27 June 2009

“ချစ်တဲ့သူငယ်လေ…”

ကျေးဇူးတင်တယ်...
ခွင့်ပြုဦး…
ဒီလိုနဲ့  ရှင်သန်ခြင်းကို ချိုးဖဲ့ယူ…

နောက်ကျောမှာ ဓါးဒဏ်ရာ မကြွယ်ဝပေမယ့်
တွင်းနက်ထဲ လိမ့်ကျတော့ ...
ပဲ့တင်သံပင် လှိုင်းမထ။


ဟင့်အင်း။
စိတ်မရှိပါဘူး တကယ်။

“တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့ လောက” ဆိုကာ
ကျွန်မကို တရားဟောပါဦး။...။



25 comments:

လင်းဒီပ said...

တစ်ယောက်ကိုတစ်ယောက်က မကယ်နိုင်တဲ့လောကပါ....
ချစ်တဲ့သူငယ်လေးကို ခွင့်လွှတ်
ကိုယ့်ကို့ကိုယ် ပြန်တည်ဆောက်ယူလိုက်တဲ့ အခိုက်..။

မေဇင် said...

တကယ် စိတ်မရှိပါဘူး...တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့ လောက တဲ့...ကောင်းလိုက်တာ မမရယ်..ချစ်ခြင်းနဲ့ တွေ့ဆုံခြင်း ကဘယ်တော့ ပြီးမလဲ ဟင်..။

နေဒေးသစ် said...

ကျေးဇူးတင်တယ် တဲ့လား
ချိုးဖဲ့ယူသွားမှန်း သိနေပေမယ့်
ငါ့ရှင်သန်ခြင်းတွေ ထိုးအပ်ခဲ့လိုက်တယ် ...

တဆစ်ဆစ်နာကျင်နေပေမယ့်
ဒီဒဏ်ရာတွေ အားလုံး ငါ ဖြေဖျောက်ခဲ့နိုင်ပါတယ် ...
ဒီလိုနဲ့ပဲ
ယုံကြည်မှု တစ်ခုကြောင့်
အနက်ဆုံးကို ထိုးဆင်းခဲ့ပေမယ့်
ပဲ့တင်သံတိုင်း လှိုင်းထပိုင်ခွင့် မရှိခဲ့ဘူး ....

ရပါတယ်
ငါဘယ်လိုမှ သဘောမထားပါဘူး ...
ခြွေနင်းပစ်ရက်ပြီဆိုမှတော့
နောက်လှည့် မင်းထွက်မသွားခင်သာ
ပြောနေကျ စကားလေးတစ်ခွန်း ပြန်ပြောခဲ့လိုက်ပါ ....

မှတ်ချက် ... စာရေးသူ၏ ခံစားချက်အား ထင်မြင်ချက်ဖြင့် အဌားခံစားပါသည် ....

နေဒေးသစ်။

Mae said...



၅ ခေါက်လောက် ဖတ်ဖြစ်လိုက်တယ်၊
ကဗျာလေး နူးနူးညံ့ညံ့နဲ့ ကောင်းပါတယ်၊

ကြယ်သောကြာ said...

"နောက်ကျောမှာ ဓားဒဏ်ရာ မကြွယ်ဝပေမယ့်
တွင်းနက်ထဲ လိမ့်ကျတော့ ...
ပဲ့တင်သံပင် လှိုင်းမထ။"
ကျနော်တော့ အဲ စာစုလေးကို သေချာ စဉ်းစားနေတယ် ။ ခေါင်းစဉ်က "ချစ်တဲ့သူငယ်လေ.." ဆိုတော့ နောက်ကျောမှာ ဓါးဒဏ်ရာ သိပ်မရှိနိုင်.. အိုကေ အစဉ်ပြေတယ်။
နောက်..
အလင်းတောင် စုပ်ယူပျောက်ဆုံးနိုင်တဲ့ တွင်းနက်ထဲ ကျမှတော့ ပဲတင့်သံ လိုင်းမထ..ဒါ သဘာဝကျတယ်။
ဒါပေမယ် အဲအဓိပ္ပါယ်နှစ်ခုကြား တစ်ခုဖွက်ထားသလိုဘဲ။
တစ်ကယ် ကျနော် စဉ်းစားနေတယ်ဗျာ

ကိုရင်နော်ခင်လေးငယ် said...

တွေးစရာလေးတော့ ရပြီ..း)

သီဟသစ် said...

မယ်ကိုးရေ

ရင်ထဲကိုထိတဲ့ ကဗျာလေးကို လာဖတ်ပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

မယ်ကိုး said...

ညီမလေး မေဇင်ရေ...

ချစ်ခြင်းတစ်ခု ဝတ္ထုရှည်ကို အစ်မလည်း ဒရောသောပါး ဓားနဲ့  ဖြတ်နေပါတယ်။ ပြီးတော့မှာပါ။ :)

မင်းအိမ်ဖြူ said...

စိတ်တိုတယ်
ခုလေးတင်တင်တယ် အခုလူတွေ ပြည့်ပြီး ပြောသွားကြတယ်
ဘာပြောရမှန်းတောင်သိတော့ဘူး

ကောင်းတယ် ဒါပဲ

အဟ ညီမရေ လာဖတ်တယ် သူများတွေ ပြောတာအား လုံးအစ်ကိုပြောတယ် ဟုတ်ပြီနော်

ငယ်ငယ်တုန်းကဘုရားကန်တော့သလိုပေါ့ ဘကြီးဆိုတဲ့ အတိုင်းပါ ဘုရားဆိုပြီးတော့လေ

ငှက်ကလေး said...

၂ ခေါက်ဖတ်ဖြစ်တယ် မမရေ ကြိုက်လို့ မမလို ကဗျာစပ်တတ်အောင် တော်တော် ကြိုးစားရဦးမယ် ဟီးးး

သားကြီး said...

ဘယ်သူ့ကိုမှမကယ်နိုင်ဘူး
ကိုယ့်ကိုကိုယ်လည်းမကယ်နိုင်ဘူး
မိုးပြိုကျတောင်မကယ်နိုင်ဘူး :(

ကိုလူထွေး said...

အဲဒီလို
သူတပါးရဲ့
ရှင်သန်ခြင်းတွေကို
တစစီဖဲ့ချွေယူတာတော့ ဘယ်ကောင်းမလဲ...

ကိုလူထွေး

နဒီမိုးညို said...

တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့
လောက..ဆိုတဲ့စာသားလေး..ကို..ကြိုက်တယ်..
ပျော်ရွှင်ပါစေ

Mogok Thar said...

ကဗျာလေးက ဖတ်ပီး ရင်ထဲ သုန်မောကျန်ခဲ့တယ်။
အသံလှိုင်းလေးတောင် တစ်ချက်မထတဲ့ နစ်မြှုပ်ခြင်းတွေထဲမှာ...
ကိုယ့်လက် သူတွဲ၊ သူ့ကိုယ်တွဲလို့ ကူကယ်ဖို့ အခြေအနေတွေ မပေးတဲ့ အခိုက်မှာ...
ကလူထွေး ပြောသလို
ရှင်သန်ခြင်းတွေကို တစစီဖဲ့ချွေ ယူမပစ်ဖို့/ အယူမခံရဖို့
.......
“ချစ်တဲ့သူငယ်လေ…”
သူငယ်ချင်းကောင်း၊ ယောင်းမတို့ရေ ဆိုတဲ့ စာချိုးလေးနဲ့ အတူတကွ ပျော်ရွှင်ကြပါစေ။

Moe Cho Thinn said...

“တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့ လောက”
တဲ့..
အမ အဲဒီတရား နာရလွန်းလို့ အလွတ်ရနေပြီ။

ကိုလူထွေး said...

၁၀။
မယ်...တော်ကိုတမျိုး ဘိုးတော်ကိုတသွယ်
ကိုး...ကွယ်စရာ ရှာကြတယ်...

:P

Git Tuu said...

တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့ လောက”ကျွန်မကို တရားဟောပါဦး။...။

ဒီစာသားလေးကို ကြိုက်တယ်....ဗျာ

ကဗျာလေးကို သေသေချာချာ လာခံစားပေးသွားတယ်
နော်.....။
လေးစားစွာဖြင့်
ဂျစ်

အိန္ဒြာ said...

ပဲ့တင်သံလေးတောင် လှိုင်းမထနိုင်လောက်အောင်
နက်ရှိုင်းလွန်းတဲ့ ချောက်ကမ်းပါးတဲ့...

ပဲ့တင်သံလေးတောင် လှိုင်းမထနိုင်လောက်အောင်
နက်ရှိုင်းလွန်းတဲ့ ချောက်ကမ်းပါးတဲ့...

ပဲ့တင်သံလေးတောင် လှိုင်းမထနိုင်လောက်အောင်
နက်ရှိုင်းလွန်းတဲ့ ချောက်ကမ်းပါးတဲ့...

ချစ်စရာ..နောက် ကြောက်စရာကောင်းလိုက်တာ...

မြစ်ကျိုးအင်း said...

တမျိုးလေးပဲ သေသေချာချာတွေးနေရတုန်း...
အဲဒီတရားတွေ မထွန်းကားစေချင်ဘူး

Upasaka said...

ဒီလိုတွေးရတဲ့ စာမျိုးရေးတတ်ချင်တယ်။

ဥပသကာ

ဇော် said...

ဒေါ်လေးမိုးကယ်
တစ်ယောက်ထဲ တရားမနာနဲ့လေ။
ကျနော့်ကိုလဲ ခေါ်ပါဦး။
ကဗျာလေး ကောင်းလွန်းလို့ အသက်ရှူဖို့တောင်
မေ့သွားတယ်ဗျာ။ =)

အမရာ said...

သိပ်ကိုကောင်းလွန်းတဲ့
ကဗျာတပုဒ်ပါ.........။။။

သုဏော်စိုင်း said...

ဒီလို စကားလုံးနည်းနည်းနဲ့ ထိတဲ့မိတဲ့ကဗျာတွေ


ဆက်လက်အားပေးနေဦးမယ်...

နေညှိ said...

ကဗျာတပုဒ်ဖတ်တိုင်းး အတွေးးတခုရတယ် . . .

အတွေးးကောင်းးသလို အရေးးကောင်းးလို့

လေးစားးမိတယ်ဗျာ . . . .

Anonymous said...

“တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့ လောက” ဆိုကာ
ကျွန်မကို တရားဟောပါဦး။...။

ဒီနေရာလေးကို တအားသဘောကျတာပဲ မမယ်ကိုးရဲ့း)

အပြောင်းအလဲလွယ်သူတွေမှာ စကားလုံးတွေက ဗောင်းလျှံတယ်။ အဲဒါကိုကြားနာဖို့ နှလုံးသားတစ်ခုထဲရှိတဲ့သူတွေ ဒုက္ခများတော့တာပါပဲ။

ဂျူ