19 May 2009

“ အတွင်းလူ”



ဘယ်လိုလဲ…
ရာသီဥတုအကြောင်း
ခေါင်းမရှောင်တမ်း သံစဉ်ညှိမလား…

မျက်ဝန်းချင်း ဆုံမိတော့
ဒါက ဒီလိုပါ….
ဟိုက ဟိုလိုပါ ….တဲ့လေ။

အလင်္ကာတွေ မလိုဘူးကွယ်။
အမှန်တရားဆိုတာ ဥာဏ်ကောင်းသူပဲ ရယ်။


အသေအချာပေါ့...
ရယ်ရလွန်းလို့  မျက်ရည်ကျဦးမယ်။ ။


10 comments:

ကိုရင်နော်ခင်လေးငယ် said...

အမှန်တရားဆိုတာ ဉာဏ်ကောင်းတဲ့သူပဲ.. တဲ့

ဟုတ်လိုက်လေ...း)

minneain said...

လာပါတယ် ၊၊ ဖတ်ပါတယ် ၊၊ အလင်္ကာတွေလိုပါဘူးနော်

"အလင်္ကာတွေ မလိုဘူးကွယ်။"

ကြယ်သောကြာ said...

လို တို ထိ မိ ... ကြိုက်၏

လင်းဒီပ said...

မျက်ရည်ကျနေရင်း ရယ်နေရတယ်...။

အိုင်လွယ်ပန် said...

အသေအချာပေါ့
ရယ်ရလွန်းလို့မျက်ရည်ကျဦးမယ် ........

ကောင်းတယ်ဗျာ ...

ငှက်ကလေး said...

မျက်ဝန်းချင်း ဆုံမိတော့
ဒါက ဒီလိုပါ….
ဟိုက ဟိုလိုပါ ….တဲ့လေ။

ဒါလေး ကြိုက်တယ်ဗျိုးးး မမရေ

Mogok Thar said...

ရယ်ရလွန်းလို့  မျက်ရည်ကျဦးမယ်။

ညီမလေးရေ.. ကဗျာလေးက ကြယ်သောကြာ ပြောသလိုပဲ။
ကြိုက်တယ် ကဗျာလေးကို...

MANORHARY said...

အမှန်တရားဆိုတာ ဥာဏ်ကောင်းသူတဲ့လား
ပုံပြင်တွေထဲက ပညာရှိကတော့......
..........................

သားကြီး said...

ကျနော်ကဗျာမရေးတတ်လည်းကဗျာဖတ်တာတော့ဝါသနာပါတယ် ကြိုက်ပါတယ်ခင်ဗျ

ဇော် said...

အမှန်တရားဆိုတာ ဥာဏ်ကောင်းသူပဲတဲ့လားဗျာ။ မျက်ရည်တွေနဲ့လဲ ရယ်တတ်နေခဲ့တာ ကြာခဲ့ပါပြီလေ။
သြော် ... တိုက်ဆိုင်မှုတွေရှိတိုင်း မျက်ရည်ကလဲ လွယ်တတ်လိုက်တာ... ခုထိပါပဲ။

ခံစားသွားရပြန်ပါပြီ မမကိုးရယ်။ ဟင့် ...။