29 March 2008

“လူငယ်တစ်ယောက်၇ဲ့ မျက်နှာစာ”

မြင်စဉ်ခဏမှာတော့ ကျွန်မ၇ယ်ချင်နေခဲ့မိတယ်။ အမြဲတစေ ထောင်နေတဲ့ သူ့ဆံပင်ဟာ မိုးေ၇တွေနဲ့ ပြားကပ်နေခဲ့ကာ။ နောက်တော့ ဟန်အပြည့်နဲ့ နေတတ်လွန်းလှတဲ့ သူ့အကြောင်းကို ကောင်းကောင်းသိတဲ့ ကျွန်မ မနေနိုင်ဘဲ ၇ယ်လိုက်မိတော့တာ။

သူကတော့ မပြုံးမ၇ယ် ခပ်တည်တည်နဲ့ လာ၇င်းကိစ္စကို ပြောပါတယ်။
ထိတ်လန့်ဖွယ်မေးခွန်းပုံစံဖြစ်ပေမယ့် ထူးမခြားနားအကြောင်းအ၇ာဖြစ်ကာ ကျွန်မ မတုန်လှုပ်တော့တာ ကြောင့် “မေမေက တပူပူတကျီကျီဆိုတော့ အစ်မလည်း အေးပြီးေ၇ာ စဉ်းစားမယ်လို့ ပြောလိုက်တာပါ ”ဆိုပြီး သက်သက်သာသာပဲ ရှင်းပြနိုင်ခဲ့ပါတယ်။

“စဉ်းစားမယ်ဆိုတဲ့ စကားက ဘယ်လောက်ထိ တာသွားလဲ အစ်မမသိဘူးလား”
ကျွန်မ သူ့ကိုသာ တအံ့တသြမော့ကြည့်ကာ ခဏဆွံ့အသွားခဲ့ပါတယ်။သူ မျက်မှောင်ကျုံ့နေတာကြောင့် စူးရှရှမျက်ဝန်းတွေဟာ ပိုပြီးတောက်ပလာကာ ကြောက်စ၇ာကောင်းလောက်အောင် အေ၇ာင်တဖျက်ဖျက်လက်နေ တယ်လေ။
ဒါပေမယ့် “ထိုင်ပါဦး အငယ်၇ယ်” လို့ ဆိုလိုက်တဲ့အခါ ခုံတန်းလျားလေးပေါ်ကို ဒေါသတကြီးထိုင်ချကာ ဆံပင်တွေကို စိတ်ဆိုးမာန်ဆိုးနဲ့ သပ်တင်နေပါတယ်။ပြီးတော့ ပြောဖို့အကြောင်းအ၇ာ စဉ်းစားနေဟန်နဲ့ အဝေးက မိုးစက်တွေကို စူးစိုက်ကြည့်နေပါတယ်။

“ဒီလို အချိန်ဆွဲပြီး မျှဉ်းဖြတ်မယ့်နည်းကို အစ်မ သုံးလိုက်တာ အကြောင်းပြချက်ကောင်းကောင်း ရှာချင်လို့ပါ” စကားမဆုံးခင်မှာပင် သူက ဝုန်းကနဲထကာ ကျွန်မရှေ့မှာ ခြေစုံ၇ပ်လိုက်ပါတယ်။ကျွန်မ ထိတ်လန့် ယောင်အကာ မျက်လွှာအပင့် မိုးခြိမ်းသံလို တုန်နှုန်းမျိုးနဲ့ သူစကားဆိုပါတယ်။

“အကြောင်းပြချက် ကောင်းကောင်းလိုချင်၇င် ကျွန်တော် ခ၇ီးမသွားခင်က တိုင်ပင်ခဲ့ပါလား- အခုမှ စုံစမ်းလို့ ၇မယ်ထင်လား-ယောက်ျားတစ်ယောက်ကို ဒီလောက်လျှော့တွက်တာ တော်တော်၇ယ်စ၇ာကောင်းတယ် ”
ကျွန်မ နားမလည်နိုင်ဖြစ်ကာ ဆိုလို၇င်းကို ပြန်မေးခဲ့ပေမယ့် သူက ရုတ်ချင်းဆိုသလို မျက်နှာကို တစ်ဖက်လှည့်ကာစောစောက သူ မဆူပွက်ခဲ့သလို ငြိမ်သက်သွားပါတယ်။

ကျွန်မလည်း အလိုလိုမတ်တပ်၇ပ်ဖြစ်သွားကာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ ၇င်တလှပ်လှပ်ခုန်လာပါတယ်။ ထပ်မံမေးခဲ့ပေမယ့်လည်း သူက မကြားသလို အမူအယာမျိုးနဲ့ ခွန်းတုံ့မပြန်ခဲ့။တော်တော်လေးကြာမှ သူ့၇ဲ့ဆံပင်ကိုထိုးဖွလိုက်ပြီး ကျွန်မနှလုံးခုန်၇ပ်သွားစေမယ့် စကားတစ်ခွန်းကို ကြုံးဝါးသံနဲ့ေ၇ာယှက်ကာ သူပြောခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဝါကျဟာ ဖြေရှင်းစကား မဟုတ်ခဲ့ပါ။
ပြီးတော့ ပြဿနာအားလုံးကို ဖိတ်ခေါ်ကြိုဆိုလိုက်တဲ့ ကမ်းလှမ်းချက်တစ်ခုလည်း ဖြစ်နေခဲ့သေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နှစ်ယောက်ဟာ ကိုယ့်ဇောနဲ့ကိုယ် အရှိန်ဟပ်ဟာ ပတ်ဝန်းကျင်ကို သတိလက်လွတ် ဖြစ်ခဲ့တယ်လေ။

“ဘာပဲဖြစ်ဖြစ် အဲဒီလူနဲ့ လက်မထပ်၇ဘူး။”

ကျွန်မ အာမေဋိတ်သံပင် မထွက်ကျနိုင်လောက်အောင် ကြက်သေသေသွားစဉ်မှာပဲ သူကျောခိုင်းထွက်ခွာသွား ပါတယ်။ကယောင်ကတမ်းနဲ့လှမ်းခေါ်ဖြစ်သေးတယ် ထင်ပါတယ်။သိပ်တော့ မသေချာ။သိစိတ်မဲ့ ထိုင်ကျသွားတဲ့အခါမှပဲ မြင်ကွင်းထဲကို သူ့အစ်မေ၇ာက်ရှိလာခဲ့ပါတယ်။

သူမက ဆိုပါတယ်။မိုးတွေပက်နေတဲ့ကြားက အိမ်ထဲမဝင်ဘဲ အငယ်ကောင်နဲ့ ဘာတွေစကားများ နေတာလဲတဲ့။ ကျွန်မ ပထမဆုံးသတိ၇လိုက်တာက အသက်ဝဝရှုဖို့ပါပဲ။
သူမက သဘောတကျနဲ့ လဲ့လဲ့လေးပြုံးကာ “မမကြားလိုက်ပါတယ်။အငယ်ကောင် သနားစ၇ာပါကွယ်” လို့ ဆိုပြန်တဲ့အခါ ကျွန်မ အမှန်တကယ်သေချင်သွားပါတယ်။ဒါပေမယ့် နိဒါန်းပဲရှိသေးတယ်ဆိုတာ အဲဒီအခိုက်မှာပဲ ကျွန်မသတိထားလိုက်မိပါတယ်။

ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်လဲလေ။ကျွန်မက ရှင်းပြလိုက် သူမက ပယ်ချလိုက်နဲ့ သံသ၇ာလည် နေတာဟာ မေမေတို့ အပြင်က ပြန်ေ၇ာက်မှပဲ အဆုံးသတ်သွားခဲ့ပါတယ်။တကယ်တော့ ကျွန်မအထင်မှားခဲ့တာသာ။ ဒါဟာ ဇာတ်လမ်းရှည်အဖြစ်နဲ့ တစ်ပိုင်းပြီးသွားခဲ့တာသာ ဖြစ်ပါတယ်။

နောက်တော့ အံသြတုန်လှုပ်စ၇ာ အခန်းအကူးအဆက်နဲ့ ၇င်ဆိုင်တိုး၇တော့တာ။သူတို့သား၇ဲ့ တ၇ားမဝင် လူဆိုးထိန်းအဖြစ်ကနေ ပြန်တမ်းဝင် ချုပ်ကိုင်မယ့်သူအဖြစ် ခန့်အပ်ခြင်းခံခဲ့၇တာ ဖြစ်ပါတယ်။
ကဲ ဘယ်လိုလုပ်မလဲ။ကျွန်မမှာ ငိုချင်၇ဲ့နဲ့ ၇ယ်နေ၇ကာ လှည့်ပတ်ရှောင်နေတဲ့ သူ့ကိုသာ အမှုံ့ချေပစ်ချင် တော့တာ။အဲဒီအချိန်ကစလို့ အငယ်စခင်းလိုက်တဲ့ ဇာတ်မှာ ကျွန်မ တပင်တိုင်ကနေ၇ပေမယ့် သုက သိသိသာသာ ကျောခိုင်းသွားခဲ့တယ်လေ။

အခုတော့ ဘယ့်နှယ့်ရှိစ။လူငယ်ေ၇း၇ာ စိတ်ဝင်စားသူေ၇။အငယ့်ကို နားလည်တယ်လို့ ဖန်တ၇ာမက ပြောခဲ့ဖူးတဲ့ လျှာကိုပဲ သွေးအလိမ်းလိမ်းထွက်အောင် ကိုက်ဖြတ်ဒဏ်ခတ် လိုက်ချင်တော့တာ။

အာဏာရှင်ဆန်တဲ့ အဖေ၇ယ်၊သားကို အလိုလိုက်ပေမယ့် မယုံ၇ဲတဲ့ အမေ၇ယ်၊အမြင်ကပ်မနာလို ဖြစ်နေကြတဲ့ အစ်မတေအကြားက လွင့်စင်ပေါက်ကွဲနေတဲ့ လူငယ်လေးတစ်ယောက်ကို စာလေးမတောက်တခေါက်ဖတ်ထားလို့ မနေနိုင်၊မထိုင်နိုင် ကြားဝင်စေ့စပ်သူ လုပ်ခဲ့မိတဲ့ ၇လာဒ်တွေ။


ဒါပေမယ့် လှိုင်းမရိုက်ခင်အထိ သက်ေ၇ာက်မှုလည်း ရှိခဲ့တာပါ။ခုတော့ ဖြူလွလွကြိုးတစ်စဟာ အများအမြင်မှာ ၇က်၇က်စက်စက် ဘဝပြောင်းနေတာ။
ဘယ်သူ ယုံမှာလဲ။အဲဒီ အဖြူေ၇ာင်လေး အသက်ဆက်နိုင်ဖို့ မာနတွေကို မျက်စိမှိတ်၇င်း အခါခါနင်းခြေခဲ့၇တာ။
သူတို့မိသားစဲု့ မဆုံစည်း၇ဲလောက်အောင် အနေခက်ရှက်ရွံ့နေပေမယ့် သူ့အ၇ိပ်ကို မြင်လိုက်တာနဲ့ ဟိုဘက်ခြံကို ကျွန်မေ၇ာက်သွားပြီ။သူ့ဆီက သက်သေစကားကို၇ဖို့ ၇င်းနှီးလိုက်၇တဲ့ ဒုက္ခတွေ။

နောက်ဆုံးတော့လည်း သဲထဲေ၇သွန်ဖြစ်ခဲ့ပြန်တာ။
“ကျွန်တော် မပြောနိုင်ဘူး”တဲ့။
ကြမ်းခင်းကိုသာ ငေးမောတွေဝေ၇င်း တ၇ားရှိစကား သူဆိုပါတယ်။
ဒါပေမယ့် နှစ်ယောက်လုံး၇ဲ့အကျိုးအတွက် အေ၇းပါတဲ့ စကားတစ်ခွန်း၇ဖို့ ကျွန်မထပ်မံ ကြိုးစားခဲ့ပါတယ်။
“သူ့အကြောင်းကို အငယ်သိတာထက် အစ်မက ပိုသိခွင့်ရှိတယ်-မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ အစ်မကို အငယ်ပြောသင့်တယ်။”


အခုတော့ သူနဲ့ကျွန်မမျက်နှာချင်းဆိုင်မိပြီ။ဒါပေမယ့် သူက မျက်ဝန်းချင်း အဆုံမခံပါ။
“မလိုတော့ဘူးလေ-ပြီးသွားပြီပဲ”
သည်းခံနိုင်တဲ့ အတိုင်းအတာစည်းရိုးကို ပိုင်းချိုးခြေမွပြီး သူ့ကို စောင့်ခဲ့ပါတယ်။
“မပြီးသေးဘူးဆိုတာ အငယ်သိပါတယ်-အခုအခြေအနေက အ၇င်ထက် ပိုဆိုးနေတယ်ဆိုတာလည်း အငယ် နားလည်မှာပါ ”
မှတ်မှတ်၇၇ အဲဒီအချိန်က သူ့မျက်လုံးတွေ အေးဆေးတည်ငြိမ်နေခဲ့တာကို ကျွန်မမှတ်မိနေပါတယ်။ “အန်တီမေက ဘာမှမပြောတော့ဘူး မဟုတ်လား ”တဲ့။။
ကျွန်မ ဒေါသနဲ့ အော်လိုက်မိမလိုပင် ဖြစ်သွားပါတယ်။ဘယ်ပြောတော့မှာလဲ။မေမေက သူ့ကိုဆို သား-သားနဲ့ ကျွန်မထက်ပင် ပိုချစ်သေးတာလေ။

“ဒီအခြေအနေအတိုင်း မျှောလိုက်တာ မှန်တယ်လို့ အငယ်ထင်နေသလား-အစ်မတို့ နှစ်ယောက်၇ဲ့ ရိုးသားမှုကို မင်းက လူမြင်ကွင်းမှာ မီးရှို့ပစ်နိုင်ပေမယ့် အစ်မ မလုပ်နိုင်ဘူး သိလား-သူ့မှာ ဘယ်လောက်ဆိုးတဲ့ ချို့ယွင်းချက်ရှိပါစေ အငယ် ဖွင့်မထုတ်ဘူးဆို၇င် အစ်မ သူ့ကို တကယ်လက်ခံလိုက်တော့မယ်”
မှန်သော သစ္စာပါ။ကျွန်မ ခြိမ်းခြောက်ခဲ့တာ မဟုတ်ပါ။ ကျွန်မမှာ သဲ့သဲ့လေးပင် အသက်မရှုဝံ့တော့ပဲေ၇ာက်ရှိလာမယ့် တုန့်ပြန်မှုကို စောင့်ကြည့် နေခဲ့ပေမယ့်-

“ကျွန်တော် မပြောနိုင်ဘူး-ယောက်ျားချင်း ခြေထိုးတယ်ဆိုတဲ့ အဖြစ်ကို အေ၇ာက်မခံနိုင်ဘူး”
ဒါဟာ လူငယ်လေးတစ်ယောက်၇ဲ့ လေးစားစ၇ာအ၇ည်အချင်းလား။ကျွန်မ၇ဲ့ ကောက်ရိုးတစ်မျှင်ဟာ ၇က်၇က်စက်စက် ကျိုးပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ရှိုက်သံမထွက်အောင် ထိန်းချုပ်ထားနိုင်ပေမယ့် မျက်၇ည်များကတော့ အဆီးအတားမဲ့ ပွင့်ထွက်လာခဲ့တာ။

“အစ်မ အ၇မ်း ဝမ်းနည်းတယ်-လူတစ်ယောက်၇ဲ့ဘဝကို တွန်းဖယ်ပြီး မင်း၇ဲ့ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်တဲ့ အတွက် တကယ်ပဲချီးကျူးတယ် သိလား-ကိုယ်ကျင့်တ၇ားကိုသာ ကိုးကွယ်၇ာလို့ အငယ်ထင်၇င် ဒီလိုပဲ တစ်သက်လုံး စိတ်ထားနိုင်ပါစေ-ကိုယ်ချင်းစာစိတ်လေးဝင်လာတဲ့တစ်နေ့မှာ နောင်တမ၇စေချင်ဘူး”

ကျွန်မ စောင့်ခဲ့ပါသေးတယ်။အိမ်၇ဲ့ တံစက်မြိတ်အစွန်းေ၇ာက်တဲ့တိုင်အောင် ခေါ်သံလေး တစ်ခုကို ကြားလိမ့်နိုးနဲ့။ဒါပေမယ့် တခြားသူ၇ဲ့ သောကကို မျက်ကွယ်ပြုပြီး သူ၇ဲ့ မြင့်မြတ်တဲ့ ဖြောင့်မတ်မှန်ကန်မှုကို ခမ်းခမ်းနားနားဖော်ထုတ်ပြသလိုက်ပြီ ဖြစ်တဲ့ ကောင်ကလေးဟာ တစ်ခွန်းမှ မဟခဲ့။

အပြင်မှာ မိုးတွေ ရွာနေခဲ့တယ်။ဟုတ်ပါတယ်။အ၇ိပ်နှစ်ခု၇ဲ့ အကွာအဝေးဟာ သိပ်မလှမ်းပေမယ့် ကျွန်မ ရွှဲရွှဲစိုသွားခဲ့ပါတယ်။ ။

ကြယ်လွဲမိုး

အဲဒီအချိန်က ငွေကလွဲပြီး ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘဲ ငြီးငွေ့စိတ်တိုနေတဲ့ အချိန်ပေါ့။
မနက်ကျရင် စာဖတ်မယ်။တစ်ခါတစ်လေ ကျောင်းသွားမယ်။ညနေကျ၇င် ဆေးခန်းသွားတယ်။ အဲဒီလို ကေသရာဇာပုံရိပ်တွေသာ အာရုံမှာ ထင်နေချိန် သူတို့က ကျွန်တော့်မျက်စိ ရှေ့အောက် ရောက်လာခဲ့တယ်။


မျက်နှာချင်းဆိုင်တိုက်ခန်းကို ပြောင်းလာတာပါ။
ရှေ့သွားနောက်လိုက် ဘယ်လိုမှ မညီတဲ့ စုံတွဲဗျ။
ယောက်ျားက အသားဖြူဖြူအရပ်မြင့်မြင့် ။အမျိုးသမီးက အရပ်နိမ့်နိမ့်အသားညိုညို။ပိုဆိုးတာက အမျိုးသမီးက ပိုပြီး တော်တော်လေး အသက်ကြီးနေတာပဲ။
ကိုယ့်ထက်အသက်ငယ်တဲ့သူကို ယူထားတဲ့ မိန်းမတွေဆို ပတ်ဝန်းကျင်က အလိုလိုအထင်သေးတတ်သလို ကျွန်တော်လည်း ကြည့်မရတတ်ဘူး။

ဒါပေမယ့် သူမကျတော့ သိပ်မကြာခင်မှာပဲ အဲဒီဓာတ်ခံက မှေးမှိန်ပျောက်ကွယ်သွားတယ်ဗျ။ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးမို့လို့ ထင်ပါရဲ့။
ရောက်ရောက်ချင်း မိတ်ဖွဲ့ခဲ့ပေမယ့် ယောက်ျားက ကွန်ပျူတာကျွမ်းကျင်သူ ဆိုတာ၇ယ်လောက်ပဲ သိပြီး ဒီထက်ပိုပြီး မကျွမ်းဝင်ခဲ့ပါဘူး။

သူတို့နဲ့ကျွန်တော်ခင်မင်လာပုံကတော့ ရိုးလွန်းပါတယ်။ အတော်လေးဂဂျီဂဂျောင်ကျတဲ့ ကျွန်တော့်ကွန်ပျူတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းတော့ ကျွန်တော့်ကွန်ပျူတာရော၊ဘွဲ့လွန်စာတမ်းရော အဲဒီလူလက်ထဲပဲ အပ်ထားလိုက်တော့တယ်။သူ့ရဲ့ မျက်နှာက ခပ်ထန်ထန်ကြွပ်ဆပ်ဆပ်ပေမယ့် ခင်မင်ကူညီတတ်တဲ့ သူပါပဲ။

သူ့မျက်နှာမာမာက သူ့မိန်းမနဲ့ဆုံတဲ့အခါ လေလျော့သွားသလို ပျော့သွားတတ်တာဟာ တစ်ချို့လူတွေအတွက် ဟားစရာအကြောင်းအရာဖြစ်နေမလားဘဲ။ဒါပေမယ့် အံ့သြစရာကောင်းတာက အဲဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်နေတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအမျိုးသမီး၇ဲ့ သူ့ယောက်ျားပေါ် ဆက်ဆံပုံက (ကျွန်တော့်အမြင်မှာ) သိပ်ကိုထူးခြားနေတယ်။ ကိုယ့်ထက်ငယ်တဲ့သူမို့ အလျော့ပေးချော့မော့ဆက်ဆံတာမျိုးလည်း မဟုတ်ဘူး။
ဘယ်လိုပြော၇မလဲ ဆိုတော့ -အင်း- သူမ၇ဲ့ အမူအ၇ာတိုင်းမှာ အဲဒီလူအပေါ်ထားတဲ့ မေတ္တာ၊စေတနာတွေဟာ အလိုက်သင့်ကို ပျော်ဝင်နေတာဗျ။ခေါ်သံကိုကအစ တခြားလူနဲ့ မတူဘူး။ခေါ်တာကတော့ ရိုးရိုးပါပဲ။အဲဒီလူ၇ဲ့ အီမ်နာမည်“ ခေးခေး” တဲ့။

အဲ့ဒီခေါ်သံကြားတိုင်း ဘာဖြစ်လို့မှန်းမသိဘူး။ ကျွန်တော့်အမေကို ပြေး-ပြေးပြီး သတိ၇မိတယ်။တစ်ခါတော့ မနေနိုင်လွန်းလို့ စသလို နောက်သလိုနဲ့ စပ်စုဖြစ်တယ်။

“ကလေးလို့ ခေါ်၇င်း မြန်လွန်းလို့ ခေးဖြစ်သွားတာ ထင်တယ်။”
သူကအလိုက်သင့်၇ယ်၇င်း “ကျွန့်တော့်အိမ်နာမည်ကိုက ခေးခေးပါ။ပြီးတော့ နီလေးက ကျွန်တော့်ထက် လေးနှစ်ပဲကြီးတာ” လို့ ပြန်ဖြေတော့ ကျွန်တော် တကယ်ပဲ အားနာသွားတယ်။

သူမကိုလည်း သနားသွားမိတယ်။တကယ်ပါ။ ကျွန်တော်က ဆယ်နှစ်လောက် ကွာတယ်လို့ ထင်ခဲ့တာ။အားလုံးလည်း ဒီလိုပဲ ထင်ကြမှာပဲ။

ပြော၇မယ်ဆို သူ နောက်နေတာတွေကို ကျွန်တော့်နားထဲမှာ စွဲနေတာလည်း ပါတယ်။သူက သူမကိုဆို
“လှလည်း မလှဘူး။ဝနေပြီ။အသက်ကလည်း ကြီးသေး။အ၇ပ်ကလည်း ပုလိုက်တာ။”ဆိုပြီး အမြဲတမ်း စနေတာဗျ။
ကျွန်တော်ကတော့ ဘေးက ထိုင်၇ယ်တဲ့ သူပေါ့။

သူမက ဒေါသထွက်၇င် ကလေးလေးနဲ့ တကယ်တူတယ်ဗျ။ပါးစပ်ကတော့ ဘာမှမပြောဘူး။ ပါးကသာ ပို-ပိုဖောင်းလာပြီး ၇ယ်စ၇ာအ၇မ်းကောင်းတာ။
တစ်ခါတစ်လေဆို ကျွန်တော်ပါဝင်ပြီး စ-လိုက်သေးတာ။

သူနဲ့ကျွန်တော်နဲ့က နေ့ခင်းနေ့လည် စစ်တု၇င်ကစားဖော်ကစားဖက်၊ည ဘီယာသောက်ဖော်သောက်ဖက် ဖြစ်နေပြီလေ။အဲဒီလို တွဲပါများတော့ တစ်ခါတစ်လေကိုယ့်နေ၇ာ ကိုယ်မေ့သလို ဖြစ်လာတယ်။
ပြော၇မယ်ဆို ၇ယ်တော့ ၇ယ်စ၇ာကောင်းတယ်ဗျ။ဒါပေမယ့် တကယ်ခံ၇တဲ့သူအဖို့တော့ တော်တော်အောင့်သက်သက်နိုင်တဲ့ ကိစ္စဖြစ်နေတယ်။

အဲဒီမိန်းမ၇ဲ့ အပြုအမူ၊အပြောအဆိုတွေက -လူနှစ်ယောက် ယှဉ်ထိုင်နေတာချင်းအတူတူ တစ်ယောက်ကိုကျ မေတ္တာကရုဏာတွေနဲ့။နောက်တစ်ယောက်ကျတော့ ခံစားချက်မဲ့တဲ့ ဗလာနဲ့။
အဲဒီလို ကြုံ၇တိုင်း မြင်၇တိုင်း ကျွန်တော့်မှာ ဘာမှန်းမသိ ဒေါသထွက်၇။ ၇ည်းစားဆီသွားတော့လည်း ကြားချင်တဲ့ အသံမျိုးမကြား၇တော့ စိတ်တို၇။

တကယ်တော့ ကျွန်တော့်၇ည်းစားကလည်း ကျွန်တော့်အကြိုက် တကယ့်လက်ရွေးစင်ပါပဲ။ မိန်းကလေးပီပီသသ၊ဆံပင်ရှည်ရှည်၊လှလှပပ၊ထက်ထက်မြက်မြက်၊ပြီးတော့ ဖြူဖြူစင်စင်ကလေး။
ကျွန်တော့်ကိုလည်း သိပ်ဂရုစိုက်ပါတယ်။အပြစ်ပြောစ၇ာဆိုလို့ ၇င်ဘတ်ထဲကအသံ မကြား၇တာဘဲ ရှိတယ်။

ဒီလိုနဲ့ ကျွန်တော်ေ၇ာဂါအခြေအနေ တစ်နေ့တခြားဆိုးလာတော့တာပဲ။ဒါပေမယ့် အဆိုးဆုံးအခြေအနေေ၇ာက်လာတာကတော့ ကျွန်တော့်ကြောင့် မဟုတ်ဘူး။ဟိုလူ့ကြောင့်ဗျ။ အူရောင်ငန်းဖျားဖြစ်ပြီး သူ အိပ်၇ာထဲ လဲတယ်လေ။

ပြောဖို့တောင် မလိုဘူးထင်ပါ၇ဲ့ဗျာ။သူမ၇ဲ့ ယုယကြင်နာမှုတွေက အတိုင်းထက် အလွန်ဖြစ်နေတာ။
ကျွန်တော် မနာလို ဖြစ်နေတာ မဟုတ်ပါဘူး။မုဒိတာ မပွားနိုင်တာလို့ပဲ ကိုယ့်ကိုကိုယ် သုံးသပ်တယ်။
အဲဒီမှတ်ချက်က ခင်ဗျားတို့အတွက် ဟားစ၇ာပေါ့။ဒါပေမယ့် မတတ်နိုင်ဘူး။လူဆိုတာ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်၇မယ် မဟုတ်လား။

တ၇ားခံကတော့ သူမပေါ့ဗျာ။လူနာကို မမြင်ဘဲ သူမကိုပဲတွေ့၇င် မလွဲမသွေ သေလုမျောပါးဖြစ်နေတယ်လို့ ထင်မှာပဲ။အသံကတင် ကိုယ်ချင်းစာပြီး လှိုက်ခါတုန်၇ီနေတဲ့ ကရုဏာသံ။
သြပြီး ချိုလည်း မချို၊ဖွဲ့ဖွဲ့နွဲ့နွဲ့လည်း မရှိတဲ့ အဲဒီအသံကြောင့်ပဲ ကျွန်တော့်မှာ ထိထိခိုက်ခိုက် ကြေကွဲနာကျင်၇တယ်။

နောက်ဆုံးတော့ မတတ်နိုင်တော့ဘူးဗျ။တံတွေးကို မျိုချပြီး ခပ်တည်တည်ပဲ လိမ်ပစ်လိုက်တယ်။
“ကျွန်တော်လည်း နေမကောင်းဖြစ်နေတာ။”
နှစ်ယောက်စလုံး အံ့သြသွားပုံပဲ။အားနာစကားကို ပြိုင်တူဆိုကြတယ်။သူမက ထပ်ဆင့်ပြီး ကျွန်တော် ဘာစားချင်လဲ။သူဘာလုပ်ပေး၇မလဲ လို့ ပြောတော့ ကျွန်တော်ပျော်လွန်းလို့ မထိန်းနိုင်မသိမ်းနိုင် ပြုံးမိသွားတယ်။

ပြီးတော့လည်း“ ၇ပါတယ်။အထွေအထူးမဟုတ်ပါဘူး။ကိုနိုင်လို့ပဲ လုပ်ပေးပါ”လို့ အာသွက်လျှာသွက် ပြောမိပြန်တယ်။နောက်တော့ ထုံးစံအတိုင်းပဲ စိတ်ပျက်လက်ပျက်ရှက်ရွံ၇ပြန်ေ၇ာ။
မဖြစ်ဘူး။ဒီအခန်းက မြန်မြန်ခွာမှ ဖြစ်တော့မယ်။

ပုန်ကန်ထကြွနေတဲ့ ၇င်ဘတ်ထဲက အကောင်ကို အနိုင်နိုင်ထိန်းပြီး လမ်းပေါ်လိမ့်မယ် ကြံမိသေးတယ်။
အမှန်ပဲ ကျွန်တော့်မှာ ကိုယ်ခံအားအတော်နည်းနေပြီ။သူမနဲ့ မျက်နှာချင်း မဆိုင်နိုင်တော့ဘူး။၇င်ခုန်၇မှာကို သေ၇မလောက် ကြောက်နေပြီ။
မဟုတ်သေးပါဘူး။နေမကောင်းဘူးလို့ ပြောထားတယ်မဟုတ်လား။
အခန်းကျဉ်းထဲမှာ ခြောက်ခြားသွေးပျက်ပြီး ထပ်ပြီး မြင်ကြား၇မှာ ထိတ်လန့်နေပေမယ့် တံခါးခေါက်သံကြား ၇တော့လည်း အမြန်ဆုံးထမိပြန်ေ၇ာ။

ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးအပြုံးနဲ့ စိတ်မချမ်းသာဆုံးလူတစ်ယောက်ဟာ တံခါးကို ဖွင့်ပြီး ၇ပ်မိပြန်ေ၇ာ။
ဘာမှ မသိရှာတဲ့ သူမကတော့ ကြင်ကြင်နာနာပြုံးပြရှာတယ်။ကျွန်တော်ကလည်း အဲဒီအပြုံးမှာ ဖျတ်ဖျတ်လူး၇ပြန်တယ်။

ဒါပေမယ့် ခင်ဗျားတို့ မျှော်လင့်သလိုပဲ ကိုယ့်သေတွင်း ကိုယ်တူးနေမိတဲ့အဖြစ်ကို ကျွန်တော်၇ပ်တန့်ပစ်နိုင်ခဲ့ပါတယ်။

အဲဒီအခိုက်မှာပဲ ဆုံးဖြတ်ချက်ချခဲ့တာ။ကျွန်တော်ပြန်တော့မယ်။ကျွန်တော် တာဝန်ကျတဲ့ နယ်မြို့လေးဆီကို။ အချိန်ဆွဲထားတဲ့ ဘွဲ့လွန်စာတမ်းကို မြန်မြန်ဖြတ်ပြီး ပြေးတော့မယ်။
အဝေးဆုံး။
ပုံ၇ိပ်များဆီက လွတ်မြောက်၇ာ။

ဒါပေမယ့် ကျွန်တော့်မှာ သမီးလေး၇ခဲ့၇င်တော့ နီလေးလို့ နာမည်ပေးမယ်။ကျွန်တော့်နာမည်လည်း ပါ၇မှာပေါ့ဗျာ။
နောက်ဆုံးတော့ ခင်ဗျားတို့ ၇ဲ့ ၇ယ်စ၇ာပုံပြင်လေးဟာ ပြီးသွားပါပြီ။
ကျွန်တော်လည်း နောင်တစ်ချိန်မှာ ပေါ့ပေါ့ပါးပါး၇ယ်နိုင်လိမ့်မယ်။

အခုတော့ ကိုယ့်အဖြစ်ကိုကိုယ် လှောင်ပြောင်သေ၇ာ်ဖို့ ကြိုးစားလိုက်တာနဲ့ ၇င်ဘတ်ထဲက အောင့်လာတာ ဆိုးတယ်။




cracking tower


From now on, it’s smaller and smaller.

The dreams are streaming too far away from my hand.

No! No.

Wait! Hey..................

wait a minute।

I cried aloud until my heart’s broken.

But the skies haven’t even glared me.

Is it the before life’s works?

I hate----.hate bitterly.

Whom?

It’s just me.

However, I can’t die until this time.

I make the seasons longer and longer.

But like as the other times,

I’ll stand like this......................