08 August 2009

“ ချစ်သောသူသို့  အကြောင်းကြားပါသည်... ”



ခုတလော

ဆိုရင်...

တွေးနေမိတာက - ဟင်းလင်းခွင်တွေ၊အရောင်တွေ၊အရိပ်တွေ...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက - စည်းအပြင်ဘက် ထွက်မရပ်နိုင်သေးဘူး။

ကျန်းမာရေး - ရုပ်ကထူထူထောင်ထောင်ပေမယ့် နာမ်ကတော့ ခနော်ခနဲ့ ...

ဖတ်ဖြစ်တဲ့စာအုပ်တွေက - စာကိုကျော်ပြီး အရုပ်ပဲကြည့်မိတဲ့ E-books တွေ... ဗိသုကာစာအုပ်တွေပါ :)

ရောက်နေဖြစ်တာက - တိမ်အိမ်လေး...

နားထောင်ဖြစ်နေတာက - Rihana-Cry, စိုင်းစိုင်းခမ်းလှိုင် -ပျော်တော်ဆက် ....အစရှိသည်ဖြင့်.( mood music တွေ- ချစ်ခြင်းတစ်ခု-၂၄ ကို စိတ်ထဲရေးကာ )

ရွတ်နေမိတဲ့ကဗျာက -

ဘယ်လောက်ချစ်ကြောင်းများ မပြောပြမီ...

ဘယ်လောက်ကြေကွဲရကြောင်းများ
ထပ်ကြပ်မကွာလိုက်လာကြ....

ဆရာသုခမိန်လှိုင်ရဲ့  နှစ်သစ်ကဗျာထဲက တစ်ပိုင်းတစ်စ ...ဒါလဲအသံမဲ့ရွတ်နေဖြစ်တာ ကြာလွန်းခဲ့.... ချစ်ခြင်းတစ်ခုမှာ ထည့်ချင်နေမိလို့ ....

ဖြစ်ချင်နေတာက - အာဇာနည်မဖြစ်နိုင်မှန်းသိလည်း သူရဲကောင်းအဖြစ် စိတ်ကူးယဉ်ချင်သေး....

စားဖြစ်နေတတ်တာက - အေးစက်စက် ဧကစာရီ...

သနားနေမိတာက - ကိုယ်နဲ့ အဖြစ်ချင်းတူတဲ့ စလုံးက အိမ်မဲ့ ယာမဲ့ ကြောင်လေးတွေ...

လွမ်းနေမိတာက - နာရီလက်တံတွေ...

မေ့လျော့ပစ်နေမိတာက - မုန်တိုင်းများ...

ခါးသက်နေမိတာက - မှန်စများ...

တမ်းတနေမိတာက - နေခြည်နုသစ်...

ကြိတ်ပြီးချီးကျူးနေမိတာက - ငှက်တစ်သောင်းနားရတဲ့ သစ်တစ်ပင်ကောင်း...

ကြိတ်ပြီးအထင်သေးနေမိတာက - မိုးမိုးမတ်မတ် အနက်ရောင် စပါးနှံတွေ- ( အနှစ်မဲ့လွန်းလည်း တရားဟောဖို့  ကြိုးစားသေး)

ဆန္ဒမရှိတဲ့နေရာ - ဘီလူးတွေ ကြီးစိုးတဲ့မြို့ တော်။ သွေးညှီန့ံတွေ ပြွန်းနေတဲ့မြေ။

ဆန္ဒရှိနေတဲ့ကိစ္စ - အသွင်ပြောင်းခြင်း...

မုန်းတီးနေမိတာက - နောက်ကျောက အသွားတမြမြ ဓားတွေ...

ချစ်နေတာက - အခုစာဖတ်သူကိုပေါ့ :P - မေတ္တာလို့  ဆိုလိုပါတယ် :)

စိတ်ပျက်နေမိတာက - ပြေရာပြေကြောင်း...

စွဲလမ်းနေမိတာက - မျဉ်းကွေးတွေ၊ထောင့်တွေ...

သဘောကျနေမိတာက - ပုံပြင်လေးတွေ...

လိုအပ်နေတာက - ရဲရင့်မှု...

တောင်းနေမိတဲ့ဆု - နိဗ္ဗာန် မရောက်မီစပ်ကြား ဖြစ်လေရာဘဝတိုင်း အမိကောင်း၊အဖကောင်း၊ ဆရာကောင်း၊ သမားကောင်း၊ဆွေကောင်း၊မျိုးကောင်း၊မိတ်ကောင်းတို့ နှင့်သာ တွေ့ ဆုံပေါင်းသင်းရ၍ ထိုသူတော်ကောင်းတို့ ၏ ဆိုဆုံးမမှုကို နာခံလိုက်နာမှတ်သား ကျင့်ကြံနိုင်သော ပညာရှိသူတော်ကောင်း ဖြစ်ရပါလို၏။ (ချမ်းမြေ့ဆရာတော်ရဲ့  ဆုတောင်းလေးပါ...)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက - မသေချင်သေးဘူး။

ဝန်ခံချင်တာက - ချစ်ခြင်းတစ်ခုကို ဖတ်ပြီး ကျွန်မကို သိပ်ချစ်တတ်တယ်လို့  မထင်ပါနဲ့ ။ ကျွန်မ နည်းနည်းလေးမှ မချစ်တတ်ဘူး။


(စိတ်ထဲရှိတာလေးတွေ ပြောခွင့်ပေးတဲ့ အစ်မ မနော်ဟရီ နဲ့  ထပ်ဆင့်ဖိတ်မံတဲ့ ဆရာမ အပြုံးပန်း ကို အထူးကျေးဇူးတင်ရင်း အကြောင်းကြားလိုက်ပါတယ်။)


28 comments:

ဆောင်းယွန်းလ said...

ဟေး............အချစ်ခံရတဲ့အထဲကိုပါသွားပြီ
ကဗျာလေးတပုဒ်ကိုဖတ်လိုက်ရသလိုပါပဲညီမရေ

vista said...

(ဝန်ခံချင်တာက - ချစ်ခြင်းတစ်ခုကို ဖတ်ပြီး ကျွန်မကို သိပ်ချစ်တတ်တယ်လို့  မထင်ပါနဲ့ ။ ကျွန်မ နည်းနည်းလေးမှ မချစ်တတ်ဘူး။ )တူလိုက်တာ မမမယ်ရဲ့ ..Vista ကတော. လူထက်တိရစာန်တွေပိုချစ်တယ် ။လူတွေတော.မေတ္တာထားပါတယ် ..အဲလိုတော.မချစ်တတ်ဘူး ..မှန်လိုပဲကျင့်သုံးတယ် သူချစ်မှကိုချစ်မှာပေါ.

အပြုံးပန်း said...

လွန်ခဲ့တဲ့တစ်နာရီမှတင်တာ ဆိုပါလား၊
မအိပ်ရသေးဘူးပေါ့၊
အဲဒီစကားလုံးတွေကို သိပ်ဖတ်ချင်လို့ပါကွာ။
စကားလုံးစိမ်းတွေကို ကျွမ်းဝင်ချင်လို့ပါ။
အေးစက်စက် ဧကစာရီ၊ နောက်အပြင်မှာတွေ့ရင်
မေးအုံးမယ်၊
Assignment တွေနဲ့ ပြည့်နှက်နေတဲ့သူကို နှိပ်စက်သလို ဖြစ်သွားတယ်၊

ကိုရင်နော်ခင်လေးငယ် said...

အားလုံးကို ဘဝင်တကျနဲ့ ဖတ်လာခဲ့တာပဲ..
နောက်ဆုံး “ဝန်ခံချင်တာက” ကျမှ ဘဝင်က မကျဘူး ဖြစ်သွားတယ်...

ချစ်ခြင်းတစ်ခု ကပဲ ပီပြင်လွန်းလို့လား မသိ..
တော်တ်ာချစ်တတ်လိမ့်မယ် ထင်ထားတာ..
ခုတော့ လုံးလုံးကြီးကို ဝန်ခံထားတာ “မချစ်တတ်ဘူး” တဲ့..

ဘယ်လို နားလည်ရမယ် မသိတော့ဘူး မယ်ကိုးရယ်..
မဟုတ်မှ လွဲရော လိမ်ပြောနေတာ များလား.....းP

ချစ်ခင်ခြင်းမြောက်များစွာဖြင့်..

ကိုကြီးရင်နော်မကြီးခင်လေး

ကြည်ဖြူပိုင် said...

ချစ်နေမိတာက အခုစာဖတ်သူကိုတဲ့....အလဲ့တို့လည်းပါသွားပြီသူငယ်ချင်းရေ

JulyDream said...

မချစ်တတ်ဘူး ဆိုပါလား... ဘုရား ဘုရား...

မသေချင်သေးဘူးဆိုတော့ အင်း... လုပ်စရာတွေ ကျန်နေလို့ပေါ့နော်။

=)

MANORHARY said...

ဖြစ်တတ်ပါတယ် လူနဲ့စာဆိုတာက တူတာမှမဟုတ်တာ
မနော်ကတော့လက်ခံတယ် မချစ်တတ်ဘူးဆိုတာလည်း
ဖြစ်နိုင်တာပဲ..
ကိုယ်လည်း မလွမ်းတတ်ဘူးလေး))
အမြန်ရေးပေးလို့
ကျေးဇူးပါ။

မျက်မှန်လေး said...

ဒို့လည်းမသေချင်သေးဘူး။

အောင်သာငယ် said...

အင်း...
အမေးတွေကိုဖယ်လိုက်ပြီး
အဖြေတွေကိုပဲ တန်းစီလိုက်ရင်
ပို့စ် မော်ဒန် ကဗျာတပုဒ် ရလေမလားလို့
စဉ်းစားနေမိတယ်...

ငှက်ကလေး said...

ဟိဟိ ညီမက အခုမှ တင်မလို့လုပ်တုံး ဟားးဟားးးးး ဒါလေး သဘောကျတယ်
ဖြစ်ချင်နေတာက - အာဇာနည်မဖြစ်နိုင်မှန်းသိလည်း သူရဲကောင်းအဖြစ် စိတ်ကူးယဉ်ချင်သေး...
ဒါလေး ဖတ်ပြီးတော့ ဘာသွားမြင်လဲ သိလား အဆိုတော် အာဇာနည် ကို ပြေးမြင်တယ် ပြီးမှ အာ... မဟုတ်သေးပါဘူး ဆိုပြီး အဟီးးးးး ရယ်လိုက်ရတာ ကိုယ့်ဟာကို ကြိတ်ပြီးတော့

မချစ်တတ်သေးတာ ကောင်းပါတယ် မမ လူဆိုတာ အတ္တမျိုးပဲလေ ကိုယ့်ကိုယ်ကလွဲရင် သိပ်မချစ်တတ်ကြဘူးလေ ဒါဆိုရင်တော့ လေးစားတယ် မမ မချစ်တတ်ပဲနဲ့ ချစ်ခြင်းနဲ့တွေ့ဆုံခြင်း ဝတ္ထုရှည်ကို ဖတ်တီးတဲ့ မမ အင်းးး နောက်အပြင်မှာ တွေ့ရင် ဗျူးဦးမယ် ရှောင်မပြေးနဲ့နော် သိလား ဟားဟားးးးးးးးးးးး ဘိုင်

မိုးစက်အိမ် said...

အားလုံးကောင်းပါတယ် မကြီးရာ ... ဒါပေမဲ.
နောက်ဆုံး တစ်ခုက တကယ်ကြီးလားဟ ... အနော်
တော. ယုံပါဘူးဗျာ :P

နှင်းဟေမာ said...

မမမယ်ကိုး ရေ ... အချစ်ခံရတဲ့သူတွေထဲမှာ နှင်း လဲပါတယ်နော် ...။ကဗျာလေးက အ၇မ်းကောင်းသလို လေးနက်မှုရှိတယ် .... ခံစားချက်လေးတွေ လာတူနေပြန်တယ် ....။ ပျော်ရွှင်ပါစေ မမမယ်ကိုး ....။

yangonthar said...

ဖြစ်ချင်နေတာက - အာဇာနည်မဖြစ်နိုင်မှန်းသိလည်း သူရဲကောင်းအဖြစ် စိတ်ကူးယဉ်ချင်သေး....

ကျနော့်နဲ့ တစ်ထပ်တည်းပဲ အစ်မ :D
ပြောနေကျ စကားထပ်ပြောရဦးမယ် အစ်မ စာတွေ သိပ်အားကောင်းတယ် စကားလုံး တွေက ထိတယ် .........

သားကြီး said...

ဘီလူးတွေ ကြီးစိုးတဲ့မြို့ တော်။ သွေးညှီန့ံတွေ ပြွန်းနေတဲ့မြေကို ကျနော်လည်းဆန္ဒမရှိရပါ
ဖတ်ဖူးသမျှ ခုတလောတွေမှာ အစ်မရေးတဲ့ ခုတလောက အလန်းဆုံးပဲ စာသားလေးတွေ တိုတိုလေးနဲ့သိပ်စားတယ်
ထပ်ပြီးပြောလိုက်ပါဦးမယ်
နည်းနည်းလေးမှမချစ်တတ်ဘူးဆိုတာကို လုံးဝ(လုံးဝ) မယုံပါ :P

Angel Shaper said...

မရေ....ကိုသားကြီးပြောသလိုပဲနော်။။။
ဟိဟိ
ပျော်ရွှင်ပါစေ။

စည်သူ said...

ချစ်နေတာက - အခုစာဖတ်သူကိုပေါ့ :P

အေးပေါ့လေ.. ကိုယ်ကတော့ တစ်ဆယ့်ခြောက်
ယောက်မြောက် အချစ်ခံရတဲ့သူဖြစ်သွားပြီ..ရှိပါစေ ရပါတယ်.....

ပျော်လို့တောင်မဆုံးသေးဘူး
ချစ်အကြောင်းရေးတိုင်း ကျွန်မကို ချစ်တတ်တယ်လို့ မထင်နဲ့တဲ့.. သေဘီဆရာဘဲ ပြောလိုက်ချင်တယ်

ခင်မင်စွာဖြင့်
စည်သူ။

ဖိုးစိန် said...

စာလာ ဖတ်မိလို့ တော်သေးတယ်

တော်ကြာ ကိုးကိုး ချစ်တဲ့ အထဲ မပါပဲနေအုံးမယ်... အဟိ...

တောင်းတဲ့ဆုတွေ ပြည့်ပါစေဗျားးးး

အော်နေတာကတော့ ကွာတယ်...

ကျနော်ကတော့ သေချင်တယ် အော်မိမယ်ထင်တယ်...း)

တက်ဂ်ပိုစ့်လေးက တောင်ဖတ်ကောင်းနေရော ကိုးကိုးရေးး

ချစ်ခင်စွာဖြင့်


ဖိုးစိန်

အမရာ said...

မဖစ်နိုင်ဘူး....မဂျစ်တတ်တာ....။။။
??????????????????????

အိန္ဒြာ said...

ချစ်ခြင်းဟာ...

မင်္ဂလာတစ်ပါးပဲမယ်ရဲ့..

များများချစ်လေ..များများမင်္ဂလာရှိလေ........

ကိုလူထွေး said...

နာမ်ကျန်းမာရေးမကောင်းဘူး ဆိုတော့ "စိတ်ကျန်းမာရေး" ဆိုတာမျိုးကို ပြောတာလားးP

မချစ်တတ်ဘူးဆိုလို့ လာလည်ရတာလဲ ခပ်လန့်လန့်ရယ်...

းဝ)

မြစ်ကျိုးအင်း said...

သိသွားပါပြီ...။

mae said...

အဲ.. ရေးပြီးသွားပြီ.. မြန်လိုက်တာ

အလုပ်တွေ အဆင်ပြေပါစေ ;)

ဘဝတူတဲ့ ကြောင်လေးတွေတဲ့၊ နေစရာထိုင်စရာ အဆင်မပြေဘူးလား?

မင်းအိမ်ဖြူ said...

ပျော်တော်ဆက်သီချင်းကို အကိုကြိုက်တာ စကြားဖူးကတည်းက

သီချင်းနားထောင်တိုင်း ကိုယ့်ကိုကိုယ်ပြန်မြင်နေမိတယ်

pandora said...

အချစ်ခံရသူထဲမှာ ပါတယ်ဆိုတာ သေချာအောင် ခြေရာချသွားခဲ့တယ်

အရုပ်ကလေး said...

အဆုံးမဲ့ ချစ်တဲ့ မယ်မယ်ကိုး ..
စာလာဖတ်တယ် .. ဟိ

ကောင်းခြင်း အခါသမယလေး ဖြစ်ပါစေ

ခင်မင်စွာ
idulize (အရုပ်ကလေး)

ဇော် said...

ခုတလော တက်ဂ်ပိုစ့်မှာလေ ဒေါ်လေးမိုးကယ်ရယ် ကိုဂျီးလူထွေးရယ်ကို အကြိုက်ဆုံးပဲဗျာ။ =)

အိုင်လွယ်ပန် said...

ဟုတ်ကဲ့
နားထောင်သွားပါတယ်ဗျ ..
ကောင်းသောနေ့ :)

ကိုလူထွေး said...

အချစ်ခံချင်သူများကို စာလာဖတ်ဖို့ ညွှန်းလိုက်ပါ့မယ်...
မေတ္တာကို ဆိုလိုသည်...းP