04 June 2009

“တံတိုင်းရဲ့  အပြင်စည်း”

နှစ်သစ်မှာ
တကိုယ်တော် နှုတ်ခွန်းဆက်စကားက
“လောကမှာ ငါမရှိလည်း ဖြစ်တယ်”တဲ့

ကျွန်မအတွက်တော့
ဘဝဆိုတာ ပျားရည်နဲ့  ပေါင်းခံထားတာသာ...

ရနံ့ မွေးကာ ရသာချိုနိုင်ပေမယ့်
မွန်းကျပ်ရင်း သေဆုံး...

အညတရသင်္ခါရနဲ့
ဖြစ်ပျက်ခြင်းသစ္စာကို ခါးသီးလို့ 
သေကြောင်းကြံရတော့မလား...

နောက်နှစ်မှာ စဉ်းစားမယ်။ ။



9 comments:

မင်းအိမ်ဖြူ said...

အညတရသင်္ခါရနဲ့
ဖြစ်ပျက်ခြင်းသစ္စာကို ခါးသီးလို့ 
သေကြောင်းကြံရတော့မလား...


အင်း ...............

အိုင်လွယ်ပန် said...

လောလောဆယ်အတွက်က ???? :)

အညတရသင်္ခါရနဲ့
ဖြစ်ပျက်ခြင်းသစ္စာကို ခါးသီးလို့ 
သေကြောင်းကြံရတော့မလား...

စာသားလေးလှတယ် ......

သားကြီး said...

တစ်ယောက်တည်းပဲမွေးလာခဲ့ကြပေမယ့် တစ်ယောက်တည်းမနေရဲတဲ့လူတွေတော်တော်များတယ် “မင်းမရှိလည်းဖြစ်တယ်ကွယ်”ဆိုတဲ့စကားလုံးလေးကိုကျနော်အကြိုက်ဆုံးပဲ ။

မိုးစက်အိမ် said...

ကဗျာလေး က အသက်ဝင်တယ် အမ

ငှက်ကလေး said...

မွေးစားမမရေ ညီမတော့ မွေးစားဖေဖေပြောတာလေး အကြိုက်ဆုံးပါပဲ ခိခိ

မမရေ ပျော်ရွှင်ပါစေ ပျော်ရွှင်အောင် နေတတ်ဖို့က အရေးကြီးတယ် နော် ဘိုင်

လင်းဒီပ said...

ပျားရည်နဲ့ပေါင်းခံထားတဲ့ ဘဝဆိုတာလေး မိုက်တယ်..

အိန္ဒြာ said...

မေနိုင်းရေ..

ဘာတွေဖြစ်နေလဲ...

စကားလုံးတွေက မာပေမယ့်
အက်သံတွေပါနေတယ်...

ဇော် said...

ဒေါ်လေးမိုးကယ်
မင်းမရှိလဲ ဖြစ်တယ်ကွယ်တဲ့
တကယ်လားဟင်။
ဒေါ်လေးမိုးကယ်နဲ့ စကားပြောချင်တယ်။
ဒေါ်လေး ရေးတဲ့ ကဗျာလေးတွေက တွေးမယ်ဆိုရင် အရှည်ကြီးနော်။
ဒေါ်လေးကို ချစ်တယ်။ အဟဲ။

မောင်ဘကြိုင် said...

အစ်မရေ သတိရတာနဲ့း) ကဗျာလေးလာအားပေးသွား
တယ်ဗျာ
အစ်မပျော်ရွှင်ပါစေခင်ဗျာ့း)