေနဲ့ ပြားကပ်နေခဲ့ကာ။ နောက်တော့ ဟန်အပြည့်နဲ့ နေတတ်လွန်းလှတဲ့ သူ့အကြောင်းကို ကောင်းကောင်းသိတဲ့ ကျွန်မ မနေနိုင်ဘဲ ၇ယ်လိုက်မိတော့တာ။

သူကတော့ မပြုံးမ၇ယ် ခပ်တည်တည်နဲ့ လာ၇င်းကိစ္စကို ပြောပါတယ်။
ထိတ်လန့်ဖွယ်မေးခွန်းပုံစံဖြစ်ပေမယ့် ထူးမခြားနားအကြောင်းအ၇ာဖြစ်ကာ ကျွန်မ မတုန်လှုပ်တော့တာ ကြောင့် “မေမေက တပူပူတကျီကျီဆိုတော့ အစ်မလည်း အေးပြီးေ၇ာ စဉ်းစားမယ်လို့ ပြောလိုက်တာပါ ”ဆိုပြီး သက်သက်သာသာပဲ ရှင်းပြနိုင်ခဲ့ပါတယ်။

“စဉ်းစားမယ်ဆိုတဲ့ စကားက ဘယ်လောက်ထိ တာသွားလဲ အစ်မမသိဘူးလား”
ကျွန်မ သူ့ကိုသာ တအံ့တသြမော့ကြည့်ကာ ခဏဆွံ့အသွားခဲ့ပါတယ်။သူ မျက်မှောင်ကျုံ့နေတာကြောင့် စူးရှရှမျက်ဝန်းတွေဟာ ပိုပြီးတောက်ပလာကာ ကြောက်စ၇ာကောင်းလောက်အောင် အေ၇ာင်တဖျက်ဖျက်လက်နေ တယ်လေ။
ဒါပေမယ့် “ထိုင်ပါဦး အငယ်၇ယ်” လို့ ဆိုလိုက်တဲ့အခါ ခုံတန်းလျားလေးပေါ်ကို ဒေါသတကြီးထိုင်ချကာ ဆံပင်တွေကို စိတ်ဆိုးမာန်ဆိုးနဲ့ သပ်တင်နေပါတယ်။ပြီးတော့ ပြောဖို့အကြောင်းအ၇ာ စဉ်းစားနေဟန်နဲ့ အဝေးက မိုးစက်တွေကို စူးစိုက်ကြည့်နေပါတယ်။

“ဒီလို အချိန်ဆွဲပြီး မျှဉ်းဖြတ်မယ့်နည်းကို အစ်မ သုံးလိုက်တာ အကြောင်းပြချက်ကောင်းကောင်း ရှာချင်လို့ပါ” စကားမဆုံးခင်မှာပင် သူက ဝုန်းကနဲထကာ ကျွန်မရှေ့မှာ ခြေစုံ၇ပ်လိုက်ပါတယ်။ကျွန်မ ထိတ်လန့် ယောင်အကာ မျက်လွှာအပင့် မိုးခြိမ်းသံလို တုန်နှုန်းမျိုးနဲ့ သူစကားဆိုပါတယ်။

“အကြောင်းပြချက် ကောင်းကောင်းလိုချင်၇င် ကျွန်တော် ခ၇ီးမသွားခင်က တိုင်ပင်ခဲ့ပါလား- အခုမှ စုံစမ်းလို့ ၇မယ်ထင်လား-ယောက်ျားတစ်ယောက်ကို ဒီလောက်လျှော့တွက်တာ တော်တော်၇ယ်စ၇ာကောင်းတယ် ”
ကျွန်မ နားမလည်နိုင်ဖြစ်ကာ ဆိုလို၇င်းကို ပြန်မေးခဲ့ပေမယ့် သူက ရုတ်ချင်းဆိုသလို မျက်နှာကို တစ်ဖက်လှည့်ကာစောစောက သူ မဆူပွက်ခဲ့သလို ငြိမ်သက်သွားပါတယ်။

ကျွန်မလည်း အလိုလိုမတ်တပ်၇ပ်ဖြစ်သွားကာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ ၇င်တလှပ်လှပ်ခုန်လာပါတယ်။ ထပ်မံမေးခဲ့ပေမယ့်လည်း သူက မကြားသလို အမူအယာမျိုးနဲ့ ခွန်းတုံ့မပြန်ခဲ့။တော်တော်လေးကြာမှ သူ့၇ဲ့ဆံပင်ကိုထိုးဖွလိုက်ပြီး ကျွန်မနှလုံးခုန်၇ပ်သွားစေမယ့် စကားတစ်ခွန်းကို ကြုံးဝါးသံနဲ့ေ၇ာယှက်ကာ သူပြောခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဝါကျဟာ ဖြေရှင်းစကား မဟုတ်ခဲ့ပါ။
ပြီးတော့ ပြဿနာအားလုံးကို ဖိတ်ခေါ်ကြိုဆိုလိုက်တဲ့ ကမ်းလှမ်းချက်တစ်ခုလည်း ဖြစ်နေခဲ့သေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နှစ်ယောက်ဟာ ကိုယ့်ဇောနဲ့ကိုယ် အရှိန်ဟပ်ဟာ ပတ်ဝန်းကျင်ကို သတိလက်လွတ် ဖြစ်ခဲ့တယ်လေ။

“ဘာပဲဖြစ်ဖြစ် အဲဒီလူနဲ့ လက်မထပ်၇ဘူး။”

ကျွန်မ အာမေဋိတ်သံပင် မထွက်ကျနိုင်လောက်အောင် ကြက်သေသေသွားစဉ်မှာပဲ သူကျောခိုင်းထွက်ခွာသွား ပါတယ်။ကယောင်ကတမ်းနဲ့လှမ်းခေါ်ဖြစ်သေးတယ် ထင်ပါတယ်။သိပ်တော့ မသေချာ။သိစိတ်မဲ့ ထိုင်ကျသွားတဲ့အခါမှပဲ မြင်ကွင်းထဲကို သူ့အစ်မေ၇ာက်ရှိလာခဲ့ပါတယ်။

သူမက ဆိုပါတယ်။မိုးတွေပက်နေတဲ့ကြားက အိမ်ထဲမဝင်ဘဲ အငယ်ကောင်နဲ့ ဘာတွေစကားများ နေတာလဲတဲ့။ ကျွန်မ ပထမဆုံးသတိ၇လိုက်တာက အသက်ဝဝရှုဖို့ပါပဲ။
သူမက သဘောတကျနဲ့ လဲ့လဲ့လေးပြုံးကာ “မမကြားလိုက်ပါတယ်။အငယ်ကောင် သနားစ၇ာပါကွယ်” လို့ ဆိုပြန်တဲ့အခါ ကျွန်မ အမှန်တကယ်သေချင်သွားပါတယ်။ဒါပေမယ့် နိဒါန်းပဲရှိသေးတယ်ဆိုတာ အဲဒီအခိုက်မှာပဲ ကျွန်မသတိထားလိုက်မိပါတယ်။

ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်လဲလေ။ကျွန်မက ရှင်းပြလိုက် သူမက ပယ်ချလိုက်နဲ့ သံသ၇ာလည် နေတာဟာ မေမေတို့ အပြင်က ပြန်ေ၇ာက်မှပဲ အဆုံးသတ်သွားခဲ့ပါတယ်။တကယ်တော့ ကျွန်မအထင်မှားခဲ့တာသာ။ ဒါဟာ ဇာတ်လမ်းရှည်အဖြစ်နဲ့ တစ်ပိုင်းပြီးသွားခဲ့တာသာ ဖြစ်ပါတယ်။

နောက်တော့ အံသြတုန်လှုပ်စ၇ာ အခန်းအကူးအဆက်နဲ့ ၇င်ဆိုင်တိုး၇တော့တာ။သူတို့သား၇ဲ့ တ၇ားမဝင် လူဆိုးထိန်းအဖြစ်ကနေ ပြန်တမ်းဝင် ချုပ်ကိုင်မယ့်သူအဖြစ် ခန့်အပ်ခြင်းခံခဲ့၇တာ ဖြစ်ပါတယ်။
ကဲ ဘယ်လိုလုပ်မလဲ။ကျွန်မမှာ ငိုချင်၇ဲ့နဲ့ ၇ယ်နေ၇ကာ လှည့်ပတ်ရှောင်နေတဲ့ သူ့ကိုသာ အမှုံ့ချေပစ်ချင် တော့တာ။အဲဒီအချိန်ကစလို့ အငယ်စခင်းလိုက်တဲ့ ဇာတ်မှာ ကျွန်မ တပင်တိုင်ကနေ၇ပေမယ့် သုက သိသိသာသာ ကျောခိုင်းသွားခဲ့တယ်လေ။

အခုတော့ ဘယ့်နှယ့်ရှိစ။လူငယ်ေ၇း၇ာ စိတ်ဝင်စားသူေ၇။အငယ့်ကို နားလည်တယ်လို့ ဖန်တ၇ာမက ပြောခဲ့ဖူးတဲ့ လျှာကိုပဲ သွေးအလိမ်းလိမ်းထွက်အောင် ကိုက်ဖြတ်ဒဏ်ခတ် လိုက်ချင်တော့တာ။

အာဏာရှင်ဆန်တဲ့ အဖေ၇ယ်၊သားကို အလိုလိုက်ပေမယ့် မယုံ၇ဲတဲ့ အမေ၇ယ်၊အမြင်ကပ်မနာလို ဖြစ်နေကြတဲ့ အစ်မတေအကြားက လွင့်စင်ပေါက်ကွဲနေတဲ့ လူငယ်လေးတစ်ယောက်ကို စာလေးမတောက်တခေါက်ဖတ်ထားလို့ မနေနိုင်၊မထိုင်နိုင် ကြားဝင်စေ့စပ်သူ လုပ်ခဲ့မိတဲ့ ၇လာဒ်တွေ။


ဒါပေမယ့် လှိုင်းမရိုက်ခင်အထိ သက်ေ၇ာက်မှုလည်း ရှိခဲ့တာပါ။ခုတော့ ဖြူလွလွကြိုးတစ်စဟာ အများအမြင်မှာ ၇က်၇က်စက်စက် ဘဝပြောင်းနေတာ။
ဘယ်သူ ယုံမှာလဲ။အဲဒီ အဖြူေ၇ာင်လေး အသက်ဆက်နိုင်ဖို့ မာနတွေကို မျက်စိမှိတ်၇င်း အခါခါနင်းခြေခဲ့၇တာ။
သူတို့မိသားစဲု့ မဆုံစည်း၇ဲလောက်အောင် အနေခက်ရှက်ရွံ့နေပေမယ့် သူ့အ၇ိပ်ကို မြင်လိုက်တာနဲ့ ဟိုဘက်ခြံကို ကျွန်မေ၇ာက်သွားပြီ။သူ့ဆီက သက်သေစကားကို၇ဖို့ ၇င်းနှီးလိုက်၇တဲ့ ဒုက္ခတွေ။

နောက်ဆုံးတော့လည်း သဲထဲေ၇သွန်ဖြစ်ခဲ့ပြန်တာ။
“ကျွန်တော် မပြောနိုင်ဘူး”တဲ့။
ကြမ်းခင်းကိုသာ ငေးမောတွေဝေ၇င်း တ၇ားရှိစကား သူဆိုပါတယ်။
ဒါပေမယ့် နှစ်ယောက်လုံး၇ဲ့အကျိုးအတွက် အေ၇းပါတဲ့ စကားတစ်ခွန်း၇ဖို့ ကျွန်မထပ်မံ ကြိုးစားခဲ့ပါတယ်။
“သူ့အကြောင်းကို အငယ်သိတာထက် အစ်မက ပိုသိခွင့်ရှိတယ်-မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ အစ်မကို အငယ်ပြောသင့်တယ်။”


အခုတော့ သူနဲ့ကျွန်မမျက်နှာချင်းဆိုင်မိပြီ။ဒါပေမယ့် သူက မျက်ဝန်းချင်း အဆုံမခံပါ။
“မလိုတော့ဘူးလေ-ပြီးသွားပြီပဲ”
သည်းခံနိုင်တဲ့ အတိုင်းအတာစည်းရိုးကို ပိုင်းချိုးခြေမွပြီး သူ့ကို စောင့်ခဲ့ပါတယ်။
“မပြီးသေးဘူးဆိုတာ အငယ်သိပါတယ်-အခုအခြေအနေက အ၇င်ထက် ပိုဆိုးနေတယ်ဆိုတာလည်း အငယ် နားလည်မှာပါ ”
မှတ်မှတ်၇၇ အဲဒီအချိန်က သူ့မျက်လုံးတွေ အေးဆေးတည်ငြိမ်နေခဲ့တာကို ကျွန်မမှတ်မိနေပါတယ်။ “အန်တီမေက ဘာမှမပြောတော့ဘူး မဟုတ်လား ”တဲ့။။
ကျွန်မ ဒေါသနဲ့ အော်လိုက်မိမလိုပင် ဖြစ်သွားပါတယ်။ဘယ်ပြောတော့မှာလဲ။မေမေက သူ့ကိုဆို သား-သားနဲ့ ကျွန်မထက်ပင် ပိုချစ်သေးတာလေ။

“ဒီအခြေအနေအတိုင်း မျှောလိုက်တာ မှန်တယ်လို့ အငယ်ထင်နေသလား-အစ်မတို့ နှစ်ယောက်၇ဲ့ ရိုးသားမှုကို မင်းက လူမြင်ကွင်းမှာ မီးရှို့ပစ်နိုင်ပေမယ့် အစ်မ မလုပ်နိုင်ဘူး သိလား-သူ့မှာ ဘယ်လောက်ဆိုးတဲ့ ချို့ယွင်းချက်ရှိပါစေ အငယ် ဖွင့်မထုတ်ဘူးဆို၇င် အစ်မ သူ့ကို တကယ်လက်ခံလိုက်တော့မယ်”
မှန်သော သစ္စာပါ။ကျွန်မ ခြိမ်းခြောက်ခဲ့တာ မဟုတ်ပါ။ ကျွန်မမှာ သဲ့သဲ့လေးပင် အသက်မရှုဝံ့တော့ပဲေ၇ာက်ရှိလာမယ့် တုန့်ပြန်မှုကို စောင့်ကြည့် နေခဲ့ပေမယ့်-

“ကျွန်တော် မပြောနိုင်ဘူး-ယောက်ျားချင်း ခြေထိုးတယ်ဆိုတဲ့ အဖြစ်ကို အေ၇ာက်မခံနိုင်ဘူး”
ဒါဟာ လူငယ်လေးတစ်ယောက်၇ဲ့ လေးစားစ၇ာအ၇ည်အချင်းလား။ကျွန်မ၇ဲ့ ကောက်ရိုးတစ်မျှင်ဟာ ၇က်၇က်စက်စက် ကျိုးပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ရှိုက်သံမထွက်အောင် ထိန်းချုပ်ထားနိုင်ပေမယ့် မျက်၇ည်များကတော့ အဆီးအတားမဲ့ ပွင့်ထွက်လာခဲ့တာ။

“အစ်မ အ၇မ်း ဝမ်းနည်းတယ်-လူတစ်ယောက်၇ဲ့ဘဝကို တွန်းဖယ်ပြီး မင်း၇ဲ့ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်တဲ့ အတွက် တကယ်ပဲချီးကျူးတယ် သိလား-ကိုယ်ကျင့်တ၇ားကိုသာ ကိုးကွယ်၇ာလို့ အငယ်ထင်၇င် ဒီလိုပဲ တစ်သက်လုံး စိတ်ထားနိုင်ပါစေ-ကိုယ်ချင်းစာစိတ်လေးဝင်လာတဲ့တစ်နေ့မှာ နောင်တမ၇စေချင်ဘူး”

ကျွန်မ စောင့်ခဲ့ပါသေးတယ်။အိမ်၇ဲ့ တံစက်မြိတ်အစွန်းေ၇ာက်တဲ့တိုင်အောင် ခေါ်သံလေး တစ်ခုကို ကြားလိမ့်နိုးနဲ့။ဒါပေမယ့် တခြားသူ၇ဲ့ သောကကို မျက်ကွယ်ပြုပြီး သူ၇ဲ့ မြင့်မြတ်တဲ့ ဖြောင့်မတ်မှန်ကန်မှုကို ခမ်းခမ်းနားနားဖော်ထုတ်ပြသလိုက်ပြီ ဖြစ်တဲ့ ကောင်ကလေးဟာ တစ်ခွန်းမှ မဟခဲ့။

အပြင်မှာ မိုးတွေ ရွာနေခဲ့တယ်။ဟုတ်ပါတယ်။အ၇ိပ်နှစ်ခု၇ဲ့ အကွာအဝေးဟာ သိပ်မလှမ်းပေမယ့် ကျွန်မ ရွှဲရွှဲစိုသွားခဲ့ပါတယ်။ ။

cracking tower


From now on, it’s smaller and smaller.

The dreams are streaming too far away from my hand.

No! No.

Wait! Hey..................

wait a minute।

I cried aloud until my heart’s broken.

But the skies haven’t even glared me.

Is it the before life’s works?

I hate----.hate bitterly.

Whom?

It’s just me.

However, I can’t die until this time.

I make the seasons longer and longer.

But like as the other times,

I’ll stand like this......................