01 May 2009

“လျှောစောက်တစ်ခုမှာ”


ရယ်စရာ...
ပသာဒဆိုတာ ကြည်နူးစရာတဲ့လား...  
အလင်းကွယ်နေခဲ့တာ အသင်္ချာ။
ငြင်းပယ်ခံအာရုံနဲ့   သတိထားနားထောင်ကြည့်တဲ့အခါ...
ချော်ရည်ပြာပူ အောက်က  သေလုမျောပါး နှလုံးခုန်သံတွေ။

အဝေးက တောင်တန်းတွေမှာ အခွံပျက်တေးသွားနဲ့  “ငါ ”ဆိုတာကို လိုက်ရှာလည်း...

ကျွန်မအရိပ်က ခနိုးခနဲ့  ရယ်တော့ ကြေကွဲလို့ မဆုံးတယ် ။ ။


3 comments:

Bino said...

ကျွန်မအရိပ်က ခနိုးခနဲ့  ရယ်တော့
ကြေကွဲလို့ မဆုံးတယ် ။ ။

Is it wide meaning?
-Unsatisfactory of your pass activities
-You made everything by positive mind, but getting result is opposite way
-Regret for all due to evolved yours.

Your mean is more than I can say.

ကောင်းကင်ကို said...

ကဗျာလေးဖတ်ပြီး လိုက်ကြေကွဲသွားတယ်။

ငှက်ကလေး said...

ညီမ နဲနဲတော့ ခံစားတတ်တယ် ဒါပေမယ့်  အကုန်လုံးတော့ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ညီမ ကဗျာဥာဏ်ပိန်းလို့ ခွီးခွီး