05 May 2009

“မျဉ်းကျဉ်းများ အကြား”

ရွှေတံစိုးနဲ့  လာဘ်မထိုးတတ်တာကြောင့်
ကောင်းကင်ကြိုးပြတ်ခဲ့ရသူပါ။


နှင်းထုကို ဓားစာခံပြီး
မြို့ တော်ဟာ
ခြေရာဖျောက်ဖို့  ကြံဆောင်ချိန် ...
အိပ်မက်ဟာ စိတ္တဇနာမ်လို့ 

ရွတ်ဆိုတော့
ကျွန်မရဲ့ ပြာတွေ တဟားဟားရယ်ကြတယ်။

အဖတ်မဆည်နိုင်တဲ့ ပရမတ်တွေနဲ့ 
လိုက်လျောညီထွေ လရောင်ရေ...
ကွက်ကျားအလင်းဝှက်တွေကို
ဘယ်အတွက် မျက်လှည့်ပြ

သိပ်ရက်စက်လွန်းလှရဲ့။ ... ။


6 comments:

နေဒေးသစ် said...

ကဗျာတွေကို ခံစားနိုင်ဖို့ ကျွန်တော်သိပ်မရင့်ကျက်သေးဘူးလို့ ထင်တာပဲ .. ဒါပေမယ့် ကဗျာတွေထဲက အတွဲလှတဲ့ မြန်မာစကားလုံးလေးတွေကို တွေ့ရင်တော့ အမှတ်တရအနေနဲ့ သိမ်းထားတတ်ခဲ့တယ်။ နောက်တစ်ချိန်မှာ ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင်မှုပြုပြီး သုံးဖို့လွယ်အောင်လို့ပေါ့။ ဒီကဗျာလေးတွေထဲက ကျွန်တော် ဒီ စကားလုံးတွဲလေးတွေကိုကြိုက်တယ် ....
- ကောင်းကင်ကြိုးပြတ်
- ကွက်ကျားအလင်းဝှက်
အဓိပ္ပါယ် မသိပေမယ့် အသုံးလှတဲ့ ဒီစကားကိုလည်း ကြိုက်တယ်။
- ကျွန်မရဲ့ ပြာတွေ တဟားဟားရယ်
- အဖတ်မဆည်နိုင်တဲ့ ပရမတ်
ကဗျာလေးကို ဖတ်ရင်း မျဉ်းကြားတွေရဲ့ အကြားမှာ ခပ်ဖျော့ဖျော့ စီးမျောခဲ့ပါတယ်။

minneain said...

လာပါတယ်၊ ဖတ်ပါတယ်၊ ခေါင်းစဉ်ကိုမြင်တော့ မျဉ်းကြားတွေရဲ့ကြားမှာ လို. မျက်စိလျှမ်းပြီး လမ်းကူးတဲ့ ကဗျာထင်လို. ... ဟာဟ စတာနော် .....

''''အဖတ်မဆည်နိုင်တဲ့ ပရမတ်တွေနဲ ''''

ဒါလေးကို ကိုယ်အဓိပါယ်နဲ.ကို ကြိုက်တယ်...

''''အိပ်မက်ဟာ စိတ္တဇနာမ်လို့ 
ရွတ်ဆိုကြတော့'''''

ဒါလေးရော.....

ကြယ်သောကြာ said...

မျဉ်းကျဉ်းများ အကြား...
မြင်ယောင်မိလိုက်ပါတယ် ...!!!!!!!
မယ်ကိုး ရေ
ဘာမှမပြောတော့ဘူးနော
တစ်ခါတစ်ခါကျ ရင်ထဲက စကားတွေက စာသားနဲ့ ဖော်ပြလို့ မရဘူး သူငယ်ချင်း
ဒီတော့ ရိုးရိုးလေးဘဲဆိုစို့ရဲ
ခံစားတွေးရတဲ့ အရသာလေး ကို ကြိုက်တယ်

လူရိုင်းလေး said...

လူရိုင်းလေး ကိုယ်တိုင်လဲ ကဗျာရေးလို့လားမသိဘူး။ ဒီကဗျာလေးကို ကြိုက်နှစ်သက်ကြောင်း သတင်းတော်ပါးလိုက်ပါတယ်။

Mogok Thar said...

မယ်.. ကဗျာက အတွေးရော... အရေးရော လှတယ်။

pandora said...

လှပတဲ့ကဗျာလေးပါ