26 December 2009

ဘာဖြစ်လို့ လွှတ်လိုက်တယ်...

သံသရာတစ်ကွေ့မှာ ကလေးငယ်နဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးငယ်ဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်လုံးအိမ်ထဲထည့်တယ်။ ငါးကလေးက ဒီသီချင်းဟာ သူ့အတွက်သာ ရည်စူးဆိုတာလို့ ထင်နေသတဲ့။ ကလေးငယ်လေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိပါလားလို့ ကြည်နူးနေတတ်တယ်။ တကိုယ်စာကန်ထဲကငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ တခမ်းတနားမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးငယ်လေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးငယ်က ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ ပြီးတော့ သူမယုံဘူးတဲ့လေ။ “ သူ့ကို မစွန့်ပစ်ပါနဲ့ ” လို့သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။ ချောင်လေးထဲမှာပဲ အေးအေးဆေးဆေး သူနေပါ့မယ်။ ကလေးငယ်လေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း မရွေ့မရှား ငြိမ်ငြိမ်လေးနေကာ မလှုပ်ခတ်ပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးငယ်က ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။ 

ဒီလိုနဲ့ ရင်ကွဲနာကျကာ ရေအောက်ရောက်သွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။ အလွမ်းဒဏ်နဲ့ မလှုပ်မယှက် ရိုရိုသေသေဆုတောင်းတယ်။ ကလေးငယ်ကို မြင်ရနိုးနဲ့ သေဘေးကို မကြောက်ဘဲ မြစ်ဖျားမှာ တိတ်တိတ်လေး စောင့်တယ်။ ဒါပေမယ့် ပျော်ရွှင်ဆော့ကစားစရာတွေ များပိုင်တဲ့ ကလေးငယ်ဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။ 

နောက်ဆုံးမှာပြင်းဟုန်ရှနေတဲ့အပူတွေ ပျောက်လိမ့်နိုးနဲ့ ငါးလေးဟာမြစ်ဖျားပေါ်တက်လာတယ်။ကြောက်ရွံ့တတ်လွန်းပေမယ့် ကလေးငယ်လေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း အားအင်တွေစုကာ အမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားတာပေါ့။ ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ဒါပေမယ့် ကလေးငယ်လေး အရိပ်ကြောင့် နောက်တစ်ခေါက် ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပြတ်ကွဲရှကုန်ပြန်တယ်။ 

ဒီလိုနဲ့ မေ့မျောရင်း ရေနက်ထဲ ပြန်ရောက်သွားလေတာ။ ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးငယ်လေးအပြုံးကလွဲလို့ တခြားအရာကို အမှတ်သည်းခြေနည်းတဲ့ ငါးရယ်။ ဒီလိုနဲ့ နာကျင်ဒဏ်ရာတွေ နိဂုံးချူပ်ပေးမယ့် အခုန်မှာတော့ ကျေက်စွန်းနဲ့ရိုက်ကာ သူ့အရိုးတွေ ကြေလို့ သွေးတွေ အန်ထွက်တယ်။ အဆုံးမှာတော့ ကလေးငယ်ရဲ့အရိပ်ကိုလည်း မမြင်လိုက်ရပါဘဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ပါဘဲ ငါးကလေး အသက်ပျောက်ရှာလေတာ။ 

လူတွေမြင်တော့ ရယ်ကြတယ်လေ။ တဆင့်နားနဲ့ ကြားတဲ့ ကလေးငယ်ကလည်း ဘေးလူတွေရယ်သလို လိုက်ရယ်တာပေါ့။ ပြီးတော့ “ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေး ”လို့ ဆိုလေရဲ့။ နှလုံးသားပဲ ရှိတဲ့ငါးပါ လို့ ချေပပေးမယ့်သူ မရှိဘူး။ ငါးမှာ ကလေးမလေး တစ်ဦးတည်းသာ တွယ်တာခဲ့တာပါ ဆိုကာ ထုချေလွှာ တင်ပေးတဲ့သူ မရှိပါဘူး။ 

အဲဒီလို အားပါးတရဝေဖန်ကဲ့ရဲ့ပြီးတဲ့နောက် လျှောက်လဲချက် မပေးနိုင်ဘဲ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို တံငါသည်တွေက ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။ အံ့သြစရာက ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို သူတို့ တွေ့ရှိသွားခဲ့တာ။ အမြုတေဆိုပဲ။အလုအယက်ယူကြ။လုယက်ကြ။ နောက်ဆုံးမှာ လောဘလူတွေဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်လေ။ 

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။နာကျင်သွားတဲ့ အမြုလေးဆီက “ကလေးငယ်လေး” ဆိုတဲ့ ဆို့ဆို့နင့်နင့် တိုးတိုးတိမ်တိမ်အသံငယ်လေးကို ကြားရသတဲ့။ လူတွေဟာ မယုံနိုင်အောင်ဖြစ်ပြီး သေနတ်နဲ့ပစ်ကြပြန်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပေမယ့် အမြုတေလေးက ပဲ့မထွက်သွားပါဘူး။ “ ကလေးလေးရေ ” ဆိုတဲ့ ကြေကြေကွဲကွဲ ဝမ်းနည်းဖွယ်အသံလေးကိုသာ ထပ်မံ ကြားရလေတာ။ 

ဒီလိုနဲ့ လူတွေက အမြုတေလေးဟာ တန်ခိုးဣဒ္မိပါဒ်ရှိတဲ့ အမြုတေအစစ်မဟုတ်မှန်း သိသွားကြပေမယ့်လည်း လွှင့်မပစ်ပါကြဘူး။ အံ့သြလွန်းလို့တဲ့။ ဓားခုတ်ရာ တစ်ချက်ခံရတိုင်း အမြုတေလေးဆီကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အမြုတေလေးအခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြပြန်ပါတယ်။ 

ယနေ့ထက်တိုင်လေ။ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့တဲ့ ... ကြာပွတ်တံနဲ့ ရိုက်နှက်နေကြဆဲ။ တကယ်တော့ အမြုတေလေးရဲ့ “ကလေးလေး ... ကလေးလေး ... ” လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။



Title: Goldfish Size: 18x36
credits : www.artbywicks.com



(ကျွန်မနားနေတုန်းက စာရေးဖြစ်အောင် tag ပေးတဲ့ လူကလေး အယ်ကို နဲ့ ညီမလေးငုဇာကို တခြားစာမျက်နှာမှာ “ ငါးပုံပြင်” ဆိုပြီး ပြောပြခဲ့တာပါ။ လာလည်အားပေးရှာတဲ့ ချစ်မလေး လသာည ကလည်း နှစ်သက်လို့ ဆိုပြီး သူ့စာမျက်နှာမှာ ကျွန်မကြိုက်တဲ့ငါးပုံပြင်လေး ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ ဆားချက်သလိုဖြစ်သွားရင် အားနာပါတယ်ရှင် =)


မေတ္တာများဖြင့် ...
မယ်ကိုး )

33 comments:

နှင်းဟေမာ said...

မမကိုးရေ ....
အကြိမ်ကြိမ်ဖတ်မိတဲ့ ပို့စ်လေးကို နောက်တစ်ကြိမ် လာဖတ်ပါတယ် ...း)
မယ်ကိုးရဲ့ စာစုတွေ စာမေးပွဲစစ်ပါလား ညလေး ပထမ ဆိုလိုချင်လို့ အဟား ...
ချစ်ညလေး နှင်း

Vista said...

မဖတ်ရသေးတာမို့ အသစ်ပဲ..
ဘာရေးနေနေ ပျောက်မနေရင်ကျေနပ်ပြီ..
ဆားချက်ချက် အချိုမှုန့် ချက်ချက် ...ပိုစ့်တင်နေရင်ကျေနပ်ပြီ မမယ်..

အိုင်လွယ်ပန် said...

နားထောင်သွားတယ်ဗျ ..။
ပုံပြောကောင်း ပ ..။
ကောင်းသောနေ့ပါဗျာ :)

သိင်္ဂါကျော် said...

ပုံပြင်ကတော့ ဟိုဘက်မှာ ဖတ်ပြီးပြီ..
Merry Christmas and Happy New Year !!!!

ကြည်ဖြူပိုင် said...

ဒီပုံပြင်လေးကိုတစ်ခါမှမကြားဖူးဘူးသူငယ်ချင်းရေ
သနားစရာကောင်းလိုက်တာနော်
ငါးကလေးကိုသနားလိုက်တာ။ ရင်ဆို့တယ်။
ကလေးလေး ကလေးလေး ဆိုတဲ့ခေါ်သံစွဲလေးကိုဖတ်ရတဲ့အခါ
တိုက်ဆိုင်မှုရှိတော့
မျက်ရည်ဝဲသွားတယ်။

နေ့အိပ်မက် said...

မမအမြဲပြောတဲ့ တခြားစာမျက်နှာဆိုတာ ဘယ်နားမှာလဲလို့... :( လျှိုထားတယ် အကျင့်ပုတ် !_!

MANORHARY said...

ငါးပုံပြင်လေး လာဖတ်သွားတယ်။
တချို့တွေရဲ့ ပြီးလွယ်စီးလွယ်နိုင်မှုက
လွယ်ကူလွန်းလိုက်တာ...

အမရာ said...

မယ်ကတော့ရေးတတ်ပနော်...
ပုံပြင်လေးထဲက ငါးလေးကု
သနားလိုက်တာ....


ချစ်တဲ့
အမရာ

မောင်ဘကြိုင် said...

ရောက်လာခဲ့တယ်ဗျို့
ပုံပြင်လေး ဖတ်သွားတယ်ဗျ
အရင်စာတွေလဲဖတ်လို့မကုန်ဖူးဖြစ်နေတယ်ဗျာ
တပုဒ်တပုဒ်(အားလုံး) ကောင်းလွန်းတယ် ရွာပြန်ရောက်ရင် လာမ ဖတ်နိုင်မှာတော့စိုးသားဗျာ

ဒဏ္ဍာရီ said...

ဖတ်တော့ ဖတ်ဘူးတယ် မမယ်ကိုးရေ... အခုတခါ ထပ်ဖတ်ရတော့လည်း ကြေကွဲစရာလေးပါပဲ။ ပိုစ့်တွေ ပြန်ရေးတာ တွေ့ရလို့ ၀မ်းသာပါတယ်။

ခင်မင်လေးစားလျှက်

ဝက်ဝံလေး said...

မမ ရေ သနားစရာလေးနော် ငါးလေးက သနားလိုက်ထှာာာာာာာာာာာ

ဝက်ဝံလေး said...

မမ ရေ ခရစ်စမတ်ဘာလုပ်ဖြစ်တုံး
Merry Xmas နော် အာဘွားးးးးးရှလူးးးးးးးးးး

အိန္ဒြာ said...

ဘာဖြစ်လို့ လွှတ်လိုက်တယ်..

ဘာဖြစ်လို့ လွှတ်လိုက်တယ်..

ဘာဖြစ်လို့ လွှတ်လိုက်တယ်..

မြစ်ကျိုးအင်း said...

သူချစ်တဲ့သူကို မြည်တမ်းခွင့်လေးအတွက် လဲလိုက်ရတဲ့ နာကျင်မှုလေးကို ငါးကလေး ကျေနပ်နေမလား .....

ရွှေရတုမှတ်တမ်း said...

ဟင်...ဒီငါးလေးကိုဆားချက်ပစ်ရင်..ငါးဆားနယ်ဖြစ်တော့မှာပဲ..း))
မင်္ဂလာနှစ်သစ်မှာ..ချမ်းမြေ့ပါစေ မယ်ကိုးရေ့

အပြုံးပန်း said...

ငါးကလေးနေရာမှာ တခဏနေကြည့်တော့ မကောင်းဘူး ရင်ထဲ၊ ရသတစ်ခုကို တွေ့ရပြန်တယ်။

Dream said...

ချီဘုံးရဲ တွေ့ဖူးးးးးးးး
ဟင့်...

မက်မက်ရာလယ်ပီး ချာဒွေဖတ်တွားဒယ်....

မင်းအိမ်ဖြူ said...

အစ်ကို့အတွက်တော့ သတင်းမဟုတ်တဲ့ စာမှန်သမျှဟာ မဖတ်ရသေးသူတိုင်းအတွက်တော့ အဟောင်းမဟုတ် ပါဘူးကွာ အမြဲတမ်းသစ်နေတာပါပဲ


ဒါ့ကြောင့်လည်း တတိယအကြိမ် ဆဌမအကြိမ် စသည်ဖြင့် အကြိမ်ကြိမ် ပြန်လည် ထုတ်ဝေကြတာပေါ့

ဟာဟ ဆားချက်တာ မဟုတ်ပါဘူး ငါ့ညိမက ကော်ပီပေ့စ်တာပါလို့ P

မင်းအိမ်ဖြူ

Anonymous said...

သံသရာထဲ ၊ တွေ့ပြန်လဲကွယ်
ရေစက်ကယ်မွဲ ၊ သေကွဲကွဲတယ် ။
မျက်ရည်သက်သေ ၊ အမြူတေအား
လူကလေးငို ၊ တမ်းတဆိုတယ်
ငေးငိုမိမှိုင် ၊ လဲခွေယိုင်ကာ
လွမ်းကဗျာကိုကိုင်၊ ယောင်မှားကာဆိုင်တယ်
ငါမသေဘဲ ၊ မြွေရေလဲသလို
အဟောင်းကိုယ်စိတ် ၊ ဘယ်သွားချိတ်ရပါ့။

လူကလေးငိုသွားပါတယ်..ဘွားဘွား
လေးစားလျက်
လူကလေး

ညရဲ့ကောင်းကင် said...

ပုံပြင်လေးက သနားစရာနော်...
ငါးကလေး ကံဆိုးလိုက်တာ...

မိုးစက်အိမ် said...

တကယ်ကို ငါးပုံပြင်လေး တစ်ပုဒ်မှာ
ငါလေးတစ်ကောင် သူဝမ်းနည်းကြေကွဲ
နေပေမဲ့  သူ့ ရင်ထဲက မျက်ရည်တွေဟာ
မျက်ဝန်းပြင်ပ စီးဆင်းဖြာမကျလာနိုင်ဘူး
ဒါဟာ ဘာကြောင့်ပါလဲ ? . . . သူက ငါးလေး
တစ်ကောင်ဖြစ်နေလို့ ပဲပေါ့ဗျာ . . .

Anonymous said...

ဒီနေ့ ငါးစင်းကောချက်စားတယ်။
ဟယ်တော့ ....အဲဒါ
မယ်ရဲ့ ငါးလေးလားမသိဘူး

း)
(စတာနော်)
mm

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဘာရေးရေး စာတွေဆက်ရေးနေရင်ပျော်ပါတယ် မမမယ်ကိုးရေ

ဒါနဲ့ ရက်စက်ချက်နော့်
မှားရက်လိုက်တာ
သောကြာနေ့ကလေ
း(((((((
တခြားဆီမမရဲ့
နောက်တွေ့မှမိတ်ဆက်ပေးမယ်။းP

နန်းညီ said...

နန်းညီရဲ့ ကန်လေးထဲမှာပဲ နေပါလို့ တောင်းပန်ပေမယ့် ဘယ်လိုမှ မနေနိုင်ဘဲ ကုန်းပေါ်တက်ပြေးသွားတဲ့ ငါးလေးတစ်ကောင် နန်းညီမှာရှိတယ်..

အစ်မရေ.. ဒါလေးဖတ်ပြီးတော့ တကယ်ပဲ မျက်ရည်တောင် ကျမိတယ်..

ဝေလင်း said...

အဲလိုတွေရှိလား..
တစ်စုံတစ်ယောက်ရဲ့ ငြီးငွေ့လွယ်မှုက တစ်စုံတစ်ယောက်အပေါ်အဲလောက်ထိ ဆိုးဆိုးရွားရွား သက်ရောက်တတ်လား..ဒါဆို ကျွန်တော်အများကြီး မှားခဲ့ဖူးတာပေါ့...

TnT said...

ကျေးဇူး မမယ်ကိုး။ အရမ်းကောင်းတယ်၊ သူ့ဘက်ကိုပါ ဒီလို ပြင်းပြင်းပြပြ စဉ်းစားပေးရမှာပေါ့။

ကိုလူထွေး said...

ပုံပြင်ကတော့ ဟိုဘက်မှာ ဖတ်ပြီးပြီ...

New Year အတွက် အသစ်တင်ပါအုံး...
Tag ပါတယ်...

းဝ)

Anonymous said...

ပုံပြော ကောင်းလှတယ်

mae said...

ဖတ်သွားတယ်၊ ထုံးစံအတိုင်း ခံစားသွားတယ်

comment တွေ မရေးဖြစ်တော့တာ ခွင့်လွှတ်ပါ

pandora said...

လှတဲ့စာလေးကို ခံစားသွားတယ်။
နှစ်သစ်မှာ အင်အားသစ်တွေနဲ့ စာတွေအများကြီး ဆက်ရေးနိုင်ပါစေ မယ်ကိုးရေ

ဒဏ္ဍာရီ said...

မမယ်ကိုးရေ.......... Happy New Year!!!

ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ... စာတွေလည်း အများကြီး ဆက်လက်ရေးသားနိုင်ပါစေနော်။

ခင်မင်လေးစားလျှက်

Vista said...

မင်္ဂလာနှစ်သစ်ပါ မမယ်ကိုး စီဘောက်မတွေ့ လို့ ဒီမှာအော်သွားတာပါနော်

လင်းဒီပ said...

အော် ငါး ငါး ...
ငါးအကြောင်းကို
အမြင်အမျိုးမျိုးနဲ့ ကဗျာတွေရေးကြ စကားပြေတွေရေးကြ...ဖတ်လို့ကောင်းတယ်..။
(ကိုလူထွေးငါးကတော့ အတော်ရီရတယ် ။)