04 July 2009

“ ကိုယ့်ကိုကိုယ်ပေးတဲ့ လက်ပြန်ကြိုးတစ်မျှင်”


ကျွန်မ သေသွားတဲ့အခါ ဆရာဇော်ဂျီရဲ့  “သင်သေသွားသော်” ကဗျာလေးကို လိုက်နာရင်း

“သြော် လူ့ပြည်လောက၊
လူ့ဘဝကား အိုရနာရ၊
သေရဦးမည် မှန်ပေသည်တည့်။

သို့ တပြီးသား၊
သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊
စာစကားလည်း
ကြီးပွားတတ်မြင့်၊
ကျန်ကောင်းသင့်၏

သင်ဦးချ၍၊
အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

လူတိုင်းလိုလိုမှာ ရှိကြတဲ့ ဒီဆန္ဒမျိုးနဲ့ကျွန်မလည်း ရှစ်တန်း ကိုးတန်းလောက်က စာကြည့်စားပွဲရှေ့မှာ ဒီကဗျာလေး ကပ်ထားဖူးပါတယ်။ယနေ့ထက်တိုင်လည်း ကတိတစ်ခုလို မပျက်မကွက် သတိရနေဆဲ။

ဒါပေမယ့် ချစ်မွေး ပါတဲ့ ညီမလေး ငှက်ကလေး က “အဖြစ်ချင်ဆုံးဆန္ဒ ” လို့  မေးလာတဲ့အခါ ဘာပြောရမှန်း မသိတော့ပါဘူး။ ရေတို...ရေရှည်တွေ။ မျက်တမွေးတွေ လက်တကမ်းတွေ ။  လျှောက်ကြည့်ကာ ဝေ၀ါးသွားတော့တာ... မဖြစ်နိုင်တာတွေလည်း မပြောချင်ဘူး။

ဥပမာ အာလာဒင်မီးခွက်ရရင် သန်းပေါင်းများစွာ ပွားလိုက်ပြီး လူတွေကို လက်ဆောင်ပေးချင်တယ် ဆိုတာမျိုးလေ။ ဖြစ်နိုင်မယ့် အရာလေးကိုပဲ ပြောပါတော့မယ်။ လူ့လောကမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီလို့ သေချာတဲ့အခါ … မိဘမဲ့မိန်းကလေး အယောက်နှစ်ဆယ်လောက် မွေးစားချင်ပါတယ်။


အချည်းနှီး ကျွန်မ မသေချင်ပါဘူး။ ရှင်နေတုန်း ခဏလေး မာသာထရီဆာနဲ့  မနှိုင်းနိုင်ပေမယ့် သောင်စပ်မှာ တင်နေတဲ့ ကြယ်ငါးလေးနှစ်ဆယ်လောက် ကောက်ယူခဲ့ချင်ပါသေးတယ်။

မိဘမဲ့ကျောင်းဖွင့်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ရင်မှဖြစ်တဲ့ သမီးလေးတွေလို ကြိုးစားပျိုးထောင်ကြည့်ချင်လို့ ပါ။ တစ်ချို့ မိဘမဲ့ကျောင်းတွေမှာ ကလေးတွေ အလှူရှင်ကို ထမင်းစားခါနီး လက်အုပ်ချီ ဆုတောင်းရတာ မြင်တိုင်း မကြည့်ရက်ခဲ့တာက အစလေ ။

ကျေးဇူးတင်တတ်တာ ကောင်းပေမယ့် သိမ်ငယ်မှုတွေကို မြင်ရတော့ ရင်နာလို့ မဆုံးပါဘူး။ ဒါကြောင့် တစ်နေ့ထက် တစ်နေ့ခိုင်မာလာတဲ့ အဖြစ်ချင်ဆုံးဆန္ဒ ။ ကျွန်မ ဒီစကားကို ခင်မင်သူတွေကို ပြောပြဖူးပေမယ့် အားလုံးက ကျွန်မ ပုံပြောတယ်ပဲ ထင်နေတာ ခက်ပါတယ်။ တစ်ချို့ကလည်း “ဘာဖြစ်လို့  နှစ်ဆယ်လို့  သက်မှတ်ထားရတာလဲ ”တဲ့။

ဒီလောက်ပဲ ရွေးချယ်သတ်မှတ်ရတာ ဒီအရေအတွက်ကိုပဲ ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်မယ် ထင်လို့ပါ။ ဒါတောင် ကျွန်မ တတ်နိုင်ပါ့မလားလို့ မုန့်ဆီကြော် ဘယ်နေမှန်းမသိပါဘဲ တွေးပူနေမိဆဲ။ ဘာပဲဖြစ်ဖြစ် တောက်ပတဲ့မျက်လုံးလေးတွေနဲ့ ဦးမကျို့တတ်တဲ့ ထက်မြက်လိမ္မာတဲ့ သမီးလေးအယောက် နှစ်ဆယ်လောက်နဲ့ အေးချမ်းတဲ့ ဥတုရပ်ဝန်းလေးမှာ အပင်လေးတွေစိုက်ရင်း ဘုရားသွားကျောင်းတက် နေချင်တာက မြဲတည်နေတဲ့ နေ့လည်အိပ်မက်ရယ်...

တစ်နေ့နေ့မှာပေါ့ ။ တချိန်ချိန်....ကျွန်မ မသေခင်လေး....။ အသေအချာပေါ့။ စကားကိုကုန်အောင် မပြောနဲ့ ဆိုတဲ့ ဆိုရိုးကို မျက်နှာလွှဲကာ နှုတ်တရာစာတစ်လုံး အဖြစ် တွင်းနက်နက်စတူးလိုက်ပါပြီ။း)

တော်ကြာ ကလေးအယောက်နှစ်ဆယ်မျက်နှာလေးတွေ ကို မျက်ကွယ်ပြုကာ ကိုယ် ချွဲနွဲ့လို့ရတဲ့ ကလေးကြီး တစ်ယောက်ယောက်ကိုပဲ ထိန်းချင်တဲ့ အဖြစ်မျိုး ကယောက်ချောက်ချား ယောင်ယောင်မှားမှားတွေ ကြုံလာမှာ စိုးတာကြောင့် ဒီစာလေးနဲ့  ကိုယ့်ကိုကိုယ် ပြန်ချည်လိုက်ပါကြောင်း...........။

မေတ္တာများဖြင့်
မယ့်ကိုး


26 comments:

Anonymous said...

Full Marks , Thanks.

Yu Ya said...

ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ဖြစ်နေပါစေလို့ ဆုတောင်းပေးပါတယ် မယ်ကိုးရေ။ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

ကြယ်သောကြာ said...

စိတ်ကူးလေးက ငြိမ်းအေးလိုက်တာဗျာ
ကိုး ရဲ့ ဆန္ဒတွေ ဖြစ်မြောက်ပါဖို့ ကျွန်တော်ပါ လှိုက်လှိုက်လှဲလှဲ နဲ့ ဆန္ဒပြု ဆုမွန်ကောင်း တောင်းပေးနေပါရစေ။

ငှက်ကလေး said...

မမရေ ကဗျာလေးကို သတိရနေသေးတာ မမကိုချီးကျူးတယ် ညီမလေ တခါ က ရေးချင်လို့ ပြန်ပြီးး recall လုပ်သေးတယ် မရဘူး ဒါနဲ့ မရေးဖြစ်တာ အဲဒီ ကဗျာလေး ကြိုက်တယ် မမရေ

ဟုတ်ပါတယ် မမ ညီမမှာလဲ တာဝန် ရှိပါတယ်

ညီမလုပ်ချင်တာကတော့ မြန်မာနိုင်ငံရှိ ကလေးငယ်များကို စာတတ်စေချင်တယ် ပြီးတော့ ပိုက်ဆံမရှိလို့ ဆေးကျောင်းမတက်ရတဲ့ သူတွေကို သနားတယ် အဲဒီလို မဖြစ်စေချင်ဘူး အကုန်လုံးကို သူတို့တက်ချင်တဲ့ ဘာသာရပ် မီတဲ့ ဘာသာရပ်ကို တက်စေချင်တယ် မမရယ်

ပို့စ်လေးအတွက် ကျေးဇူးးးပါ မမရေ နောက်တချိန် ဒီက နေ ဘွဲ့တွေ ဘာတွေ ယူပြီး ရင် ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး လုပ်ကျွေးမှာပါ လေ အဲဒီလိုတော့ စိတ်ကူးတယ် ကိုယ်တတ်နိုင်သလောက် လုပ်ပေးချင်တယ် ဆရာ ဇော်ဂျီ ရဲ့ ကဗျာ ထဲကလိုပေါ့လေ

မမရေ နောက်တကြိမ်ထပ်ပြောမယ် နော် ရေးထားတဲ့ ပို့စ်လေးအတွက် အထူးကျေးဇူးပါ နော်

ဘိုင်

အိန္ဒြာ said...

မယ်ကိုးရေ....

ကိုယ့်ကိုနံပါတ်(၁)နေရာက မွေးစားပါလားကွယ်..

မြစ်ကျိုးအင်း said...

ရည်ရွယ်ချက်ကောင်းတယ် ....နောက်ထပ် ကလေးအယောက် ၂၀ စီမွေးစားပေးမယ့် စေတနာရှင် တွေကို ထပ်ရှာကြတာပေါ့...။
အရေအတွက် မကန့်သတ်ပေမယ့် ဘယ်လောက်ထိ ပစ္စည်းဥစ္စာရှာဖွေနိင်မလဲ အရင်ကြည့်ရအုံးမယ်...။
နိင်တဲ့ဝန်ကို တတပ်တအား ၀င်ထမ်းမှာပါ..။

ကိုလူထွေး said...

မွန်မြတ်တဲ့ စေတနာမို့ ချီးကျူးမိပါတယ် မယ်ကိုးရေ...

အခုတောင် "ကိုး" ဖြစ်နေတော့ ၁၅ တွေ ၂၀ တွေ ရောက်ဖို့ သိပ်မလိုတော့ဘူး ထင်ပါတယ်...

အိပ်မက်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ ဆုတောင်းပေးပါတယ်...

းဝ)

သားကြီး said...

အရမ်းလှတဲ့ရည်ရွယ်ချက်လေးပါ
မာသာထရီဇာနဲ့  မနှိုင်းနိုင်လည်း မာသာထရီဇာလိုစိတ်ဓါတ်မျိုးရှိရင်ပဲတော်လှပါပြီ
ထမင်းစားခါနီးလှူရှင်ကိုလက်အုပ်ချီ ဆုတောင်းတာ ထမင်းရှင်ကိုကျေးဇူးတင်ကြောင်းပြသတာဖြစ်ပေမယ့်
ဘာပဲပြောပြော မြင်ရသူရင်မှာတယ်လည်းမကောင်းပါ
ဟိုခေါင်းစဉ်တစ်ပုဒ်လိုပဲ “ပွင့်သောပန်းတိုင်းမွှေးပါစေ”ပေါ့ဗျာ လောလောဆည်တော့ဆုတောင်းပဲတတ်နိုင်သေးတယ် အစ်မရေ
အစ်မမျှော်မှန်းထားတာတွေ အမြန်ဖြစ်ပါစေ။

Orange Chit Thu said...

“ ကိုယ့်ကိုကိုယ်ပေးတဲ့ လက်ပြန်ကြိုးတစ်မျှင်”
It's totally match with your title and your post......
Tha ball kya twer lo pyone p pyan twer dae naw...
Sanda twe pyae wa par dae....

Lucifer said...

အစ်မရေ.. ကဗျာလေးက အရမ်းကောင်းတယ်လို့ဆိုတာထက်..တန်ဖိုးရှိတယ်လို ဆိုရင်ပိုမှန်တယ် မမရေ..

Lucifer said...

အစ်မလည်းတစ်စ တစ်စနဲ့ ကြိုးတွေများများလာပြီ..

Mogok Thar said...

လက်ပြန်ကြိုးတော့ မချည်လိုက်ပါနဲ့။ ခလေးလေး အယောက်နှစ်ဆယ် ဘယ်လို ထိန်းမလဲ။
ညီမလေးရေ.. ကျောင်းဖွင့်ချိန်ကျ လက်သာ တို့လိုက်။ အကိုကြီးလဲ ခလေးတွေကို တတ်နိုင်သမျှ စောင့်ရှောက်ပေးမယ်။ တကယ် ပြောတာ။
အေ.ာက် 20 မက၊ များများးး ကြီးကို ညိမလေး စောင့်ရှောက်နိုင်ပါစေ။ ညိမလေးရြံ ဆန္ဒ ဒီတစ်စုံမက အကုန်အကုန်သော ဆန္ဒတွေ ပြည့်ဝပါစေဗျာ။

နဒီမိုးညို said...

မိဘမဲ့ ကလေးတွေ..ဘဝကသနားစရာပါ
ဒီလိုပဲ..မိဘရှိပြီးဆင်းရဲတဲ့.ကလေးတွေလဲ
ရှိပါတယ်..ရှင်..နဒီတောင်.သူတို့ လေးတွေရဲ့ 
အိမ်မက်ဆိုပြီးရေးနေတာ..မပြီးသေးလို့ ပါရှင်
မမယ်ကိုး..၇ဲ့ ..စိတ်ဓါတ်ကို.လေးစားပါတယ်ရှင်
ဆုတောင်းအမြန်ပြည့်ပါစေ..

mae said...

မယ်ကိုးရေ.. တို့လဲ ဒီလိုစိတ်ကူးရှိတယ်၊ နဲနဲ ပိုပြည့်စုံတဲ့တစ်နေ့၊ တို့က ကလေးတွေကို သတ်သတ်မှတ်မှတ်လေး ထောက်ပံ့ချင်တယ်၊ တစ်ယောက်ထဲကို မွေးစားသလိုပေါ့၊ လူလားမြောက်တဲ့အထိ

ဆောင်းယွန်းလ said...

မွန်မြတ်လှတဲ့စိတ်ထားပါပဲညီမရေ..
လေးစားပါတယ်

ဆောင်းမြူခိုး said...

"တစ်ချို့ မိဘမဲ့ကျောင်းတွေမှာ ကလေးတွေ အလှူရှင်ကို ထမင်းစားခါနီး လက်အုပ်ချီ ဆုတောင်းရတာ မြင်တိုင်း မကြည့်ရက်ခဲ့ တာက အစလေ ။
ကျေးဇူးတင်တတ်တာ ကောင်းပေမယ့် သိမ်ငယ်မှုတွေကို မြင်ရတော့ ရင်နာလို့ မဆုံးပါဘူး။ " အဲဒီစာသားလေးကို မျက်လုံးနဲ့ ဖတ်တာမဟုတ်ဘဲ ရင်ဘတ်နဲ့ ခံစားသွားပါတယ်။ ဟုတ်တယ်။ ကလေးတွေ သိမ်ငယ်ရရှာတယ်။ တင်ထားတဲ့ကလေးပုံလေးကလည်း သူ့ မျက်လုံးထဲမှာ တစ်ခုခုမျှော်လင့်နေသယောင်ပါပဲ...

အိုင်လွယ်ပန် said...

ဆန္ဒ တွေကို လာချောင်းသွားပါတယ်ဗျာ ..

ကျွန်တော့်မှာလည်း ကိုယ့်ကို ပြန်ပြန်ချည်နေတဲ့
ဆန္ဒ တွေ က တောင်ပုံရာပုံ ...
ကောင်းသောနေ့ပါဗျာ :)

ရွာသားလေးဝိုင်တီယူ said...

ငှက်ကလေးကိုလည်း ပြန်ချည်လိုက်တာပါလား...

တကယ့်ဆန္ဒမွန်ပါပဲ

ပြည့်ဝအောင်မြင်ပါစေခင်ဗျာ

luminnkhaung said...

မယ်တိုးရေေ၇ာက် ပါတယ် မြင့် မြတ် တဲ့ စိတ်ထားတတ်သူ အဖြစ် ရင် ထဲမှာ လေးနက်စွာ မှတ် ထား လိုက် ပါတယ်။

လုပ်နိုင် မှာ ပါ လို့ လည်း ယုံကြည် ပါတယ်။

လေးစားစွာဖြင့် ဥပသကာ။

ငြိမ်းချမ်းပါစေ။

မယ်ကိုး said...

ကိုရွာသားနဲ့  ညီမလေးငှက်ကလေးရေ...

ကျွန်မ စာရေးမတတ်လို့  အထင်လွဲသွားတာလေး နည်းနည်းပြန်ရှင်းပါရစေ...

တာဝန်ရှိတယ်ဆိုတဲ့စကားကို မျက်နှာပူပူနဲ့ ဆိုရရင် အရပ်သုံးအရ ဝဋ်လိုက်မယ်လို့  ကျီစယ်လိုက်တာပါ။ ဒါလေးတော့ ထပ်မရှင်းတော့ဘူးနော်.... :P

ဆုငယ်. said...

အရမ်းကောင်းတဲ့ကဗျာလေးတဲ့ အရမ်းမွန်မြတ်တဲ့ မမ ရဲ့ ဖြစ်ချင်တာတွေကို လာဖက်သွားပါတယ်၊ မမ မယ်ကိုးရဲ့ ဆန္ဒတွေ ပြည့်ဝပါစေ။ ခင်မင်လျှက်
ဆုငယ်

ကိုရင်နော်ခင်လေးငယ် said...

မယ်ကိုးရဲ့.. ဆန္ဒတွေ ပြည့်စုံပါစေနော်..
နောက်ဆုံး အပိုဒ်လေးကို ပြုံးပြီး ဖတ်ပါတယ်..း)

ခင်မင်စွာဖြင့်..

နေ့အိပ်မက် said...

ရင်မောလိုက်တာနော် ဖတ်ရတာ.... အဲလိုချစ်တတ်တာ မိန်းမတွေပဲလားဟင်...

ကောင်းကောင်းမြင်ရသွားပြီမမ ကျေးဇူး ;)

ကြည်ဖြူပိုင် said...

အဲတုန်းကဖတ်ပြီး sign in ဝင်ရမှာပျင်းတာနဲ့ မမန့်ခဲ့တာ မယ့်ရေ။ စိတ်ကူးလေး သိပ်လှတယ်။ အကောင်အထည်ပေါ်မှာပါ သူငယ်ချင်းလေးရယ်။ အားပေးနေမယ်နော် မယ့်လေးရေ :)

လသာည said...

ညီမလေး ဆန္ဒတွေ ပြည့်ပါစေ..။

ထက်မြက်ထူးချွန်ပြီး သွက်လက်ချက်ချာတဲ့ ကလေးလေးတွေအဖြစ် မြေတောင်မြှောက်ပေးနိုင်တဲ့ မေတ္တာရှင်လေး ဖြစ်ဖို့ ဆုတောင်းပေးပါတယ်။

white said...

ကိုယ် ချွဲနွဲ့လို့ရတဲ့ ကလေးကြီး တစ်ယောက်ယောက်ကိုပဲ ထိန်းချင်တဲ့ အဖြစ်မျိုး ကယောက်ချောက်ချား ယောင်ယောင်မှားမှားတွေ ကြုံလာမှာ စိုးတာကြောင့်.......