19 December 2009

လူဖြစ်လိုသူရဲ့ ဇာတ်အဆုံး



အဖော်မပါဘဲ။ထီးတည်း။တစ်ကိုယ်တည်းသော။ထီးထီးမားမား။ တစ်ဦးတည်း။

ဘယ်လို စကားလုံးတွေပါလိမ့်။ မျက်ကွယ်ပြုနေလည်း အာရုံကို ဝင်တိုက်နေကြတာ။
မွေးလာတည်းက တစ်ယောက်တည်းဆိုတဲ့ မဲပြာစကားလုံးကိုပဲ ထပ်သုံးရဦးမှာလား။
ဟင့်အင်း။
ခါးလွန်းလှတယ်။
ဒါပေမယ့် လှည့်ကြည့်လိုက်ရင် အနားမှာ ဝက်ဝံရုပ်တစ်ရုပ်ပဲရှိတယ်။

“ ဘာဖြစ်လဲ။ ငါပျော်နေတယ် မဟုတ်လား ” လို့ ကိုယ့်ကိုကိုယ် ခပ်တည်တည်လိမ်ဖို့ ကြိုးစားချင်လည်း...
လွတ်လပ်ခြင်းနှမ်းဖြူးကာ စိတ်ကြီးဝင် ဂုဏ်မောက်ဖို့ မပီမပြင်ဟန်ဆောင်ချင်လည်း …
နင့်နင့်နဲနဲကြေကွဲခြင်းကို မျက်ကွယ်ပြုကာ ဘယ်တော့မှမငိုဘူးလို့ ကျူးရင့်ချင်လည်း...

ဘယ်အချိန်တုန်းက ပြုံးခဲ့ပါလိမ့်။ မမှတ်မိတော့ဘူး။ ညတင် မှောင်တာ မဟုတ်ဘူး။ နေ့တွေကလည်း မည်းနက်နေတယ်။

လူတကာတွေ အတင်းဆိုကြတာ မျက်နှာကြော တင်းမာပြီး မာနထောင်လွှားပါတယ်တဲ့။ အတွင်းစိတ် သိမ်ငယ်လွန်းလို့ အပေါ်ယံခက်ထန်တတ်တာကို သူတို့ မသိချင်ယောင်ဆောင်နေကြတာလား။

အားလုံးရိပ်မိနိုင်တဲ့ ကျွန်မရဲ့ မာနဟာ အခွံသာ။ ဆင်ခြင်မှုဆိုတာ ဗလာ။ အသေအချာပေါ့ ထိန်းချူပ်နိုင်စွမ်းဟာ လွတ်ထွက်နေဆဲ ဖြစ်ပါတယ်။

ငါ့ကို သရော်စော်ကား ထပ်မကြည့်နဲ့တော့။
သည်းမခံတော့ဘူးကွဲ့။

နားလည်ချင်သူမဲ့ ကျွန်မရဲ့ စကားလုံးဟာ အချည်းနှီးသာလေ။ လစ်ဟာနေတဲ့ စာနာမှုတွေကတော့ ကျိုးတိုးကျဲတဲ ရယ်သွေးသွမ်းကုန်ကြ။ ရာသီခွင်တွေဟာ အနှစ်မဲ့လွန်းစွာ ကခုန်နေကြ ။နောက်ကျောက ဓားတွေဟာ ပုခုံးချင်းယှဉ် ထိုးနှက်လာကြ။

ဘာဆက်လုပ်ရမလဲ။ လမ်းတွေဟာ ဖုန်မှုန်တွေအဖြစ်ပြောင်းကာ လွင့်စင်ပျောက်ကွယ်သွားပြီ။ လှေကားထစ်တွေက တွန်းချကာ တံတားတွေက လွှတ်ချခဲ့ပြီ။ နတ်ဆိုးက အသေသတ်ခဲ့ပြီ။

အသေအချာလေ။ ပိုင်ဆိုင်သမျှ အကျိုးအပဲ့တွေကို သင်္ဂြုံလ်ဖို့ ၊ ကောင်းကင်ကို အရည်ဖျော်ပစ်ဖို့၊ အလင်းလှိုင်းကို မီးရှို့ပစ်ဖို့ ခွန်အားစုဆောင်းရတော့မှာ။ အိပ်မက်တွေကို ဘေးဘက်ကို လွှင့်ပစ်လိုက်ရုံပဲပေါ့ ။ ဒီဘဝကို သွန်ချဖို့ မနှောမျောသင့်တော့။


Denis Bowen: Moon Rising, 1989


ဝေဒနာတွေကို လက်သင့်ခံနေတာ ရပ်တန်းက ရပ်သင့်နေပြီ။ တစ်ယောက်တည်းသာ။ အထီးကျန်သော…ဆိုတဲ့ နာမဝိသေသနတွေကို ဆိတ်ငြိမ်စွာ ရှုမှတ်လို့ လွတ်လမ်းရှာသင့်ပြီပဲ။

တစ်ခန်းမရပ်သေးပေမယ့် အရန်လူအဖြစ်တောင် အသုံးမဝင်သူကို အမြန်ဆုံး ရှင်းထုတ်ချိန်ရောက်ပြီလေ။ … ။



( နောက်ဆက်တွဲ... ဘလော့လေး နှစ်နှစ်ပြည့် အမွန်တမြတ်စာရေးချင်ပေမယ့် အမှတ်တရကိုလိုက်ရှာဖို့ ခက်ခဲချိန်မို့ ဒီစာလေးပဲ ရေးဖြစ်ပါတယ်။ စာဟောင်းတွေပဲ တင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဒီဘလော့မှာ စာသစ်တွေရေးဖို့ နှိုးဆော်ခဲ့သူ၊ လင့်ခချိတ်ပေးထားသူများ၊ အကြံပေးဝေဖန်ခဲ့သူများ၊ စာဖတ်ခဲ့သူများ၊ အားပေးခဲ့သူများအထူးသဖြင့် စာရေး ရပ်နားနေခိုက် အားပေးတိုက်တွန်းခဲ့သူများ နဲ့ မယ်ကိုးကို ချစ်သော မုန်းသော စာလာဖတ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ အနူးအညွတ်လေးလေးစားစား ဆိုပါရစေ။
ကျွန်မ စာတွေ ဆက်ရေးချင်ပါတယ် ။ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေပါဦးမယ်။ )


မေတ္တာများဖြင့်
မယ်ကိုး

38 comments:

ngukhine said...

Welcome Come Back ပါ.မယ်ကိုး။ ( ၂ ) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
စာကောင်းပေမွန်တွေ အများကြီးရေးသားနိုင်ပါစေ။
ချစ်ခင်လေးစားစွာဖြင့်
စာဖတ်ပရိတ်သတ်

အပြုံးပန်း said...

ဒီစာရေးသူရဲ့လက်ရာ ကိုဖတ်ရခြင်း အရသာတစ်မျိုးကို
ပြန်လည် ဖြည့်ပေးလို့
ဝမ်းမြောက်ရပါတယ် မယ်ကိုးရေ။

ကိုရင်နော်ခင်လေးငယ် said...

အင်မတန် စာရေးကောင်းသော ချစ်ညလေး....

နှစ်နှစ်ပြည့်မှသည်...

နှစ်ပေါင်းရာချီတိုင်အောင် ချစ်သောခင်သော မောင်နှမများစွာနှင့်....

ထာဝရဆီသို့...... ...... ...... ......

((ချစ်တဲ့....))

ရွာသားလေးဝိုင်တီယူ said...

မုန်းသူတွေ ရှိမထင် ပါဖူး မမယ်ကိုးရာ
ရှေ့သို့ဆက်လက်ချီတက်ကြ ပါစို့

လင်းဒီပ said...

ဒေါ်မယ်ကိုး
ဆက်ရေးပါ ဆက်ရေးပါ နှစ်နှစ်မှသည် နှစ်များစွာ..။

ဒီစာလေးကတော့
အထီးကျန်ခြင်း တိတ်ဆိတ်ခြင်း အလိုမကျခြင်းတွေကို ပြောပြနေတာ ခြောက်ခြားဖွယ်...။

နေ့အိပ်မက် said...

မမရေ နှစ်နှစ်ကနေ နှစ်နှစ်ဆယ် နှစ်နှစ်ရာ(ဖြစ်နိုင်မယ်ဆိုရင် ပြောပါတယ် :D)ထိ ဘလော့ဂ်ကို ပျော်ပျော်ရွှင်ရွှင်ရေးနိုင်သူဖြစ်ပါစေနော်

ဒါနဲ့တဂ်ထားတယ်သိလားမမ

အိန္ဒြာ said...

တိုးတိုးလေး..ကြိတ် ပြည့် လိုက်တာပေါ့....

စိတ်ညစ်လို့ရေးရေး ပျော်လို့ရေးရေး
ချစ်လို့ရေးရေး လွမ်းလို့ရေးရေး

ဘာဖြစ်လို့ပဲရေးရေး..

ရေးသမျှ ဖတ်ကောင်းနေတာပဲ ညီမလေး..

Lucifer said...

ဘယ်အချိန်ကျမှ စာစရေး ရေး
ရေးသမျှစာတွေက ဖတ်လို့ကောင်းနေသလို လေးနက်မှုရှိပါတယ်...

ကိုယ်နှစ်သက်တဲ့ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို အတားအဆီး အပိတ်အပင်မရှိ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်ပါစေလို့ မမီးဆုတောင်းပေးမယ်နော်....

yangonthar said...

“အတွင်းစိတ်က သိမ်ငယ်လွန်းလို့  အပေါ်ယံခက်ထန်တတ်တာကို သူတို့ မသိချင် ယောင် ဆောင်နေကြတာလား ........ ”လူသား တစ်ယောက် ရဲ့  သဘာဝ ကို ပေါ်လွင်စေတဲ့ စာသားလေးပဲ အစ်မရေ .... ထုံးစံအတိုင်း အစ်မယ်ရဲ့  စာလေးတွေကတော့ သဘောကျမြဲ နှစ်ခြိုက်မြဲပါ ......
ခင်မင်လေးစားရသော အစ်မမယ်ရဲ့  “မယ်ကိုးရဲ့  စာစုများ” ဘလော့လေး နှစ်နှစ် ခရီးမှသည် နှစ်ပေါင်းများစွာတိုင် အော်မြင်မှုများစွာ ပျော်ရွှင်မှု များစွာဖြင့် ဖြတ်ကျော်နိုင်ပါစေ ..... စာဆက်ရေးချင်တဲ့ အစ်မမယ်ရေ ပရိတ်သတ်တွေကလည်း ဖတ်ဖို့ အတွက် စောင့်မျှော်လျက်ပါ .... :)
ခင်တဲ့
ရန်ကုန်သား :)

အယ်ကို said...

ဒဏ်ရာကိုပြုစု၊
သွေးတိတ်အောင်ကုသလို့
ဤမွေးနေ့မှစ၍
နာရီအားလုံး မသိုးသောနေ့များဖြစ်ပါစေ။
ဆုမွန်တောင်းပေးလိုက်ပါတယ်။


လေးစားစွာဖြင့်
အယ်။

ဝက်ဝံလေး said...

မမ ရေ သာမီး ၁ မရဘူးနော် ဟင့်ရွှတ် နိုချင်တယ် ဗြဲဟဲဟဲ

ဝက်ဝံလေး said...

မမ ရေ ၂ နှစ်ပြည့်မှသည် နောက် နှစ်ပေါင်း ၁၂၀ တိုင်အောင် ဘလော့ဂ် ဂင်းနိုင်စေသော်ဝ်
ဟိဟိ မွေးနေ့ ဆုတောင်းနဲ့ တူသွားပြီ တတ်နိုင်ဘူးနော် ဟဲဟဲ

ဝက်ဝံလေး said...

ချစ်မ custom message မှာပြောတော့ စာပြန်ရေးမယ်ဆို ၂ နှစ်ပြည့်တင်ပြီးရင် စာပြန်ရေးနော် သိလား မျှော်နေမယ်နော် သိလား

ဘိုင်တာ့တာ

ဝက်ဝံလေး said...

ပြန်ဒေါ့မယ် ဒုန်းးးးးးးဒုန်းးးးးးးးးဒုန်းးးးးးးးးးးး နှောင့်ယှက်သွားတယ် လို့မထင်စေချင်ပါ ဟီးးးးးးး ဂယ်လဲ နှောင့်ယှက်သွားတာပဲ ဟားဟားးးးးးးးးးးးးးးးးး ဘိုင်

Anonymous said...

:)
အရန်လူလဲ လက်ခုပ်တီးပေးဖို့ အသုံးဝင်ပါတယ်။
အသစ်လေးတွေ မျှော်နေမယ်
မမွန်

ရွှေရတုမှတ်တမ်း said...

သူပြန်လာပြီ.....
မယ်ကိုး..တဲ့ဟေ့..တကိုးထဲရှိတယ်..နှစ်ကိုးဆိုရင်တော့......ဆယ့်ရှစ်

မောင်ဘကြိုင် said...

ဟားဟား ပျောစရာာကြီးဗျို့
ဝမ်းမြောက်ဝမ်းသာကြိုဆိုအားပေးနေတယ်အစ်မရေ
ကိုယ့်လမ်းကိုယ်လျှေက်ဒိုးရိုးပေါက် အောင်မြင်မှု့ပန်းတိုင်
ဆီ ပျော်ရွှင်စွာရောက်၇ှိစေသတည်းး)

အောင်သာငယ် said...

ရွာသားလေး ပြောသလို မုန်းသူတွေ ရှိမယ် မထင်ပါဘူး...

ဒါနဲ့ စကားမစပ် ပြောရဦးမယ်...
မယ်ကိုး ဘလော့ကို အမြဲ ဖတ်ပါတယ်...
Google Reader ထဲကနေ ဖတ်ပါတယ်...
ဘလော့ကိုတော့ အမြဲ မလာဖြစ်ဘူး... အချိန် ရှားပါးလို့ပါ...

ခုတော့ ဘလော့ကိုလာပြီး ဆုတောင်းတာပါ...
၂ နှစ်ပြည့်မှသည် နှစ်တရာတိုင် စာတွေ ကဗျာတွေ ဆက်ရေးနိုင်ပါစေ...

တဆက်ထဲ Merry X'Mas & Very Happy New Year!!! လို့ ဆုတောင်းပေးခဲ့ပါတယ်...

ခင်မင်သော

ATN

သိင်္ဂါကျော် said...

ခံစားချက်တွေကို ချရေးတဲ့ အခါ စိတ်သက်သာရာ ရတာပေါ့နော်..
နောင် နှစ်များစွာတိုင် စာတွေ ဆက်ရေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်.. :)

ကြည်ဖြူပိုင် said...

မယ်ရေ.
ဘလော့ဂ်လေးတောင်နှစ်နှစ်ပြည့်ပြီဆိုတော့
မယ့်စာရေးသက်တမ်းမနည်းဘူးပဲ
လေးစားပါတယ်သူငယ်ချင်းရေ
စာကောင်းလေးတွေဖတ်ရတဲ့အတွက်လဲ
အားရတယ်
ပြန်လာတဲ့အတွက်လဲဝမ်းသာတယ်
အိမ်သစ်လေးအတွက်လဲကြည်နူးတယ်
နှစ်သစ်မင်္ဂလာမှာလဲပျော်ပါစေလို့
ဆုတောင်းပေးတယ်နော်
ချစ်တဲ့ကြည်ဖြူပိုင်

. said...

လာဖတ်သွားတယ် အမ .......

စာရေးကောင်းတာနဲ့ စကားလုံအသုံးအနှုံးလှတာတော့ အမှန်ပဲ

မုန်းသူတော့မရှိလောက်ဘူးထင်ပါတယ် ..

ဘာပဲ ဖြစ်ဖြစ် ရှေ့သို့ ပါ အမ ...

လေးစားအားပေးလျှက် ....

MANORHARY said...

ရှေ့ဆက်နှစ်များစွာမှာ
အနုပညာနှင့်သာ နေထိုင်ခွင့်ရပါစေသား...

ကိုဇော် said...

လာဖတ်သွားတယ်ဗျာ..
စကားလုံးတွေ ရွေးတာ ကောင်းတယ်ဗျာ။

အမရာ said...

မယ်ကိုးလေးရေ..မအီန္ဒြာပြောသွား
သလိုပဲ..မယ့်စာတွေကဘာကြောင့်
ရေးရေးဖတ်လို့ကိုကောင်းတာ..
ပါရမီထူးတယ်ဆိုရမှာပေါ့.......
ရှေ့လျှောက်စာတွေမနားတမ်းရေးနိုင်
ပါစေနော်...။။။အစဉ်အမြဲအားပေးလျက်။။

ချစ်တဲ့
အမရာ

မိုးစက်အိမ် said...

အမစာလေးတွေ မဖတ်ရတာကြာပြီ
ခုလိုပြန်ဖတ်ခွင့်ရတာ ၀မ်းသာတယ်ဗျာ
ဘာဖြစ်ဖြစ်ပါအမရယ် ၀မ်းမနည်းကြေးပေါ့
လုပ်စရာရှိတာသာဆက်လုပ်ပါ အားပေးနေပါမယ်
ဘလော့လေးလည်း ထာဝရ တည်တံ့ပါစေဗျာ . . . :)

မိုးစက်အိမ် said...

အမစာလေးတွေ မဖတ်ရတာကြာပြီ
ခုလိုပြန်ဖတ်ခွင့်ရတာ ၀မ်းသာတယ်ဗျာ
ဘာဖြစ်ဖြစ်ပါအမရယ် ၀မ်းမနည်းကြေးပေါ့
လုပ်စရာရှိတာသာဆက်လုပ်ပါ အားပေးနေပါမယ်
ဘလော့လေးလည်း ထာဝရ တည်တံ့ပါစေဗျာ . . . :)

အိုင်လွယ်ပန် said...

မင်္ဂလာပါဗျာ :)

နှင်းဟေမာ said...

မမကိုးရေ...
ရုံးပိတ်ရက်မှာ ကလော့ကလိတာနည်းနည်းများသွားလို့ လင့်တွေအားလုံး ပျောက်ကုန်တယ် ...
အခုမှ Google ထဲကနေ နံမည်တွေရိုက်ထည့်ပြီး ပြန်ရှာနေရတာ မမရေ... အသစ်တင်တာ မသိလိုက်ရဘူး အပြစ်နဲ့ကိုယ်ပါပဲ အဟင့် ... ရွှတ် ..း(
အလွမ်းပြေသွားတယ် ... ခုလိုလေးပြန်ဖတ်လိုက်ရတာ ...
မမ အားတဲ့အချိန်လေးတွေမှာ ခုလို စာလေးတွေ များများရေးနိုင်ပါစေနော် ... ထာဝရအားပေးလျှက်
မယ်ကိုးရဲ့ ပရိတ်သတ်
ချစ်ညလေး နှင်း

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မယ်ကိုး ရေ..

၂ နှစ်ပြည့် အမှတ်တရလေးပေါ့။ အားပေးနေမယ်။ ဆက်လက် ရေးပါအုံးလို့။

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး

mae said...

ထုံးစံအတိုင်း စာကို လာခံစားသွားတယ်

မယ်ကိုးလေး.. စာဆက်ရေးပါ၊ ဆက်ဖတ်မယ်၊

ချစ်တဲ့
မမေ

Vista said...

အလွမ်းပြေ ..မြန်မာပြည်ကပြန်ရောက်ရောက်ခြင်း စာလေးဖတ်လိုက်ရလို့ ပျော်သွားတယ်

နန်းညီ said...

“ငါ့ကို သရော်စော်ကား ထပ်မကြည့်ကြနဲ့တော့
သည်းမခံနိုင်တော့ဘူးကွဲ့”

ခုတလောဖြစ်ရပ်များနှင့် တိုက်ဆိုင်နေလို့ အရမ်းထိသွားတဲ့ စာစု.. မမယ်ကိုးရေ... ဆက်သွားပါ..

ချစ်ခင်စွာ အားပေးလျက်..

မင်းအိမ်ဖြူ said...

င့ါ နှမ နှယ် ဘာတွေ တွေးနေတုန်း

ဟာဟ နှစ်နှစ်ခရီးတောင် ရောက်ခဲ့ပြီလား

ဘာမှ မကြာဘူးထင်ရတယ်နော်

စိတ်ချမ်းသာမှု အပေါင်းခညောင်းပါစေ

အစ်ကိုလည်း အလုပ်သစ်မှာ အသားကျအောင် လုပ်နေရတယ် ညီမရေ တခါတလေဆို ညဖက် ရထားတောင် မရှိတော့ဘူး မရောက်ဖြစ်တာ ခွင့်လွတ်

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

ယုယကပြောတယ် ညီမ အသစ်ဘလော့လုပ်ထားတယ်တဲ့ ရောက်ကို မရောက်ဖြစ်တာ ကိုယ့်အိမ်တောင် စိတ်အရမ်းအားမှ

ဝင်ဖြစ်တယ်

ညီအကိုများ said...

အခုမှစရောက်တာပါ..
မင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေဗျာ..


မိုးကြယ်

ကိုရင်နော်ခင်လေးငယ် said...

。° 。 ° 。˚ ˛ • ˚ ˚ ˛
MERRY 。 • ˚ ˚ ˛ ˚ ˛ • •
。CHRiSTMAS 。 。° 。 ° ˛ ˚ ˛
Π___ 。 ˚ ˚ ˛ ˚ ˛ •˛ •˚
/_____/ \。˚ ˚ ˛ ˚ ˛ •˛ •˚
| 田田|門| ˚ ˛ ˚ ˛ •
Merry Christmas and a Happy 2010 New Year

((ချစ်တဲ့ ညလေး.. ချမ်းမြေ့ပျော်ရွှင်ပါစေ..))

ကာရံဆူး said...

မမမယ်ကိုးရေ...မစာတွေ့ လို့ အချိန်ရတုန်းလေး လာဖတ်လိုက်ပါတယ်...သိမ်ငယ်စိတ်က လူတိုင်းမှာ ရှိတတ်ပါတယ်...ဘ၀ကို သွန်ချရင်း စုဆောင်းထားတဲ့ အားတွေနဲ့ အသစ်တွေကို မွေးဖွားနိုင်ပါစေလို့ ...

Anonymous said...

စာတွေလာဖတ်သွားပါတယ်။။အဟောင်းတွေပြန်ဖတ်နေတာ
မယ်..အများကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်နော်..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟိဟိ ကိုယ့်မန့်တာကိုယ်ပြန်ဖတ်ရင်း မယ်ကိုးကိုအားနာရဲ့ ဟီး ကိုယ့်ထက်အသက်များကြီးမလားလို့ အစ်မခေါ်မိတယ် ချောတီးနော်း)

မောင်ဘကြိုင်