01 February 2010

“ မယုံကြည်နိုင်တဲ့ စကားလုံးတွေ ”


သိက္ခာဆည်ချင်သူမို့ သွေးစိမ်းရှင်ရှင်ကန့်လန့်ကာအဖွင့်ကို မျက်နှာလွှဲနေလည်း ဖြစ်ရပ်မှန်ဟာ ဒဏ်ရာတွေ ပြိုးပြိုးပျက်ပျက်နဲ့ ကြောက်စရာကောင်းလှတယ်။“ထားခဲ့ပါ။နေတတ်ပါတယ်။ အသားကျနေပါပြီ။ ”လို့ မာနနဲ့ ဆိုချင်လည်း လိမ်လည်ခြင်းမျှသာပဲ။

“မင်းသွားပြီလား။ ဘယ်တော့မှ ပြန်မလာတော့ဘူးလား...”

ကောင်းပြီ။ “ ပစ်မသွားပါနဲ့ ” လို့ စဉ်းငယ်လေးတောင် ဆိုမှာ မဟုတ်ဘူး။ အေးဆေးပါ။ ခေါင်းမော့ကာ ရယ်ဦးမယ်။ မယုံဘူးလား။ ဒီမျက်နှာပေးနဲ့မှ လွင့်ကျလာမယ့် မျက်ရည်တွေကို ထိန်းသိမ်းနိုင်မှာလေ။ ကျွန်မစောင့်နေမှာ မဟုတ်ဘူး။ မစောင့်ဘူး။ဒီလို အထပ်ထပ်ဆိုရင်းမှာပင် သူ့အရိပ်လေးကို မျှော်နေမိ။ ဆိုးရွားလွန်းလှတဲ့ မိုးရေစက်တွေပဲ။

“ အခုထက်တိုင် မျက်ဝန်းတွေဖွင့်ခိုက် မင်း တစ်ယောက်ကိုသာ မြင်နိုင်ဆဲ။ ရေလေးတစ်ပေါက်တောင် မြိုချဖို့ ခက်ခဲ။ မင်းပြန်မလာတော့ဘူးပေါ့ ... ဟုတ်လား။ ”


ကျွန်မဟာ သူလွယ်လွယ်အနိုင်ရခဲ့တဲ့ ကစားနည်းဖြစ်လို့ ငြီးငွေ့သွားခဲ့ပြီ ။ စွန့်ပစ်ခံရခြင်း။ စွန်ပစ်ခံရခြင်းဟာ သိမ်ငယ်စေတယ်။ စွန့်ပစ်ခံရခြင်းဟာ မာနကျိုးပဲ့စေတယ်။ စွန့်ပစ်ခံရခြင်းဟာ သေစေနိုင်တယ်။ ငါဟာ ရုပ်ဝတ္ထုမဟုတ်ဘူး။ သူ ငါ့ကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဘူးလို့ တွေးလည်း အသဲကွဲခြင်းဟာ ရှောင်လွဲလို့ မရတော့ဘူး။ စွန့်ပစ်ခံရတယ်။ ဘယ်လိုနည်းနဲ့ ကျိုးပဲ့အိပ်မက်ကို ပြန်ဆက်ရမလဲ။ သူ့အရိပ်လေးကို မမြင်ရတော့တဲ့နောက် မျက်တောင်တစ်ခတ်ကပင် ခက်ခဲလွန်းလှတယ်။

“တစ်ကြိမ်လေး။ နောက်ဆုံးအကြိမ်လေးတောင် ပြန်လာမတွေ့တော့ဘူးလား။
မင်းမနှစ်လိုတဲ့ အရာတွေကို နောက်မပြုလုပ်တော့ပါဘူး။  
မင်းကြိုက်တဲ့ သီချင်းတွေကိုသာ ကျွန်မ သီဆိုပါ့မယ်။
 
 
ကျွန်မအတွက် လမ်းပေးဖို့လည်း နောက်ထပ်တစ်ခါမဟုတ် ဘယ်တော့မှ တောင်းဆိုတော့မှာ မဟုတ်ပါဘူး။  မင်းနှစ်လိုတဲ့ စားဖွယ်ရာသာ ဖန်တီးပေးမှာပါ...”



ရယ်...ရယ်ရသေး။ ဒီလောက်စိတ်ပျက်စရာကောင်းတဲ့ သီချင်းလည်း လောကမှာ ရှိသေးတာပဲလေ။ စေတနာဟာ မလိုအပ်သူအတွက် အပိုလျှံသာဖြစ်တယ်။ မမြင်တတ်သူအတွက် အောက်ကျို့ခြင်း ဖြစ်စေတယ်။ ကျွန်မဒီသီချင်းကို သိပ်မုန်းတယ်။ နံရိုးတစ်ခုသာမို့ အိပ်မက်မရှိသင့်တော့ဘူးလား။ လမ်းလျှောက်မသင် သင့်တော့ဘူးလား။ မိန်းမတစ်ယောက်က လူတစ်ယောက်မဟုတ်ဘူးလား။

ကံကြီးသီတာပဲ။ မပေါင်းအပ်သူမို့ ရေစက်ကုန်သွားတာပါလို့ ဖြေသာအောင် တွေးရတော့မှာ။ ကြိုးတစ်စကို သူကြောက်သလို ကျွန်မလည်း စိုးရွံ့သူပါ။အကြင်နာကို ဖြားယောင်းမှုလို့ တံဆိပ်ကပ်လိုက်မှာ စိုးထိတ်သူမို့ သင့်ရာကပဲ ငေးနေသင့်တာ။ ဂရုစိုက်လိုမှုကို ချည်နှောင်ခြင်း ခါင်းစဉ်အောက်မရောက်စေချင်လို့ အကွယ်ကပဲ တမ်းတနေသင့်တော့တာလေ။ဒီလို နာကျင်တရား နှလုံးသွင်းနေလည်း ရင်ထဲက ပူလွန်းတယ်ကွယ့်။ ချစ်တယ်။ အသေအချာလေ။ ဆင်ခြင်ဥာဏ်တွေလည်း ခမ်းခဲ့ပြီ။


“ကျွန်မကို တကယ်ပဲ စွန့်ပစ်သွားပြီလားကွယ်။
ကျွန်မတို့ အချစ်တွေဟာ တကယ်ကို အဓိပ္ပါယ်မဲ့သွားပြီလား။ 
မင်းဆိုခဲ့သမျှ မုသားတွေပါလို့ ယနေ့ထက်တိုင် ယုံကြည်ဖို့ ခက်နေဆဲလေ...”


မမြဲပြောင်းလဲနေတဲ့ လောကထဲ အမြဲတစေ ဆိုတဲ့စကားကို ကျွန်မ မယုံခဲ့သလို သူကလည်း ထာဝရလို့ ကတိမပေးခဲ့ပါဘူး။ ဒါဖြင့် ပြုံးနေလေ။ ပြင်ဆင်ပြီးသား မဟုတ်လား ဆိုလည်း ကျွန်မ ခေါင်းမမော့နိုင်ဘူး။
လမ်းအလယ်မှာ ရပ်ကာ ဘယ်အရပ်ကို မျက်နှာမူရမှန်း နားမလည်တော့ဘူး။

“ကောင်းကင်ကို ကြည့်မိရင်လည်း မင်းမျက်နှာရိပ်ပဲ ထင်နေတယ်။ ဝမ်းနည်းမှုနဲ့ မျက်ရည်တွေကြား နစ်မြုပ်နေဆဲ... ပင်ပန်းလွန်းလှတယ်... ”

အသည်းနှလုံးထုတ်ယူခံထားရတဲ့ ရင်ဘတ်ထဲမှာ ဟင်းလင်းခွင်။စွန့်ပစ်ခံရခြင်းမှာ အိပ်မက်တွေ ဖွာလန်ကြဲသွားတယ်။ လမ်းတွေ ပျောက်ကွယ်သွားတယ်။ ကောင်းကင် လိပ်ခွေသွားတယ်။ကျွန်မ အသက်မရှုနိုင်တော့ဘူး။ “မသွားပါနဲ့ ” လို့ နှုတ်ဖွင့်ဆိုချင်လည်း ပိုင်ဆိုင်ခြင်းဆိုတာ ကျွန်မနဲ့ အကျွမ်းမဝင်ဘူး။ “ မထားခဲ့ပါနဲ့ ”လို့ တောင်းပန်ချင်လည်း သက်ဆိုင်မှုဆိုတဲ့ စကားလုံးဟာ ကျွန်မတို့နှစ်ယောက်အကြား ရယ်စရာကောင်းလှတယ်။

“ဘာကိုမှ ဂရုမစိုက်ဘဲ လဲပြိုရင်း “ ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ ” လို့ မင်းနာမည်ကို ရင်ဖွင့်အော်ဦးမယ်... မျက်လုံးအစုံဖွင့်နေချိန်မှာ မင်း ကျွန်မအနားမှာ ရှိနေသေးသလို ခံစားမိဆဲရယ်...”

ဒီသီချင်းနားဆင်နေတာ အဖြစ်ချင်းတူလို့ မဟုတ်ဘူး။ ကျွန်မ နောင်တရနေလို့ မဟုတ်ပါဘူး။ မယုံဘူးလား။ ကျွန်မမှာ နာကျင်ကြေကွဲတတ်တဲ့ ဝိညာဉ်မရှိဘူး။ ဒါပေမယ့် ပရဟိတနဲ့ အကျွမ်းတဝင်ဖြစ်နေလည်း ကျွန်မရဲ့ နာမရူပတွေ အလုပ်မလုပ်တော့ဘူး။ ကျွန်မ သေနေပြီ...။ သူစွန့်ပစ်ခဲ့တဲ့နေ့ကစလို့ သေဆုံးသွားပြီ။ မုန်တိုင်းအလယ်ရပ်ကာ အသက်ရှင်ခြင်းရဲ့ အကျိုးကို သိချင်သေးလည်း ကျွန်မ သေဆုံးသွားခဲ့ပြီ...

“မင်းသွားပြီလား။ ဘယ်တော့မှ ပြန်မလာတော့ဘူးလား...”

ဟင့်အင်း ။ သည်းမခံနိုင်တော့ ။ ခါးလိုက်တာ။ ဘယ်လို သီချင်းပါလိမ့်။ ဒါပေမယ့် ထပ်ကာ ကြားချင်နေဆဲ။ ကျွန်မ လွမ်းနေလို့တဲ့လား။လုံးဝ မလွမ်းဘူး။ တကယ်ပဲ မလွမ်းဘူး။ကျေးဇူုးပြုပြီး ယုံကြည်ပါ။ကျွန်မ အတိတ်မေ့သွားပြီ။ ကျွန်မ ခုဘဝသစ်မှာ ပျော်ရွှင်နေပြီ။ ဒီလိုဆိုရင်း…. သူ့ပြန်အလာကို စောင့်နေဆဲ မကျွတ်မလွတ်လိုတဲ့ နာနာဘာဝဟာ ကျွန်မ ဖြစ်ပါတယ်။

(Hwang Boကို ချစ်မြတ်နိုးလို့ ရေးထားမိတာ အတော်ကြာပါပြီ။ သီချင်းမကောင်းပါဘူးလို့ မိတ်ဆွေအပေါင်းက တားဆီးတဲ့အတွက် စာတင်ဖို့ တွန့်ဆုတ်နေမိတာပါ။ကျွန်မကို စာတင်ဖြစ်အောင် အမြဲတိုက်တွန်းတတ်တဲ့ ညီမလေးငုဇာကို အထူးကျေးဇူးတင်ရင်း... )

မေတ္တာများဖြင့် ...
မယ့်ကိုး 

ကိုးကားဘာသာပြန်: Hwangbo 황보 - Can't Believe The Words (믿을 수 없는 말)
Credits to XtinaMaria for the translation.
Artist : Hwangbo (황보) Album : Can't Believe the Words,single, Release : April 20, 2009
(စာကြွင်း။ Hwangbo ရဲ့ သီချင်းတစ်ပုဒ် ( mature/ a gift for him) ကို လွန်ခဲတဲ့ တစ်နှစ်ခွဲလောက်တုန်းက ဒီနေရာလေး မှာ လည်း ကချော်ကချွတ် ဘာသာပြန်ဖူးပါတယ် :)့
့

25 comments:

Anonymous said...

သေတဲ့လူကမလွမ်းတတ်ဘူး..အဲဒါမိုက်တယ်..စာသားလေး
(lover star)

နှင်းဟေမာ said...

ရေးသားဖွဲ့နွဲ့ပုံလေးက သူများနဲ့မတူဘူး ဆန်းပြားနေတယ် မမကိုးရေ... ခံစားရတယ်ဆိုတာထက် စကားလုံးလေးတွေက ထိတယ်....။အမြဲတမ်းအားပေးနေမယ်နော် ....
နောက်တစ်ပုဒ်အသစ်တင်ရင် ညီမလေး ဖတ်နိုင်သေးမှာမဟုတ်တဲ့အတွက် ဒီပို့စ်လေးကိုပဲ တ၀ကြီး ဖတ်သွားပါတယ်နော် .... အစဉ်ထာဝရအားပေးလျှက်
မယ်ကိုးပရိတ်သတ်
ညီမလေး နှင်း

မိုးစက်အိမ် said...

ကိုရီးယားဘာသာကို ပြန်ထားတဲ့ သီချင်းလား ဒါဆိုရင်တော့
လေးစားတယ်အမရေ အင်္ဂလိပ်စာကျွမ်းရုံမက ကိုရီးယားတောင်
ဘာသာပြန်လိုက်သေးလို့ ပါ ဇာတ်ကလည်းထုံးစံအတိုင်းကွဲတာပါဘဲ
လားဗျာ မယ်ကိုး (ချင်းချောင်းခြံ) သာလုပ်လိုက်ပါတော့ :D :P

အမရာ said...

စကားလုံးတိုင်းကို
ကြိုက်တယ်.မယ်ရေ..
အားပေးလျက်...


ချစ်တဲ့
အမရာ

အိန္ဒြာ said...

လှတတ်လိုက်ပ ငါ့ညီမ

အယ်ကို said...

သီချင်းစာသားဘာသာပြန်ဆိုထားတာ နဂိုမူရင်းစာသားထက်ပိုကောင်းနေလိမ့်မယ်၊
ပိုပြည့်စုံနေလိမ့်မယ်လို့ထင်တယ်။
မယ်ကိုး ရေးထားလို့လေ။.....

မယ်ကိုးရေ သီချင်းက Play လို့မရဘူးကော်။
ကျနော်ကသီချင်းကြိုက်သူတယောက်မို့ တခါမှနားမထောင်ဖူးသေးတဲ့ဒီသီချင်းကို
( http://www.youtube.com/watch?v=rFftD6vw0X4 ) နဲ့ ( http://www.mp3raid.com/search/download-mp3/4598151/hwang_bo.html ) မှာသွားနားထောင်လိုက်တယ်။
အဲဒီသီချင်းဟုတ်မဟုတ်တော့မသိဘူး။

မယ်ကိုးစာရေးသိပ်ကောင်းတာဘဲ။
ပထမဆုံးတပိုဒ်စဖတ်လိုက်ရုံနဲ့ စာဖတ်သူကိုတဖြည်းဖြည်းဆွဲခေါ်သွားတာဘဲ နောက်ဆုံးစာကြွင်းအထိတိုင်အောင် ။
နားထောင်ဖြစ်လိုက်တဲ့သီချင်းလေးလိုဘဲညင်ညင်သာသာနဲ့ ။


လေးစားလျက်ပါ
လူကလေး

မယ်ကိုး said...

မိုးစက်အိမ်ရေ...

ကိုရီးယားစာလည်း မတတ်သလို အင်္ဂလိပ်စာလည်း မကျွမ်းကျင်ပါဘူးကွယ်။ သူများ အင်္ဂလိပ်စာပြန်ပြီးသားကို စာပြန်စီတာပါ။
ဒီလိုရိုးရှင်းတဲ့စာကို ငါးတန်းကလေးတောင် ဘာသာပြန်တတ်ပါတယ် :D

လူကလေး အယ်ကိုရေ...

သီချင်းကို နားထောင်မရဘူး ပြောတဲ့အတွက် ကျေးဇူးပါ။ ကြိုးစားပြီး ပြန်ပြင်ထားပါတယ်။ ရရဲ့လားတော့ မသိ :)

လသာည said...

သီချင်းဘာသာပြန်လေးက ကောင်းလိုက်တာ။ တင်ပြပုံလေးကလည်း ရင်ကိုထိတယ်..။ ညီမလေးက အရမ်းရေးတတ်တာပဲ..

Vista said...

လှတယ် ...စာလုံးလေးတွေကြိုက်တယ်

mabaydar said...

အစ်မက ဟွမ်ဘိုကို တော်တော်ကြိုက်တာပဲနော်... ညီမလဲ သူတို့အတွဲကို ၁ယောက်ချင်းစီကိုတော့ ကြိုက်တယ်... ကောင်လေးကို သိပ်အားမရတာ... ဟွမ်ဘိုက ချစ်သလောက် သူက မလှုပ်တလှုပ်... ဟွမ်ဘိုရဲ့ ပွင့်လင်းပြီး ဟန်ဆောင်ကင်းတဲ့ အမူအရာလေးကိုတော့ကြိုက်တယ်... ညီမက Andy နဲ့ Solbi အတွဲကို အကြိုက်ဆုံးပဲ... အိမ်မှုကိစ္စ ကျွမ်းကျင်တဲ့ယောကျာင်္းလေးတွေကို ချစ်တတ်တယ်လို့ခံစားရတယ်... သူတို့ ၂ယောက်က အပြင်မှာပါ တကယ်ကြိုက်နေတယ်ထင်တယ်... အရမ်းလမိုင်းကပ်တယ်... ကောင်မလေးက တော်တော်ကြွေနေတာ... Andy က အပြင်မှာ တကယ် Date ဖို့ကျတော့ ပဲများနေပုံရတယ်... အဟီး.. ကိုယ်ကြိုက်တဲ့ အတွဲအကြောင်းများသွားပြီ.. ဆော်တီးအမရေ...

ကာရံဆူး said...

မမမယ်ကိုးရေ... အရင်အတိုင်း စာကလေးတွေ လှနေဆဲ ကြွနေဆဲမို့ ကြိုက်နှစ်သက်နေဆဲပါ..... သီချင်းလေး နားထောင်ကြည့်ဦးမယ်... လွမ်းနေတဲ့ အချိန် မလွမ်းတတ်ဘူးအော်ဟစ်ရုန်းကန်ရတာ ပင်ပန်းမှုတစ်ခုပါပဲ...

sosegado said...

လာရောက် ခံစားသွားပါတယ် စာသားတစ်ချို့ ကိုမှတ်ယူသွားပါသည်

kaungkinpyar said...

ရေးတတ်လိုက်တာ မယ်ကိုးလေးးးး..း)

မေငြိမ်း said...

ကောင်းတယ်ဗျ...
ဖတ်နေရင်းနဲ့ တနေ့က you tube ကနေ ကြည့်တဲ့ ရုပ်ရှင်လေး သတိရသွားတယ်.. Undiscovered တဲ့။ သိပ်ချစ်စရာကောင်းတာပဲ..

ွှီု်ဠါဝ့်န် said...

ဖတ်သွားပါတယ်ဗျာ :)
ကောင်းသောနေ့ပါ :)

အယ်ကို said...

တခေါက်ပြန်လာဖတ်တယ်
မနေ့ကနားမထောင်လိုက်ရတဲ့ သီချင်းလေးပြန်လာနားထောင်ရင်းနဲ့ပေါ့ ။

ဒီလို tune မျိုးတွေကြိုက်တယ်။


ကျေးဇူးပါ။

ဝက်ဝံလေး said...

မမ စကားလုံးတွေက မိုက်တယ် သိလား (မလိမ်မာဘူး ဟိဟိ) စတာ
ဇာတ်လမ်းရေးတာ မှတ်လို့ သီချင်းကို ရေးထားတာကိုးးးး

မမရေ မိုကကကကကကကကကက်စစစစစစစစစစ်

Anonymous said...

နားမထောင်ဖူးသေးဘူး အဲဒီသီချင်းကို အရင်က...

သူများတွေ မကောင်းဘူး ပြောလဲ ကိုယ်ကြိုက်ရင် ကိုယ့်သီချင်းပဲပေါ့...

ဒါပေမယ့် စွန့်ပစ်တာတွေ၊ သေဆုံးတာတွေ၊ ကြေကွဲတာတွေ ရဲ့အကြောင်း ငါ့ညီမဆီက မကြားချင်တော့တာ ဝန်ခံပါတယ်...

(နောက်တခါ သေမယ်..မျှော် ဘာညာ ထပ်ပြောလာရင် စိတ်ဆရာဝန်ဆီ ဆွဲခေါ်သွားမှာနော်.. မလုပ်ဘူး မထင်နဲ့)

းဝ)

Upasaka said...

စာတွေက ပိုပြီးကောင်း လာတယ် အတုယူရတယ် ဗျာ အဲ လို ရေးတတ်အောင်

နန်းညီ said...

သီချင်းတော့ နားမထောင်ဖြစ်ဘူး.. စာအတိုင်းပဲ ဖတ်သွားတယ်

နန်းညီ said...

မန့်လိုက်တာ မရသလိုပဲ

မောင်ဘကြိုင် said...

အစ်မရေးတာလေးတွေဖတ်ရတာ တကယ်သဘောကျပါ တယ်

ကြည်ဖြူပိုင် said...

သရုပ်ဖော်ပုံနဲ့စာတမ်းလေးတွေနဲ့
လိုက်ဖက်မှုရှိလိုက်တာ
အမြဲထိရှစေမယ့်စကားလုံးတွေပဲ
အားကျမိတဲ့အရေးအသားတွေပါသယ်ချင်းရေ

Angel Shaper said...

အားပါးးးးးး စာသားလေးတွေက အလန်းကြီး ချစ်မရေ..
ရေးဖွဲ့ပုံကိုက သူများနဲ့မတူအောင်ရေးတတ်တာ။
အဲဒါတွေ လေးစားအားကျရတာပေါ့။
ချစ်မရေ... ကွန်မကောင်းဘူးဆိုပြီး အပျင်းမကြီးနဲ့နော်။
စာလေးဘာလေး ရေးပါဗျ။ မဟုတ်ရင် သီချင်းသံတွေနဲ့ နှိပ်စက်ပစ်မယ်။ ဟိဟိ

လသာည said...

မယ်ကိုးရေ..ရောက်ရာအရပ်က အစ်မကို ဆက်သွယ်ပါ :D
စာမေးပွဲ ဖြေဆိုနိုင်ပါစေ..။ ဘာမှ မတွေးနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်.. သတိရလျက်