14 June 2009

Was Leonardo da Vinci gay?


ရာသီဥတုသာယာတဲ့ ဇွန်လ ၁၃ ရက်နေ့ မှာ Leonardo da Vinci ရဲ့  ပြပွဲ Da Vinci the genius show ကို သွားကြည့်ုဖြစ်ခဲ့ပါတယ်။




ပန်းချီက အစတီထွင်မှုတွေ အဆုံးအကုန်ကြည့်ပြီးတော့ သူ့ အကြောင်းဇာတ်လမ်းတိုလေးလည်း ကြည့်ဖြစ်ခဲ့ပါတယ်။အဲဒီရုပ်ရှင်တိုလေးမှာတော့ ဘာမှချမပြထားပေမယ့် ဘာသွားတွေးမိလည်း ဆိုတော့ ခေါင်းစဉ်မှာ ပြောထားတဲ့အတိုင်းရယ် :)


da vinci ရဲ့  အနုပညာတွေအကြောင်းမဆွေးနွေးဘဲ “ သူ ဂေးဖြစ်နိုင်တယ် ” လို့  ကျွန်မ မှတ်ချက်ချမိတော့ သူငယ်ချင်းတွေ မျက်လုံးပြူးသွားကြပါတယ်။

ဒီလိုနဲ့ ကိုယ့်အတွေးကို သက်သေတည်ဖို့  အင်တာနက်မှာ ရှာကြည့်ဖြစ်ခဲ့တော့လေ...

How do we know Leonardo was gay?

When he was twenty-four years old, Leonardo was arrested, along with several young companions, on the charge of sodomy.
No witnesses appeared against them and eventually the charges were dropped. It must be said that often anonymous charges like this were brought against people just for a nuisance. Renaissance Florentines didn't make the distinctions we make about sexuality today and apparently it was common for young men to get into sexual relationships; in fact, the word "Florenzer" was German slang for "homosexual". Leonardo had no relationships with women, never married, had no children, and raised many young protégés, including one nicknamed "Salai" which means "offspring of Satan", sketches of whom are shown above. Salai stole things, broke things, lied, and was generally a, well, devil; if he were a mere student or servant he would have been sacked. It's not hard for me to see how this imp would be attractive to Leonardo (or to me, now that I mention it). He stayed with Leonardo for over twenty years, and appears many times in Leonardo's sketchbooks.( From GayHeroes.com )

Was Leonardo da Vinci gay?

Leonardo Da Vinci's artistry and scientific discovery put him on uncomfortable ground with the church. Philosophers, artists, and scientists all had to be very careful not to move too quickly or the church could respond by murdering them. Da Vinci was a philosopher, artist, and a scientist, so it is very likely that he hid his homosexuality. We know that he never married or had a romantic relationship with a woman and that he lived with a male artist, Gian Giacomo Caprotti da Oreno, nicknamed Salai or Il Salaino, for 30 years. Salai had a reputation for being tremendously homosexual and is described lovingly by Da Vinci as a scoundrel and a peacock. Da Vinci's other strong relationship was with Count Francesco Melzi of Milanese royalty. Melzi studied beneath Da Vinci and was said to be his favorite student as Melzi stayed with Da Vinci for 14 years and inherited Da Vinci's paintings and works upon his death. Since there is nothing expressly stating that Da Vinci is homosexual, some historians argue against people saying that he was homosexual with certainty. However, they agree that it is very likely. (From wiki.answers.com)

Was Renaissance Artist Leonardo da Vinci Gay ?

About the Renaissance artist Leonardo da Vinci and the debate over whether or not he was a homosexual.

Maybe Yes, Maybe No: In 1476 Leonardo and three other young Florentines were anonymously accused of committing sodomy with an angelically beautiful boy model and male prostitute named Jacopo Saltarelli. The Ufficiali di Notte e dei Monasteri, Florence's very sinister vice squad, frequently acted on such denunciations, which anyone could make without proof or even without revealing themselves, by dropping a note in a "suggestion box" called the tamburo. Leonardo was actually confined for two months and subjected to a grilling into his sexual life and thoughts that was quite as thorough as, and far more brutal than, a contemporary encounter group procedure. Eventually the charges were dropped without a trial.(from - www.trivia-library.com)

da vinci ရဲ့  ဂုဏ်သရေညှိုးစေဖို့  ဒီစာလေးရေးဖြစ်တာ မဟုတ်ပါဘူး။ကိုယ့်လို တွေးမိသူတွေအများကြီးသွားတွေ့ တော့ ပျော်ပျော်ရွှင်ရွှင်နဲ့  ဒီပိုစ်လေးတင်ဖြစ်တာပါ။

အဲဒီခေတ်က အရောင်တူကိုမှ စိတ်ဝင်စားသူများကိုလည်း လက်ခံကြိုဆိုခဲ့ရင် da vinci ဘဝ ပိုမိုသာယာခဲ့လေမလား လို့  တွေးမိရင်း မောင်လေးအဖြစ်မှ ညီမလေးဘဝပြောင်းချင်တဲ့ ငယ်လေးကိုလည်း သတိရမိရင်း ....

စာဟောင်း ၊ကဗျာဟောင်းတွေ နေရာရွှေ့ ပြီးသွားလို့ ဆားချက်တာလား ဆိုရင်လည်း ... :)

credits : sciencey

17 comments:

ငှက်ကလေး said...

အော် ဆော်ရီးမမရေ ညီမ ပိန်းတာ ဟီဟိ
ဆားချက်တာမဟုတ်ပါဘူးးး မမ ရာ ဟဟဟ ကောင်းပါတယ် ညီမ အင်္ဂလိပ်စာ မဖတ်ဘူးမမရေ အမှန်အတိုင်းပြောမယ် အင်္ဂလိပ်စာမြင်ရင် ခေါင်းမူးလို့ မြန်မာလိုရေးထားတာပဲ ဖတ်သွားတယ် စိတ်မဆိုးနဲ့ မမရေ

မမပြောတာ ဟုတ်တယ် အားပေးစကားပြောပေးတဲ့ မမရေ ကျေးဇူးပါ ဘိုင်

အိန္ဒြာ said...

မယ်ကိုးရေ......

သူဂေးစတိုင်က မမိုက်ဘူးနော်..မုတ်ဆိတ်မွှေးတွေနဲ့
တိှု့ဆီကမာမီတွေနဲ့များ..ကွာပ...

(ဗဟုသုတနဲ့ အတွေးတစ်ခုရသွားစေတဲ့ ပိုစ့်လေးအတွက် ကျေးဇူး..အထူး)

အိုင်လွယ်ပန် said...

ပြောတတ်တော့ဝူးဗျာ ...
အမှန်အတိုင်းပြောရရင် မိုနာလီဇာကိုတော့
အပြုံးလှပတဲ့ မိန်းမတစ်ယောက်လို့ မခံစားမိသေးတာ ခုထိ ...
ကျွန်တော်ပဲ ပိန်းလို့ဖြစ်မယ် :)

ငှက်ကလေး said...

မမကို ချစ်လွန်းလို့နော် အင်္ဂလိပ်စာတွေ ဖတ်သွားတယ် သိလား မသိတာတွေရော သိတာတွေရောနော်
ဒီနိုင်ငံမှာ လဲ homosexual တွေ ပေါတယ် မမရေ gay တွေ lesbian (စာလုံးပေါင်းမှန်လားမသိ) အများကြီးပဲ မမရာ ဘာလို့အဲလိုဖြစ်နေမှန်းမသိပါဘူး ဒါပေမယ့် မမရယ် လီယိုနာဒိုရဲ့ မိုနာလီဇာက တော့တော်တော်လေး ကမ္ဘာကျော်တယ်နော်
အိုင်လွယ်ပန်ပြောတာ ထောက်ခံတယ် မမရေ ညီမလဲ ပိန်းလို့လား မသိဘူး ခံစားလို့မရဘူး တမျိုးဖြစ်နိုင်တာလဲ ညီမတို့မှာ အဲလိုမျက်စိမရှိလို့လား မသိဘူးမမရေ
ညီမ က အဲဒါ လိုလီယိုနာဒိုကို gay လားလို့မေးတာ မေးခံရတာ မသိဘူး မမရေ မမပြောပြမှပဲ သိတာ ဟဟဟ မမပြောသလို လေ ညီမ ၃၅ ပြားလေ ဟဟဟ ခစ်ခစ် ဟိုးးးဟိုးးး
အခုလို မျှဝေပေးတာ ကျေးဇူးပါ မမရေ
ပျော်ရွှင်ပါစေနော် ဘိုင်

မိုးစက်အိမ် said...

ငါ. အမ က ပေါက်ပေါက်ရှာရှာတွေးတတ်ပ
သက်သေ တောင်လိုက်ရှာလိုက်သေးတယ်...
ဟီးးးးးးးးးးးးးးးးးးး တွေ၇င် သတိထားရမယ် :P

minneain said...

မယ်ကိုးရေ လာဖတ်တယ် ၊၊ စုံစုံလင်လင် တင်ပြသွား ပုံလေး ကို သဘောကျတယ် ၊၊ ဗြိတိသျှ လိုရေးထားတာ တွေကိုတော့ ငှက်ကလေးလိုပဲ မနည်းဖတ် သွားရတယ်၊၊ ဟာဟ .....

ကြယ်သောကြာ said...

မယ်ကိုး ရေ
ထင်သာထင် တွေးသာတွေး မှန်တယ်။
Leonardo da Vinci ဟာ Gay ဖြစ်ကြောင်း သူ့ပန်းချီကားတွေ နဲ့ သက်သေပြထားတဲ့ သုသေတီစာအုပ်တစ်အုပ်ရှိတယ်။ ကျနော်ဖတ်ဖူးတယ်။ အားမှပြန်ရှာပြီး သူငယ်ချင်းဆီ ပို့ပေးမယ် စိတ်ဝင်စားသေးတယ်ဆိုရင်ပေါ့။ နည်းနည်းထပ် လျှာရှည်လိုက်ဦးမယ်နော် .. ငှက်ကလေးနဲ့ အိုက်ပန် တွေးသလို လူတော်တော်များများ တွေးမိပါတယ်။ ကမ္ဘာကျော် အပြုံးဆိုလို့ ကမ္ဘာကျော် လိုက်ရတယ် ဆိုသလိုပေါ့. ။ တကယ်တမ်းက ဒီပန်းချီကားချပ် ကမ္ဘာကျော်ရတာဟာ မိုနာလီဇာ မျက်နှာပေါ်က အပြုံးကြောင့် မှန်ပေမယ့် ပြုံးပုံပြုံးနည်းကြောင့် မဟုတ်ပါဘူး။ အဲဒီအပြုံးက သာမန်အပြုံးတစ်ပွင့်ပါဘဲ ဒါပေမယ့် သူ့ကို ချယ်မှုန်းထားတဲ့ စုတ်ချက်တွေက သာမန်မဟုတ်ပါဘူး။ Sfumato နဲ့ Chiaroscuro ဆိုတဲ့ အလင်းအမှောင်အယူအဆတွေပါတဲ့ အရောင်ခြယ်မှုန်းတဲ့ နည်းစနစ် နှစ်ခုကြောင့်ပါ။ အကျယ်သိချင်ရင်တော့ လွယ်လွယ်ကူကူ mona lisa, chiaroscuro, sfumato ဆိုပြီး google search မှာ ရှာကြည့်ပါ။
နောက်တစ်ခုက အဲသည်ခေတ် အဲသည်အခါက Leonardo da Vinci နာမည်ကျော်ခဲ့တာ The Last Supper ပန်ချီကားနဲ့ ထင်ရှားလူသိများခဲ့တာပါ။
ဟီး
မယ်ကိုးရေ
ခွင့်လွှတ်တယ်နော် ကျနော်လျောက်ပြောသွားလို့။
ခင်သောချစ်ခြင်းဖြင့်

သားကြီး said...

davichi code ဆိုတဲ့ကားထွက်တော့အရမ်းကြည့်ချင်ခဲ့တယ်
ဒါပေမယ့်မကြည့်ခဲ့ရဘူးဗျ
အစ်မပြောမှပဲ သူဂေးတစ်ယောက်ဖြစ်မလားလို့
တွေးမိတယ်
ဘာပဲပြောပြောဗဟုသုတရတဲ့ဒီပိုစ်လေးဖတ်ရတာ
ကျေးဇူးပါဗျာ...ဆားချက်တာမဟုတ်ပါဘူး

Ko Boyz said...

အို .. ခုမှ သံသယ ၀င်တာလား...။
ဒီလို ဖက်စုံ တော်တဲ့သူတွေက ဂေး ဖြစ်နိုင်ချေများတယ်။
သေချာတယ် ဂေးပဲ...။
ဟိုမြန်မာပြည်က ခေတ်ဟောင်း မင်းသားကြီး ကြည့်ပါလား။ စွယ်စုံ (စွယ်စုံ)ရတယ်...။
ဗလကလဲ ခပ်တောင့်တောင့်၊ သီချင်းဆိုတယ်။ ရေးတယ်။ ဂီတ လိုက်စားတယ်။ သရုပ်ဆောင် လုပ်တယ်။ ဒါရိုက်တာ လုပ်တယ်။ ထုတ်လုပ်သူ လုပ်တယ်။ စာရေးတယ်။ မဂ္ဂဇင်း ထုတ်တယ်။ အို စုံလို့...။
ဒါပေမယ့် သူဒ့ါပုံ အရိုက်ခံရင် ကြည့်ပါလား.. မျက်လုံးကိုက ညုတုတုနဲ့... သူ့ဗလ မှ အားမနာ...။
ဟိဟိ...။ ခုတော့လဲ ဆုံးပါးသွားပါပြီ။

ရွာသားလေးဝိုင်တီယူ said...

သူ့ကိုယ်သူ သတ်သေသွားတဲ့ ပန်းချီဆရာတစ်ယောက်အကြောင်းဖတ်ဖူးတယ်။ သူပဲလားတော့ မမှတ်တော့ဘူးဗျ။ အဲ့ဒီတစ်ယောက်လည်း ဂေးဆန်ဆန်ရေးထားတယ်။ အနုပညာကြောင့်များလားလို့ တွေးမိတယ်။ ဗီဒီယိုဖိုင်ကို အိမ်ကျမှ ကြည့်တော့မယ်

မယ်ကိုး said...

ကိုယ့်ကိုကိုယ် သတ်သေတဲ့ ပန်းချီဆရာတွေကတော့ အများကြီးရယ်။နာမည်ကြီးထဲကဆို "for the good of all." ဆိုကာ သတ်သေသွားတဲ့ Vincent van Gogh ကို ပြောတာလား။သူကတော့ gay မဟုတ်ပါဘူး။

ကြုံတုန်းလေး ဖွရရင် ပန်းချီ ပန်းပုဆရာ Michelangelo က လည်း ဘာလိုလို ...

ကြယ်သောကြာရေ လာရှင်းပါဦး။ :)

မဆုမွန် said...

ပို့စ်လေးအတွက် တကယ်ကျေးဇူးတင်တယ်..
ကမ္ဘာ့ကျော်ပုဂိုလ်တစ်ယောက်ရဲ့ ဖြစ်စဉ်ကိုလည်း လေ့လာမှတ်သားခွင့်ရလိုက်တယ် အစ်မလည်း ဖတ်ဖူးတယ်ထင်တယ်

မြစ်ကျိုးအင်း said...

သူဖန်တီးတဲ့ အနုပညာကို လေးစားတယ်...။
ဂေးဖြစ်တာကို မကြည့်မိဘူး...။

ကြယ်သောကြာ said...

ဟုတ်ပါတယ် ကိုဘွိုင်း ပြောသလိုပါပဲ။ အရမ်းကြီး ချွန်သွားတဲ့သူတွေမှာ အများနဲ့ မတူတဲ့ အစွန်းရောက်တတ်တဲ့ ခံစားမှုတွေ ရှိတတ်ပါတယ်။ အတွေးအခေါ် အယူအဆ ခံစားသိမြင်မှုက သူများနဲ့ မတူလို့လည်း ကမ္ဘာကို ကိုင်လှုပ်နိုင်လောက်တဲ့ ဖန်ဆင်းမှု့တွေ ဖြစ်တည်လာရတာပါ။ လေးစားစရာတွေပါ။
ကျွန်တော့သူငယ်ချင်းမယ်ကိုး ထပ်ပြောတဲ့ Michelangelo di Lodovico Buonarroti Simoni ဆိုရင်လည်း တစ်ခေတ်မှာတစ်ယောက်လို့ ပြောလို့ရတဲ့ ပန်းချီဆရာ ပန်းပုပညာရှင် ဖြစ်သလို ကဗျာဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၅၃၃ ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲနှင့် Tommaso dei Cavalieri ကို ပေးတဲ့ ပေးစာထဲမှာ သူဟာ ဘယ်လို လူစားဖြစ်တယ်ဆိုတာ ဖော်ပြပြီးသားပါ။ Michelangelo's homoeroticism poetry ကိုလည်း သူ့ရဲ့တူမြေးတော်သူက ၁၆၂၃ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေဖူးပါတယ်။
ဆိုရရင်တော့ သူတို့ဟာ ဘယ်လိုလူတွေအဖြစ် ဝန်းကျင်က သတ်မှတ်ခဲ့တယ်ဆိုတာ သူတို့အတွက် အရေးမကြီးခဲ့သလို ကျွန်တော်တို့ အတွက်လည်း အရေးကြီးမယ် မထင်ပါဘူး။ စကားစပ်မိလို့ ရောက်တတ်ရာရာ ခေါင်းစဉ်တစ်ခု အနေနဲ့ ပြောခြင်းဖြစ်ကြပါလိမ့်မယ်လို့ ထင်ပါတယ်။
ဟီး မယ်ကိုးရေ ဝင်ပြီးဖွပေးတာ ကျေနပ်မယ် ထင်ပါတယ်နော် ရေးတာလဲများသွားပြီ။
ကျေးဇူးပါ
ခင်သော ချစ်ခြင်းဖြင့်

မယ်ကိုး said...

ဒီစာလေးကို ဖတ်မိတဲ့ အရောင်တူချစ်သူများ ပျော်ရွှင်ပါစေလို့  ရည်ရွယ်ရင်း တင်ဖြစ်တဲ့ ကျွန်မရဲ့ အတွေးစာလေးမှာ.ကူးယူဖော်ပြထားတဲ့ သိုးဆောင်းဝေါဟာရတွေကို အပင်ပန်းခံဖတ်ရှုပေးသော ဝေဖန်ပေးချက်ပေးသော ကြားကနေပါ ဝင်ရောက်ဖြေရှင်းပေးသွားသူများကို အထူးကျေးဇူးတင်ရှိပါတယ်လို့ ....

မေတ္တာများဖြင့်...
မယ်ကိုး

Mae said...

အရင်ခေတ်က ထူးချွန်ကျော်ကြားတဲ့ ပန်းချီဆရာ စာရေးဆရာတွေထဲမှာ gay တွေ တော်တော်ပါတယ်၊ သူများနဲ့ မတူတဲ့ အတွေးအခေါ်တွေကြောင့်လဲ အရင်က ဖိနှိပ်ခံရပြီး ခုမှသာ လူတွေက အသိအမှတ်ပြုကြတာာ ထင်တယ်၊ ခေတ်ရှေ့ပြေးတယ်ပဲ ပြောရမလားနော်

alex91 said...

Ma Ma, I have read the whole page. It was such a pleasure to read this, and I really appreciate your dedication to me.