ရင်ခုန်သံကို
ပုံတူကူးလည်း အရိပ်ကို
ဖျောက်လို့ မရဘူး။
ဦးနှောက်ကို အသင့်နှိုက်စားနေလည်း အမြင်ကန်းတာကို မဖုံးနိုင်ဘူး။
ဦးနှောက်ကို အသင့်နှိုက်စားနေလည်း အမြင်ကန်းတာကို မဖုံးနိုင်ဘူး။
နှလုံးသွေးကို
ခိုးစုပ်ထားလည်း သွေးညှီနံ့ မပယ်နိုင်ဘူး။
ကျေးဇူးပြုပြီး နားလိုက်ဦး။
မြေလျှိုးသွားလည်း ခြေရာတော့ ကျန်ခဲ့တယ်။
ကျေးဇူးပြုပြီး နားလိုက်ဦး။
မြေလျှိုးသွားလည်း ခြေရာတော့ ကျန်ခဲ့တယ်။
နှလုံးဖြူနဲ့  တောင်းပန်ချင်ရဲ့ ...
ချစ်တဲ့သူဝေနေယျတွေ စိတ်တော့မရှိနဲ့ ရယ်။
ကျွန်မလိုပဲ ရှင်တို့ လည်း ထိရှခဲ့ဖူးမယ်။ ။
14 comments:
ထိရှခဲ့တယ်။ နာကျင်မယ်။ ခွင့်လွှတ်လိုက်တော့ ငြိမ်းချမ်းတယ်။ မယ်ကိုးရဲ့ မေတ္တာစာမှာ ခဏ လာနားတယ်။ ကဗျာတွေ စုပ်ရင်းပေါ့။
မှန်လိုက်လေ..မ..ရယ်....
သိပ်ကိုဘဲထိရှခဲ့ဘူးတာပေါ့...............
ကဗျာလေးကိုစွဲသွားတယ်.........
ဟာ ဟ ကျေးဇူး ကြိုက်တယ် .............
အခုတလော ဆက်တိုက် လွမ်းမလား စဉ်းစားနေတယ်
ဆက်လွမ်းခွင်. ရှိ ရင်ပေါ.........
မေတ္တာစာမှာ မေတ္တာသက်ဝင်သွားမိပြီ :)
ရင်ခုန်သံကို ပုံတူကူးလို့  ရမယ်...
အရိပ်ကို ဖျောက်လို့ မရဘူး။
ဦးနှောက်ကို အသင့်နှိုက်စားလို့ ရတယ်...
နှလုံးသွေးကို ခိုးစုပ်လို့  မရဘူး။
ဟုတ်တယ်ဗျ...
စဉ်းစားစရာလေးတွေ ရသွားတယ်။
“နှလုံးဖြူနဲ့  တောင်းပန်ချင်ရဲ့ ...
ချစ်တဲ့သူဝေနေယျတွေ
စိတ်တော့မရှိနဲ့ ရယ်။
ကျွန်မလိုပဲ
ရှင်တို့ လည်း ထိရှခဲ့ဖူးမယ်။ ”
သိပ်မရေးဖွဲ့တတ်ပေမယ့် အဲဒီအဖွဲ့လေးကတော့ စွဲစေတယ်။
နောက်ဆုံးအပိုဒ်လေးကိုကြိုက်တယ်
ထိရှခဲ့ဖူးတာပေါ့ဗျာ၊
ဒီကဗျာလေးက မူကွဲလေးနော်
မူကွဲလေးတဲ့လား...
လူတိုင်းလိုလို ကြုံဖူးတော့ ရေးဖြစ်ခဲ့..ရေးဖြစ်ကြလိမ့်ဦးမယ် ထင်ရဲ့ နော်။
ထိရှဖူးတာမှ အလီလီမို့ ဒီကဗျာကို နှစ်သက်မိကြောင်း..
ပာူးးးးးးး မောတယ် ...............
ညီမလေးရေ ..ခံစားမှု အပိုင်းအစလေး မျှဝေခံစားသွားတယ်နော် ... :)
အွန်လိုင်း စာရေးသူတိုင်းကြုံတွေ့ဖူးတဲ့ ပြသနာလေးတစ်ခုပါ...မယ့်ကိုးက ခုလိုမေတ္တာစာလေးနဲ့ လှလှပပထိထိရှရှဖွဲ့လိုက်တော့ ပိုထိသွားတာပေါ့..။
ချစ်တဲ့သူဝေနေယျတွေ စိတ်တော့မရှိနဲ့ ရယ်။
ကျွန်မလိုပဲ ရှင်တို့ လည်း ထိရှခဲ့ဖူးမယ်။ ။
အဲ့အသုံးအနှုန်းလေး ကြိုက်တယ်..။
Post a Comment