23 August 2009

“ အပြင်လူ”



စေတနာထက်ထက် အပေးအယူတွေ
မငှားရမ်းနိုင်သေးလို့
နှုတ်ထွက်ခွင့်နဲ့သာ ထိုက်တန်
ပရိဝုဏ်အစွန်ဆုံးမှာ ရပ်နေမိသူသာ…

ထောင်လိုက်မျဉ်းတွေအကြား
အချိုးတကျ မနေတတ်တဲ့အခါ
သဘောရိုးကို ဆင်ခြင်ရင် နောက်ကျိနေခဲ့သလား။

ဆက်ဆံရေးစစ်ပွဲမှာ
ဘယ်အခါမှ နလံမထူနိုင်သူလေ
နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။

“နေကောင်းလား”....
နှုတ်ခွန်းဆက်သ
မှုန်မှိုင်းစကားစပင် ထုံထိုင်းစည်းကွယ်နေမို့
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ချင်လည်း …

အဆုံးမှာ
အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
လူမဆန်ဘူးဆိုလည်း ရှိစေ။ ။

(၂၂.၈.၂၀၀၉ အမှတ်တရ)


37 comments:

အိန္ဒြာ said...

၂၂ ရက်နေ့က....

အင်းးးးး

How R U..?

လောက်ဆိုရင်တော့ ကဗျာမဆန်သေးဘူးကွယ့်

ဒါပေမယ့် ကဗျာလေးကတော့ လွှတ်လှလို့

ဝသန်မိုး said...

ကဗျာလေးလာခံစားသွားတယ်နော်

ကိုလူထွေး said...

စည်းအပြင်မှာ လူမရှိပါဘူး
စည်းဝိုင်းထဲမှာလဲ ဘယ်သူမှမရှိ

လူတိုင်းလူတိုင်း အဲဒီစည်းပေါ်မှာ လျှောက်လှမ်းရင်း
ဘေးဘက်တွေကို ယိုင်မကျဖို့ ထိန်းသိမ်းနေကြရ

ကဗျာထဲမှာ မယ်ကိုးရဲ့ ဝိညာဉ်ကို မြင်နေရတယ်...

းဝ)

ဝက်ဝံလေး said...

မမကိုးရေ ကဗျာလေး ၃ ခေါက်ဖတ်သွားတယ်သိလား
ညီမ ကဗျာ မစပ်တတ်ပေမယ့် ခံတော့ ခံစားတတ်ပါတယ် အဟီးးးးးးး

မာရေးသျှင် said...

ပရိဝုဏ်ရဲ့ အစွန်ဆုံးမှာ ရပ်နေမိသူဟာ အပြင်လူလို့ မဆိုသာ။

”အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ရဲ့။“
မယ်ကိုးမှတစ်ပါး အခြားသူတို့ ရေးနိုင်ဖို့ရာ မစွမ်းသာတဲ့ကဗျာ
ဆူးရဲ့အလှတရားက ထင်ရှားစွာ.....

yangonthar said...

အစ်မ ကဗျာလေး လာဖတ်တယ် ပျော်ရွှင်ပါစေ
ရန်ကုန်သား

Lucifer said...

အပြင်လူတဲ့.... အစ်မကဗျာက ဖတ်လို့သိပ်ကောင်းတယ်
အင်း..ဖတ်လို့ကောင်းတယ် ဆိုတာထက် ခံစားလို့ကောင်းတယ် ဆိုတာ ပိုမှန်တယ်နော်

အမရာ said...

ကဗျာလေးထဲက
အပြင်လူက...အမရာနဲ့
ခပ်ဆင်ဆင်တူသလိုပဲ.....
အမရာများလား.......????
ကဗျာလေးကိုအရမ်းကြိုက်တယ်....


ချစ်ခင်စွာဖြင့်
အမရာ

Yu Ya said...

ကဗျာလေးကို ဖတ်ရှု ခံစားသွားပါတယ် မမယ်ကိုးရေ..

yu ya

နှင်းဟေမာ said...

"ထောင်လိုက်မျဉ်းတွေအကြား
အချိုးတကျမနေတတ်တဲ့အခါ
သဘောရိုးကို ဆင်ခြင်ရင် နောက်ကျိနေခဲ့သလား။........."

တော်တော်စဉ်းစားယူရတယ် .....

“နေကောင်းလား”
ထိုစကားစကိုပင် ထုံထိုင်းထိုင်းစည်းကွယ်နေသူရယ်
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ရဲ့။

အဲဒီစာကြောင်းလေးကို အရမ်းနှစ်သက်မိတယ်.....။

mae said...

ကဗျာလေး ခံစားသွားတယ်၊ ကိုယ်တိုင်လဲ ကြုံဖူးသလိုပါပဲ

လင်းဒီပ said...

“အသင်တို့ ရှုခင်းမှာ ဆူးဖြစ်”

“လူမဆန်ဘူး”

ုဖြစ်တတ်ပါတယ်...။

တချို့စက်ဝိုင်းတွေမှာ တချို့လူတွေဟာ outsider..

လသာည said...

“ထောင်လိုက်မျဉ်းတွေအကြား
အချိုးတကျမနေတတ်တဲ့အခါ”

စာသားလေးတွေလှလိုက်တာ..။ တို့က ကဗျာဆိုလုံးဝကို မစပ်တတ်သူပါ။ မယ်ကိုးက အရမ်းတော်တာပဲလို့ ....

ကွန်မန့်လေးလာပေးသွားတာလည်း အများကြီးကျေးဇူးတင်ပါတယ်..

အပြုံးပန်း said...

နှစ်ခေါက်သုံးခေါက်ဖတ်ပြီးတော့မှ ပေါက်သွားတယ်။ the outsider, စည်းအပြင်ကလူ ၀တ္ထုဖတ်ဖူးတာကို သွားသတိရမိတယ်။
အင်း၊ ကိုယ်လည်း အဲဒီကဗျာထဲကလိုပဲ အရင်က နေဖူးတယ်၊ နေခဲ့တယ်၊ အခုထိလည်း နေမိနေတုန်းပဲ။
အပြင်လူလို့ခေါ်ရင်လည်း ခေါ်လို့ရပါတယ်လေ။
ဆက်ဆံရေးကို စစ်ပွဲအထိတောင် တင်စားမယ်ဆိုရင်လည်း လက်ခံနိုင်ပါတယ်။
ဒီကဗျာလေးဖတ်ပြီး ကိုယ့်ကိုယ်ဆင်ခြင်မိသွားတာက အခုတော့ အင်မတန်မှ တိုးတက်လာပြီလို့ဆိုရမယ်။
(၂၂ ရက် အမှတ်တရတော့ မသိရပါလား:))
ခင်မင်ရင်းနှီးစွာဖြင့်သာ

မြစ်ကျိုးအင်း said...

သူငယ်ချင်းက စည်းအပြင်ရောက်နေတာများလား
နောက်ထပ်စည်းဝိုင်းကြီးကြီး ထပ်ဝိုင်းပေးခဲ့တယ်။
ကဗျာဖတ်ဖတ်စာဖတ်ဖတ် တွေးစရာလေးတွေချည်းပါပဲ။

Minn said...

တင်သမျှ ပုံလေးတွေ ထဲမှာဒီပုံလေး ကို အကြိုက်ဆုံးပဲ

နောက် ဒီကဗျာလေး

ဟာဟ အစ်ကိုသိမ်းထား ရင်ကောင်းမလား

တိုက်ဆိုင်နေတယ်

တက်နိုင်ဘူးရယ်

သူများမြင်သလို မြင်တက်ဖို့ ကြိုးစားနေဆဲ

ကဗျာကောင်းလေးမို့

မျှဝေခံစားပေးတဲ့ ကဗျာဆရာမလေးလည်း The Outsider မဖြစ်ပါစေနဲ့ပါ

အဲဒီစကားလုံးလေးကို University ကျောင်းသားဘ၀ မှာ စပြီး ခံစားလို့ ရသွားခဲ့တာပဲ

မင်းအိမ်ဖြူ

မိုးစက်အိမ် said...

ခံစားချက်တွေ များအရည်ပျော် သွားတာလား ???

ဆောင်းယွန်းလ said...

“နေကောင်းလား”
ထိုစကားစကိုပင် ထုံထိုင်းထိုင်းစည်းကွယ်နေသူရယ်
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ရဲ့။

ကဗျာလေးကိုသိပ်ကြိုက်သွားမိတယ်..
အကိုလည်း စည်းအပြင်ဘက်က ဆူးတချောင်းဖြစ်နေခဲ့
ပါတယ်
ဒါပေမယ့် အကိုကတော့ တောင်းပန်ရမှာကိုတောင် ဝန်လေးနေတတ်သူပါ...

အပြုံးပန်း said...

ကဗျာလေးရေးဖြစ်ပုံလေး သိသွားပြီမယ်ကိုးရေ။
သီဟသစ်ဆီက ပိုစ့်လေးဖတ်ပြီးတော့ပေါ့။

သီဟသစ် said...

မမယ်ကိုးရေ

ကဗျာလေးကို ဖတ်ရှုခံစားသွားပါတယ် ခင်ဗျာ.
ကိုလူထွေးပြောသလို စည်းပေါ်မှာ လျှောက်လှမ်းကြတဲ့ သူတွေချည်းပဲလို့ထင်ပါတယ်..

မမယ်ကိုး စကားနည်းပြီး အေးအေးဆေးဆေးနေတတ်တာကို နားလည်ကြောင်းပါခင်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

ညီမလေးမယ်ကိုး

“နေကောင်းလား”
ဒီစကားကို ထုံထိုင်းထိုင်းမဆိုပေမဲ့
ချစ်ကြည်ခြင်းတွေက
မယ့်အပြုံးတိုင်းမှာ လှလို့ပလို့
အေးခဲခြင်းတွေဆိုပေမဲ့
အပေါ်ယံကြောသာတင်းတတ်တဲ့
အနှစ်မဲ့သူမဟုတ်တာ
သေချာတဲ့သူမို့
တို့တွေ လူမဆန်မသတ်မှတ်...
ရောက်ရာအရပ်မှသာ ပျံသန်းကာကြည့်စေ
နားလည်ကာနေပါရဲ့
မမေ့တတ်တဲ့စိတ်ထဲသာ
တို့များကို ထညိ့ကာထားပါလေ...။

:-)

မရေးတတ်ရေးတတ်နဲ့ ညီမလေးရဲ့ကဗျာလေးကို ပြန်ဖြေကြည့်တာ။ ကဗျာရသလေး ပျက်သွားစေဖို့ မရည်ရွယ်ပါဘူး။

သိပ်လှတဲ့ ကဗျာလေးနဲ့ အဖွဲ့လေးပါလားဗျာ။

ချစ်ခင်လေးစားစွာဖြင့်

TnT said...

ကျွန်တော်လည်း အရင်က အစ်မလိုပါပဲ။ နောက်ပိုင်းတော့ ကောင်းတဲ့နေရာမို့ ကျွန်တော့်စိတ်တွေကို လွှတ်ပေးလိုက်ပါတယ်။ လာရောက်တဲ့အတွက် ကျေးဇူးပါဗျာ။ သေချာမနှုတ်ဆက်မိလို့ တောင်းပန်ပါတယ်။ နောက်တစ်ခေါက်ပေါ့။

Craton said...

ကဗျာကလှပေမယ့် ခါးသက်လို့.. အထီးကျန်လို့...။

အိုင်လွယ်ပန် said...

အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
မြင်ကွင်းမှာ
ဆူးဖြစ်ပါစေ ...
သင့်မြင်ကွင်းရဲ့ မူတည်မှုသာ ....

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ..
“ဖတ်သွားတယ်နော်...” လို့ပဲ ခပ်ရိုးရိုး ပြောတော့မယ်..

တခါတခါ အံဝင်ခွင်ကျ မဖြစ်တဲ့အခါ ရှိတတ်ပါတယ်..

ပျော်ရွှင်ပါစေ...

ချစ်ခင်စွာဖြင့်..

sweety said...

"အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ရဲ့" ဆိုတဲ့စာသားလေးကိုအကြိုက်ဆုံးပဲအစ်မ..အရမ်းကောင်းတဲ့ကဗျာလေးပဲအစ်မရာ..

sweety said...

"အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ရဲ့" ဆိုတဲ့စာသားလေးကိုအကြိုက်ဆုံးပဲအစ်မ..အရမ်းကောင်းတဲ့ကဗျာလေးပဲအစ်မရာ..

မေဇင် said...

မမရေ..........နောင့် တို့တွေ အကုန်လုံး စည်းပေါ်မှာပါ မမရယ် အပြင်မှာလဲ မရှိ အတွင်းမှာလဲ မရှိကြပါဘူး... စကားနဲပြီး စိတ်ထားကောင်းတဲ့ မမကို နားလည်ပါတယ်..။ ဘာလို့ လူမဆန်ဘူးဆိုလည်း ရှိစေ လို့ ရေးတာလဲ ဟင်...။ မမမယ် ကိုနားလည်ပါတယ်... မမ လာတော့ မမ နားမှာ တစ်ချိန်လုံး မရှိနေနိုင်တဲ့ အတွက် ခွင့်လွှတ်ပါနော်... မမလိုပဲ အပြင်ကလူ လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ နောင့် ရဲ့ တစ်ယောက်ကိုလဲ အားပေးရင်း မို့ပါ....း))

မေလေး said...

မမရေ ကဗျာကောင်းလေး လာခံစားတယ်နော်။
စည်းအပြင်ရောက်နေတယ်လို့ မထင်လိုက်ပါနဲ့လား မမရယ်။
စနေနေ့က သေချာဧည့်မခံနိုင်တာ ခွင့်လွှတ်ပါနော်။
မမကို မမြင်ဖူးလို့ ဟိုလူ့လက်တို့မေး ဒီလူလက်တို့မေးနဲ့ နောက်ဆုံးမှ အကိုမိုးကုတ်က မမယ်ကိုးလေ ဆိုမှ သိရတယ်။
မယ်ရုပ်ဆိုးနဲ့ အမှတ်တရတွဲရိုက်သွားတာ ကျေးဇူးပါ မမ။

ဇော် said...

လှလိုက်တာ ဒေါ်လေးရယ်။
ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။
သြော် ... ဖွဲ့နွဲ့လွန်းတတ်တဲ့သူတွေရဲ့ ကလောင်ထက်မှာ စာကြောင်းတွေက သိပ်လှနေတာ အဆန်းတော့မဟုတ်ပါဘူးလေ။
ဒါပေမယ့် တစ်သိမ့်သိမ့်ဖြစ်လောက်အောင် ကောင်းတာကတော့ အမှန်။ ဒေါ်လေးတို့ကို တကယ် အားကျလိုက်တာဗျာ။ =]

မင်းနေဝေး said...

နှလုံးသားနဲ့ ဖတ်သွားတယ် ....
ကောင်းတဲ့ ကဗျာလေးကို .... :)

သားကြီး said...

အစ်မရေ ကျနော့စက်အကောင်ကိုက်သွားလို့လေ
ဆိုင်ပို့လိုက်ရတယ် အဲဒါနဲ့ဘလော့နဲ့အဆက်ပြတ်သွားတယ်
ပြန်လည်းရရော ဘလော့ကိုဖွင့်လိုက်တော့ အခုကဗျာရဲ့
ခေါင်းစဉ်ကိုတွေ့ရတယ် ပြေးလည်းလာရော
အရင်ပိုစ်အဟောင်းပဲတွေ့ရတယ် လူတောင်ကြောင်သွားတယ်
ခုတော့ ဖတ်ရပြီ ပြန်တင်ပေးတာကျေးဇူး
ကဗျာထဲက စကားလုံးတိုင်းကိုနှစ်သက်နေလို့ တစ်ခုချင်းစီတော့မပြောတော့ဘူး
.. ချစ်ခြင်းတစ်ခုရော ဘယ်တော့စမှာလဲ?
အဲဒါလည်းပြောဦးဗျ

နေညှိ said...

လာရောက်ခံစားသွားပါသည်

သားကြီး said...

ဝက်ဝံကလေးဆီကနေကြားခဲ့တာ
အစ်မမယ်ကိုးခဏနားမယ်တဲ့
မနေ့ကရောက်သေးတယ်
ကွန်မန့်ရော စီဘောက်ရောပိတ်ထားလို့
ဘာမှမအော်လိုက်ရဘူး
အကြောင်းကြောင်းကြောင့်ခဏနားမယ်ဆို
နားပါလေ ဘလော့နဲ့တော့မပြတ်စေချင်ဘူး
အဆင်ပြေမယ်ဆိုရင်တော့ စာလေးပြန်ရေးစေချင်တယ်
ချစ်ခြင်းတစ်ခုကိုလည်းအမြန်ဆုံးပြန်ရေးစေ
ချင်ပါတယ် (အမြန်ဆုံးလို့ပြောလိုက်ရတာ အားတော့နာတယ် ဒါပေမယ့် မတတ်နိုင်ဘူး ဟီးး)
ချစ်ခြင်းတစ်ခုနဲ့တော့ဝေးလိုက်လို့မဖြစ်ဘူး
လေဗျာ အမြဲသတိရလျှက်...။

သားကြီး said...

အစ်မရေ အိပ်တော့မယ်ဗျာ
good night
ွှအစ်မရောအိပ်ပြီလား
လှသောအိပ်မက် မက်ပါစေနော်
မက်သောအိပ်မက်လည်း လှပါစေ
sweet dream zzZZZ

Myat said...

အရမ်းအရမ်းကြိုက်ပါတယ်။ ညီမနဲ့ ထပ်တူကျနေလို့ပါ.။။
မ ရဲ့စာတွေကိုအမြဲအားပေးနေသူတစ်ယောက်ပါ..

nyeinsoe said...

တစ်ခါတစ်ခါတော့လည်း တိတ်တိတ်ဆိတ်ဆိတ် ...
ကိုယ့် အရိပ် ကိုယ် ပြန်လှုံ ...
ယုံကြည်မှုကို ဘေးခဏချထား ...
အဖျားသွေး ငွေ့ငွေ့ နဲ့ နေရတာ ကောင်းနေတတ်ပါ
တယ် .. ပုထုဇဉ် မို့ ...
ငြိမ်းစိုးဦး