29 October 2009

သံဝေဂနဲ့ ရယ်ရယ်မောမော ...




မျက်တောင်တစ်ခတ်အတွင်း ကျရောက်လာနိုင်တဲ့ သေခြင်းတရားကို ၂၀၁၂ အထိ ဆွဲဆန့်စိတ်ကူးယဉ်နေသူထဲမှာ ကျွန်မလည်း အပါအဝင်ဖြစ်ပါတယ်။
No Doomsday in 2012: The Reason Why Science Will Not Win
ALL ABOUT 2012 ) ဘယ်လိုဆိုကြလည်း
ဒဏ်ရာတွေနဲ့ ရှင်သန်နေရခြင်းလက်က ရှောင်ပြေးချင်သူမို့ ၂၀၁၂ ဂဏန်းကို နှစ်ခြိုက်နေမိတာလည်း ခက်သားရယ်။

ဒါပေမယ့် အတွေးတွေကို စာမစီမိခဲ့ဘူး။ ချစ်မမ အိန္ဒြာ က ကမ္ဘာပျက်ခါနီး တစ်လလောက်အလိုလို့ တဂ်တော့မှ ကိုယ့်နှလုံးသားကို ကမန်းကတန်းငုံ့ကြည့်မိတဲ့အခါ ….




ဘယ်သူတွေနဲ့ရှိနေချင်လဲ...ဆိုတော့အထီးကျန်ခြင်းမှာ သိမ်မွေ့လှပစွာပေါ့။ ချစ်သောသူတွေနဲ့ အတူမရှိချင်တာက ကိုယ်က ကံနည်းသူဆိုတော့ စက်ကွင်းမလွတ်မှာစိုးလို့ပါ။


ဘာတွေခံစားနေရမလဲ...ဆိုရင် ကြယ်တစ်စင်းဖြစ်ခွင့်မရခဲ့တဲ့ အတွက် ဝမ်းနည်းချင်သားလေ။ဒါပေမယ့်လည်း ကြယ်အသစ်ဖြစ်ဖို့ အိပ်မက်နိုင်တော့မှာမို့ ဝမ်းသာနေပါလိမ့်မယ်။


ဘာတွေပြင်ဆင်ထားမလဲ...ဆိုရင် ခရီးဆောင်အိတ်ရယ်။ ကမ္ဘာပျက်ခါနီးမှာ လေယာဉ်ခတွေ ကြေးမကြီးဘူးဆိုရင် မသေခင်လေး ရောက်ဖူးချင်သေးတာ။ ဗင်းနစ်မြို့ပေါ်မှာ လှေစီးချင်ကာ ဆာဟာရကန္တာရလည်း လျှောက်ကြည့်ချင်သေးတာ။ အဲဒီအချိန်ဆို လူတွေများလို့ လွမ်းဆွတ်ဖွယ် မလှနေတော့ဘူးဆိုလည်း ပါရီလမ်းမတလျှောက် ငေးရင်း ဗင်းဆင့်ဗန်ဂိုး ရဲ့ ညခင်းကဖေးဆိုင် မျက်နှာစာလေး လိုမျိုး တွေ့လိုတွေငြား ရှာပါဦးမယ်။



ပြီးတော့ နိုင်ဂါရာရေတံခွန်နားမှာ ခဏနားလို့ နောက်ဆုံးတော့ အလှဆုံးဆိုတဲ့ အမေ့အိမ်က ငပလီမှာ ခရီးဆုံးချင်ပါတယ်။ နိဂုံးအဖြေကတော့ အဲဒီအချိန်ဆို လူသူကျဲပါးကာ ဈေးလည်း သက်သာနိုင်တဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းခိုအပန်းဖြေခွင့်ရဖို့နဲ့ ကမ်းခြေမှာ အေးအေးဆေးဆေးလေး သေဆုံး ဖို့ပေါ့။


ဝမ်းနည်းမိမှာက... ကြေကွဲခြင်းမှာ အကျွမ်းဝင်နေသူဆိုတော့ ဘယ်ဒဏ်ရာက ပိုစူးရှလည်း မစဉ်းစားချင်ပေမယ့် တကယ်သေရမယ်ဆိုရင် ကိုယ်ပုံရိပ်လွင့်ပြယ်သွားလို့လည်း ဝမ်းနည်း သတိရမယ့်သူမရှိတဲ့ ဘဝကို တွေးတိုင်းနာကျင်နေမလား။


ကြောက်လန့်မိတာကတော့ သေခါနီး သတိလေးမှ ဆောင်ထားနိုင်ပါ့မလားလို့ တွေးနေမိပေမယ့် ဆောင်ထားချင်တာလေးက ခရီးဆောင်ကွန်ပျူတာလေးပေါ့။ အဲဒီအချိန်မှာ မမမနော်ဟရီတို့ မမအိန္ဒြာတို့ ကဗျာရေးကြမယ် ဆိုရင် တိုက်ရိုက်ကြည့်နိုင်မလား လို့ရယ်ပါ။


ဘာတွေရေးမိမလဲ ဆိုရင် ပုလင်းလေး ၉၉၉ ခုထဲထည့်ဖို့ ရေစိုခံစာရွက်လေးတွေမှာ .......... ဘာရေးမှာလဲဆိုရင်...ပြောပြဘူး =) ။ တစ်ခုတစ်လေမှာ ရုပ်ပုံလွှာထည့်ရင် ကောင်းမလားလို့လည်း စဉ်းစားနေတယ်။ အသက်ရှင်ကျန်ခဲ့သူတွေကို နှိပ်စက်ချင်လို့။ :P
တွေးမိတွေးရာ အတွေးကတော့ ဒီလောကမှာ ငါမရှိလည်း ဖြစ်တာ ပိုပိုပြီး သေချာလာပါလား။


ဂုဏ်ယူချင်တာက ဆိုရင် တရားတော်ကို နာကြားခဲ့ရတဲ့အတွက် စိုးစဉ်းငယ်လေး ကျင့်ခွင့်ရတဲ့အတွက်။
ရှာကြံဖြေသိမ့်မိတာက ချစ်တဲ့သူတွေတော့ မလွင့်ပါးနိုင်လောက်ပါဘူး။


ကျူးရင့်ချင်တဲ့ ဥဒါန်းက သေမင်းဆိုတာရေ … မြန်မြန်လာကွာ … ကြာတယ်။ ( ကျွန်မရဲ့  g-talk မှာတင်ထားတဲ့ ၂၀၁၂ မှာ ဇာတ်သိမ်းပြီတဲ့လား။ အဲဒီလောက်ကြာစရာမလိုဘူးပဲ အခုချက်ချင်းဆိုလည်း ဖြစ်တယ် ဆိုတာကို အစ်ကိုရင်နော်က ထည့်ရေးဆိုလို့ version ပြောင်းပြီး ကျူးရင့်လိုက်ပါတယ် =)


ခုလို တမင်မျက်နှာလွှဲထားတဲ့ သေခြင်းကို မျက်လုံးချင်းဆုံကြည့်ဖြစ်သွားတဲ့အတွက် အထူးကျေးဇူးပါ ချစ်မမအိန္ဒြာရေ...



34 comments:

yangonthar said...

ဒီအကြောင်းလေး ကျနော့်လည်းတက်ဂ်ထားတယ် အစ်မရ
အစ်မရဲ့ စိတ်ကူး အတွေး ဆန္ဒ တွေကို ဖတ်သွားပါတယ် ကမ္ဘာပျက်လည်း ဒီရေးဟန် လေးတော့ မပျက်စေ့ချင်ပါ .... အဲဒီ သေခြင်းတရားများ မျက်စိမှတ်လို့ ရောက် လာ ရင် မျက်စိပြန်ဖွင့်တဲ့ အခါ သွားဖြဲပြီး ရယ်ပြ မိမယ် ထင်တယ် .... :) ဒါပေမယ့် သေရမှာ ကြောက်တဲ့အထဲ ပါတုန်းပဲရှိပါသေတော့ မချိသွား ဖြဲတာမျိုးပဲဖြစ်မယ် ထင်ပါတယ် အစ်မမယ်ရေ ......
အဆင်သင့်မဖြစ်တာတွေကို ပြင်ဆင်ဖို့ ထိုင်ရက မထမိသေးပါဘူးဗျာ .....
ခင်တဲ့
ရန်ကုန်သား
ပျော်ရွှင်ပါစေ

ဝက်ဝံလေး said...

အယ် ကမ္ဘာကြီးရယ် မပျက်ပါနဲ့ဦးဟ နော် အဲဒီ ၂၀၁၂ မှာ အိုလံပစ် ဒီမှာ လုပ်မယ် ကြားတယ် မမရယ် အဲဒါ Nadal ကို သွားအားပေးချင်သေးလို့ သူပျက်မယ် ဆိုလဲ ခဏလောက် အောင့်ထားပါဦးလို့ ပြောမလို့နော် ချစ်မကြီးမပျက်ခိုင်းနဲ့ဦးနော် ဟီးးးးးးးးးးးးးးးးးးးးး

ဝက်ဝံလေး said...

၁ လို့ပြောမလို့ပဲ နောက်တော့မှ သတိရသွားတာ ဒါနဲ့မပြောတော့ဘူးနော် ၁ လို့ သိလား........
မမကိုး ညီမဆီလာခဲ့ ညီမရဲ့ ဘော်ဒီကြီးနဲ့ ကာထားပေးမယ် ကမ္ဘာပျက်ရင်သိလား ဟိဟိ ခွီးးးခွီးးးးးးးး

ဝက်ဝံလေး said...

စားလို့သောက်လို့ အိပ်လို့ ပျော်လို့ ပါးလို့တောင် မဝသေးဘူး မပျက်ပါနဲ့ဦးဟာ ဟဲဟဲ နဲနဲလေး ဈေးဆစ်ကြည့်ထှာ ရမလားလို့ပေါ့ မရဘူးဆိုလဲ နေပေါ့နော့် များ တို့ကတော့ ဟယ်လီကော်ပတာကြီးစီးပြီး ရှောင်နေမှာ အင်္ဂါဂြိုဟ်မှာ လိုက်ဦးမလား ဟေ့ ဟေ့ ဖေသားကြီး တို့ ဟားဟားးးးးးးးး လိုက်ရင် စာရင်းပေးနော် ဒါဗြဲ

မမကိုးရေ အိပ်တော့မယ် တာ့တာ မအိပ်ခင်လာဖတ်တယ် ည လူကို အိပ်မပျော်အောင်လုပ်ပြီသိလား (အလကား ခေါင်းချလိုက်တာနဲ့ နဂါးနှာမှုတ်သလို တရှူးရှူးနဲ့ အိပ်တာကိုများ)

အိပ်မပျော်ရင် အဲဒါ မမကိုးတာဝန်ပဲ တာ့တာ ဂွတ်နိုက်ဘိုင်

အိုင်လွယ်ပန် said...

နားထောင်သွားတယ်ဗျ
ကောင်းသောနေ့ပါဗျာ :)

MANORHARY said...

ကဗျာအတူလာရေးမယ်ဆို ခုတော့ အဝေးကနေပဲ
နက်ပေါ်က ကြည့်မယ့်သဘောလား
ပြောသာပြောတာပါ လက်နှစ်ဖက်လုံးမအားတဲ့
မအိန္ဒြာလည်းကဗျာလာရေးနိုင်လိမ့်မယ် မထင်း))

အိန္ဒြာ said...

ဟားဟား....

ဟုတ်သား....( မမရေ.စိတ်နဲ့ရေးပြီး လွှတ်လိုက်မှာ..)

မယ်ရေ..

ကမ္ဘာပျက်တာလေးကို..
လှလှပပလေး ပျက်ပြရေးပြထားတာ..
အတွက်ကျေးဇူးပါ..။

၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ကျ မ တို့ ဒီပိုစ့်တွေ ပြန်စုတင်ရအောင်..

ကြားထဲ မသေသေးရင်ပေါ့..း))

တလနွန် said...

သံဝေဂ နှင့် ရယ်ရယ်မောမောကို လာဖတ်သွားပါတယ် မမယ်ကိုးရေ....
ချစ်သောသူနဲ့ အတူမရှိချင်တာက ကိုယ်က ကံနည်းသူဆိုတော့ စက်ကွင်းမလွတ်မှာ စိုးလို့ ပါ ဆိုတဲ့ အဖွဲ့ လေးက လှတယ်။

ခင်လျက်
တလနွန်

မေဇင် said...

မမ ရေ.... သေခြင်းတရား ကို မကြောက်သလို ဆိုထားတဲ့ မမ ကို တကယ်အားကျပါတယ်...။ နောင့် ကတော့ လေ...ကြောက်တယ်... တွေးပြီးလဲ ကြောက်တယ်...မဖြစ်နိုင်ပါဘူး..မယုံပါဘူး ဆိုပေမယ့်..တရားမရှိဘူးပဲ ဆိုဆို...တစ်နေ့ သေရမယ် သိပေမယ့်... သေရမှာကိုတော့ တကယ်ကြောက်မိပါတယ် မမရယ်....။

မေဇင် said...

အယ်...နောင့် ရေးထားတာလေး ဘယ်ပျောက်သွားတုန်း မသိဘူး...။ အဟင့်...။
မကြောက်သလို ရေးထားတဲ့ မမ ကို အားကျတယ်လို့...၊ နောင့် ကတော့...တရားမရှိဘူးဆိုဆို...လူတိုင်း တစ်နေ့ သေရမယ် သိပေမယ့်... သေရမှာကိုတော့..သေမလောက် ကြောက်တယ်လို့...အဟီးးးးးးး။

မမ ချမ်းမြေ့ပါစေ..။

ချစ်ညီမ..

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

မယ်ကိုး လဲ ကိုလူထွေး အသံကြားသွား ထင်ပါ့...း))

ရွာသားလေးဝိုင်တီယူ said...

အဲ့ဒီပန်းချီကားတွေမြင်တိုင်း နေသန်တို့ကိုသွားသတိရမိတယ်။ စကားလုံးတွေရဲ့ နာကျင်မှုကို ဒီဇာတ်လမ်းမှာ အပြည့်အ၀ခံစားမိတယ်။ ငါကမင်းကို လိုအပ်ခဲ့တာ မဟုတ်ဘူး မင်းကငါ့ကို တစ်ချိန်လုံးလိုအပ်ခဲ့တာပါဆိုတဲ့ စကားရဲ့ အတိမ်အနက်..

အခုအချိန်ထိ ကျနော်ဘာရေးရမယ် မသိသေးဘူးဗျာ..

လသာ said...

မယ်ကိုးရေ.. အဲဒီအချိန်ရေးမယ့် ရေစိုခံစာရွက်ပေါ်က စာသားကိုလည်း ဖတ်ချင်တာ..။ နောင်တချိန် (အခြားဘ၀တစ်ခုခုမှာ?) ပြန်ဆုံရင် အခုလို ဘလော့လေးလုပ်ပြီး ပြန်ရေးပြဦးနော်..

ဒဏ္ဍာရီ said...

၂၀၁၂ တော့တကယ်ပျက်မပျက် မသိဘူးနော် မမ။ အခုတလောတော့ ဘလောဂ့်လောကကြီး ကမ္ဘာပျက်တွေနဲ့ လုံးပန်းနေတယ်။ ဒီတဂ့်ပိုစ့်လေးတွေကို လိုက်ဖတ်ရင်း စာရေးသူ တစ်ဦးချင်းဆီက ရသင့်ရထိုက်တဲ့ သင်ခန်းစာလေးတွေ ဘယ်လိုနေထိုင်သင့်တယ် ဆိုတာလေးတွေကို မှတ်သားသွားပါတယ်။ ကြေက်စရာ ကောင်းလှတဲ့ ကမ္ဘာပျက်ခြင်းကို ကြောက်စိတ်တွေ လျှော့ပါးအောင် ရေးပေးတတ်လို့လည်း ကျေးဇူးတင်ပါတယ် မမ။

ခင်မင်လေးစားလျှက်

စည်သူ said...

အင်း
မမမမမမမမမမမမမယ်၉ရေ..
ကမ္ဘာပျက်မှာကိုတောင်.. ဖွဲ့ဆိုမှုလေးတွေနဲ့ ရေးထားသေးတယ်..

လက်စွမ်းက ထပ်ပ..း)

အင်း.. ကံနည်းသူ.. ကံနည်းသူ..

ခင်မင်စွာဖြင့်
စည်သူ။

စိမ်း... said...

ကြည့် သူက ခုထိကို စိတ်ကူးယဉ်နေနိုင်သေးတယ်... ပြေး ပြေး လွတ်အောင်သာမြန်မြန်ပြေး မမရေ...

မောင်ဘကြိုင် said...

း) အစ်မရဲ့ခံစားချက်အတွေးလေးမှတ်ယူသွားတယ်ဗျာ
း) ကမ္ဘာကြီးတော့မပျက်နိုင်သေးဖူးလို့ယုံကြည်တယ်
ဒီသတင်းတွေတွေ့လဲ မဖြုံသေးဖူး ဟိဟိ
း) ဗုဒ္ဓရဲ့ဓမ္မစာပေတွေမှာ မဖတ်မှတ်ရလို့ဗျို့
း) လူဆိုတာသေမျိုးတဲ့ ပြောကြတယ်
ကျွန်တော်တော့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားကကာလ
တိုလေးကိုဖြတ်ကျော်လိုက်အုံးမယ်
း)

ဇော် said...

ဟူးး ...
ဒေါ်လေးတို့လို စိတ်မျိုး ထားတတ်နိုင်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ မှတ်မှတ်ရရ .. တွေးဖြစ်လိုက်မိတယ် ..

ကိုရင်နော်ခင်လေးငယ် said...

ချစ်နှမ မယ်ရေ...
ရေးထားတာလေးက စိတ်အေးလက်အေးရှိနေပုံများ ငြိမ်းချမ်းလိုက်တာနော်..

“ချစ်သောသူတွေနဲ့ အတူမရှိချင်တာက ကိုယ်က ကံနည်းသူဆိုတော့ စက်ကွင်းမလွတ်မှာ စိုးလို့” ဆိုတာလေးက မယ်ကိုး ရဲ့ တွေးတတ်ပုံ အစစ်လေးပဲ..

“ဒီလောကမှာ ငါမရှိလည်း ဖြစ်တာ ပိုသေချာလာပါလား” ဆိုတာကလည်း ဟုတ်နေတာပဲ..

“အဲ့ဒီလောက် ကြာစရာ မလိုဘူးပဲ အခုချက်ချင်းဆိုလည်း ဖြစ်တယ်” ဆိုတာကလည်း အဆင်သင့် ဖြစ်ဖို့ လိုပြီ ဆိုတာ သေချာနေတွေးနေမိတယ် (ကမ္ဘာပျက်၊မပျက် မဟုတ်ဘူးနော်.. “သေဖို့” ကို ပြောတာ..း)

ဥသျှစ်သီး မကြွေကျခင် သက်လုံကောင်းအောင် တရားသဘောလေး ဆောင်ပြီး အပြေးလေးကျင့်ကြတာပေါ့ ညီမရယ်..

ချစ်ခင်စွာ..

>ကိုရင်နော်၊ ခင်လေးငယ်

ကိုရင်နော်ခင်လေးငယ် said...

ပြောဖို့ ကျန်သွားတယ်..
သေခြင်း ဆိုတာကို ကျနော်လည်း မျက်လုံး ဆုံပြီး ကြည်ချင်သေးတယ်.. ခဏဘေးဖယ်..း)

ချစ်ခင်စွာ..
ကိုရင်နော်

အမရာ said...

အိုး..တို့စိတ်ကူးနဲ့မယ်နဲ့
တူတာတွေရှိတယ်တော့်.
ကြယ်ဖြစ်ချင်တာခြင်းလေ...

မိုးစက်အိမ် said...

ကြယ်တစ်စင်းဖြစ်ခွင့်မရတဲ့  အတွက်ဝမ်းနည်း
ပေမဲ့  ကြယ်အသစ်ဖြစ်ဖို့  အိမ်မက်မက်နိုင်တော့မှာမို့ 
ဝမ်းသာတယ်ဆိုတဲ့ စကားလေး သဘောကျမိပါတယ် . . .

ဖိုးစိန် said...

ပိုင်ဆိုင်ခွင့်= သေခြင်း

ပါရီမြို့ပေါ်က ရွန်ဇေလီဇေ လမ်းမကြီးပေါ်မှာ တစ်ယောက်တည်း အိတ်လေးတစ်လုံးကို ကိုင်ပြီး ငေးမော ဆွေးမြေ့နေမယ့် ကိုးကိုးမျက်နှာလေးကိုမြင်ယောင်မိသေး..

သေရမှာကိုမကြောက်ဘူး...

သေမှာကို သိပြီးသေရမှာ ကြောက်တယ်လား...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

လင်းဒီပ said...

သေခြင်းက ထွက်ပေါက်အစစ် မဟုတ်သေးပါဘူး မယ်ကိုးရယ်...။

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ် ခဏလေးနဲ့ပြီးဆုံးသွားတော့မယ်ဆို
ကမ္ဘာကြီးမှာ လုပ်ခဲ့သမျှတွေ နှမျောစရာတော့ ကောင်းသား...။

လသာည said...

မန့်ပြီးသား ထပ်မန့်ဦးမယ်။ ပြောစရာကျန်လို့.. :D

ဘာလေးပဲ ရေးရေး စိတ်အေးလက်အေး သေသေချာချာ ခံစားရေးတတ်တာလေးကို အရမ်းသဘောကျတာပဲ..လို့..

Mogok Thar said...

မယ်ရေ..
ခရီးဆောင်အိတ်နဲ့ ခရီးသွားရင် အကိုတော်ကိုလဲ ခေါ်နော။ မယ် သွားချင်တဲ့ နေရာတွေက အကိုတော်သွားချင်တဲ့ နေရာတွေပါတယ်။

အကိုတော်က သေရမှာထက် အသေ မတတ်မှာတော့ ကြောက်တယ်ဗျားးးးး

မယ် က ကြယ်လေးတစ်စင်း ဖြစ်နေပါပြီ။ နီဘီရူးလို ကမ္ဘာကို ၀င်တိုက်မဲ့ ကြည်မျိုးတော့ မဖြစ်ချင်ဘူး.. ဟုတ်တယ်ဟုတ်...

မယ့် ကမြာလေး ပျက်တာက အေးအေးဆေးဆေး လှလှပပ

ချစ်ခင်လေးစားလျှက်

မင်းအိမ်ဖြူ said...

အင်း
ဘာရယ်
လျှောက်သွားနေအုံးမယ်တဲ့လား P:

သေခြင်းတရားကို ရင်ဆိုင်ပုံလေးသဘောကျတယ်

ကိုယ်တိုင်ရောလို့ စဉ်းစားနေမိတယ်

မင်းအိမ်ဖြူ

သားကြီး said...

ကဲဗျာ
၂၀၁၂နောက်ဆုံးရက်အထိအစ်မစာကို
စောင့်ဖတ်နေမယ်
သေမင်းကိုမြန်မြန်လာကွာလို့တကယ်စိမ်ခေါ်လိုက်သလားဗျာ
ကြယ်တစ်စင်းဖြစ်ခွင့်အစ်မမှာအများကြီးရှိပါ
သေးတယ်
အစကတော့ကျနော်လည်းလန့်သလိုလိုပဲ
ကိုပီတာဆီကစာတွေဖတ်ပြီးမှပဲနေလို့ထိုင်လို့ကောင်းသွားတော့တယ်
ကျနော့်ကိုလည်းတဂ်ထားသေးတယ်ဗျာ
ဘာတွေရေးရမှန်းတောင်မသိတော့ဘူး

့hnin said...

မမကိုး
ရေစိုခံ စာရွက်လေးတွေပေါ်မှာ ဘာတွေများရေးမှာလဲဟင်
အရေးထဲ ကမ္ဘာပျက်လို့ သေရတော့မှာပါဆို
စပ်စုလိုက်သေးတယ် ၀ါသနာပါလို့းp
ချစ်တဲ့ ညလေး နှင်းဟေမာ

ကိုလူထွေး said...

ကမ္ဘာပျက်တော့မယ်ဆိုနေမှ လောင်စာဆီတွေ ပိုနေတာ ဘာလုပ်တော့မှာလည်းနော်...
အတွေးလေး သဘောကျတယ်... လေယာဉ်ကုန်ပနီထောင်မှထင်တယ်...

းဝ)

မေငြိမ်း said...

ညီမလေးရေ..
အမကို ဆက်သွယ်ပါလားး.. email နဲ့ပေါ့.. :)
ကိတ်ချာ့ချိလို့..

နန်းညီ said...

ကြယ်မဖြစ်ရလို့ ဝမ်းနည်းမယ်တဲ့လား.. အစ်မရေ..

M☆ŋM☆ŋ H♪ε♪ said...

ဒီ စိတ်ကူးလေးတွေကိုကြိုက်လို့ တင်လိုက်ပါတယ် ...........:)