28 March 2010

“ ဘုန်းတော်ဘွဲ့”



လက်တစ်ဖျစ်စာလောက်သတိလက်လွတ်ဖြစ်သွားရင် သူ့ဆီကို တဟုန်ထိုးပြေးသွားတော့မယ့်ခြေအစုံကို ကြေကြေကွဲကွဲငုံ့ကြည့်ရင်း ကျွန်မ ကရုဏာသက်နေမိပါတယ်။
သူ မသိစေချင်ပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့အထူးပြုလုပ်ချက်တွေဟာ လေနှင်ရာလွင့်ကျသွားတဲ့ရွက်ဝါရော်တွေလို ခြေရာထင်ဖို့ လမ်းမမြင်ဖြစ်နေဆဲ။


လျှို့ ဝှက်မျက်ရည်များ။
လူမမြင်တဲ့ တကိုယ်ရည်မီးသင့်မှု။
စောင့်မျှော်ခြင်းဝန် အပြည့်အဝထည့်သွင်းခံထားရတဲ့နေ့ရက်တွေ။

မေ့မှာပါ...လို့ဆိုရင်းမှာပင် ရင်ထဲက အောင့်လာပြန်သေးရာ။သေတော့မှာပဲ။ သက်သေမလိုဘဲ အမှုရှုံးကြောင်း ခိုင်လုံခဲ့ပြီ။ မင်းသိပ်တော်ပါတယ်... မင်းခင်းထားတဲ့ အကွက်တွေအတိုင်း ကျွန်မ အလဲလဲအပြိုပြို ကျွံဝင်နေခဲ့ပြီ။

တစ်ခါတစ်လေတော့လည်း လွမ်းစိတ်နဲ့စိတ်ရူးဖောက်လို့ ဒေါသတွေကြွလာပြန်။ စည်းတွေ ဘောင်တွေ။ အသေအချာပေါ့။ ချိုးပစ်မယ်။ သေသွားတဲ့အခါ ဘယ်လိုကမ္ပည်းထိုးထိုး ကျွန်မ မသိနိုင်ဘူးဘဲ။ ဒါပေမယ့် အချိန်တန် အသိပြန်လည်လာတော့ မျက်လုံးကြောင်တောင်နဲ့ သက်ပြင်းချတယ်လေ။ သတိရတယ် သတိရတယ် လို့ ခွန်းထပ်ဆိုနေရုံအပြင် ရှေ့တိုးနိုင်သူလည်း မဟုတ်ပေဘူးပဲ။

“ ကျွန်မ မျက်ရည်တွေကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား …ကောင်းကင်လေး...”

အရူးတစ်ယောက်လို တကိုယ်တော်ရေရွတ်ရင်း လက်ခုံပေါ်ကမျက်ရည်စများကို တစ္ဆေမှတ်ထင်ကာ ကြောက်ရွံ့တုန်လှုပ်နေသူမှာ ကျွန်မ ဖြစ်ပါတယ်။ တကယ်တော့ မီးတစ်စကို ပေါ့ပေါ့လျော့လျော့သဘောထားကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့သူမှာလည်း ကျွန်မသာ ဖြစ်ပါတယ်။ သူကတော့ လူကဲခတ်တော်သလို ဖြစ်နိုင်ခေကို နီးစပ်မှန်ကန်အောင် သုံးသပ်နိုင်စွမ်းမှာလည်း ကျွန်မထက်သာသူ ဖြစ်ပါတယ်။

ချမ်းမြေ့ပျော်ရွှင်ပါစေ လရိပ်လေး။ မြေကြီးလက်ခတ်မလွဲပါဘူး ...သူသဘောတကျပြုံးရယ်နေတော့မှာ ။ သူပါးနပ်သလောက် ညံ့ဖျင်းတဲ့ ကျွန်မအဖြစ်ဟာ အမြဲရယ်စရာ။ သူ မလွဲဧကန်မြင်နေတော့မှာ။ ကျွန်မ ဘယ်မျှ လွမ်းဆွတ်ကြောင်း။ ဒါပေမယ့်နော် ကျေးဇူးပြုပြီး မသရော်လိုက်ပါနဲ့။ ရင်တွင်းနာထောင်သောင်းနဲ့ စိတ်နောက်နေတဲ့လူတစ်ယောက်ကို။

တွေ့ချင်တယ်။ တွေ့ချင်တယ်။ ဒီစကားလုံးလေးကို ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် လုပ်ရင်းမှာပင် မျက်ရည်စနဲ့ စကားလုံးတွေ ဆွံ့အနေတဲ့လူတစ်ယောက်ရှိနေတယ်။ ဟုတ်တယ်။ ဆင်ခြင်စိတ်ကင်းလွတ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ မိန်းမတစ်ယောက်လေ …  နောက်ဆုံးတော့လည်း ရင်နာနာနဲ့ လက်ခံလိုက်ရ…ခြွင်းချက်မဲ့ ယုံကြည်လိုက်ရတဲ့ ...သမုဒယသစ္စာ။

သူ့အတွက်တော့ လက်ခံယုံကြည်ဖို့ ခက်ခဲနေလိမ့်။ ကျွန်မလည်း စတင်ကြုံဆုံလိုက်ရချိန်မှာ မယုံသင်္ကာနဲ့ အကြောက်အကန်ငြင်းဆန်ခဲ့သေးတာရယ်။ အချစ်တဲ့။ ဟင့်အင်း။ မယုံကြည်နိုင်စွာ စဉ်ဆက်မပြတ်ငြင်းနေဆဲမှာပင် နောက်ကျောက စူးဝင်ခဲ့တဲ့ မြားနတ်မောင်အယောင်ဆောင်သူ မာရ်နတ်ရဲ့မြား။ မဖြစ်နိုင်။"ငါ ဒီလောက်မမိုက်ပါဘူး" လို့ ကိုယ့်ကိုယ်ကိုယ်အယုံသွင်းနေဆဲမှာပင် ဟန်ချက်ကို မညှိနိုင်ဘဲ ခွေခေါက်လဲကျသွားခဲ့။

အော် ဒုက္ခ။ ဒုက္ခ။
ဖစ်ရပုံမှာ မြားဒဏ်ရာကို ဆောက်တည်ရာမရ ခံစားရတော့မှ ကျွန်မရဲ့မင်ကွင်းတွေက ပြက်ပြက်ထင်ထင်ကြည်လင်လာခဲတာ ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့မိုးကြိုးပြင်းနဲ့ ရိုက်ခတ်ခံလိုက်ရတာကြောင့်လည်း ကာကွယ်အသိမစောနိုင်တော့ဘဲ အပူပြင်းထဲမှာပာအဖြစ်ရောက်ခဲ့။ ကြိုးလေးတစ်ချောင်းကို နှစ်ဦးသဘောတူ ဖြတ်တောက်ပြီးတဲ့နောက်….။


artist: Jeff Thomas (aka Azuzephre)................................... အမှားဘာသာပြန်သူ။မယ့်ကိုး

ရေးနေတဲ့ဇာတ်ညွှန်းက အဆိုးရွားအပြင်းထန်ဆုံးပြောင်းလဲသွားပြီး ဘယ်လိုမှ ရည်ရွယ်မထားတဲ့ဆွးခန်းကို လျင့်မြန်တဲ့အဟုန်နဲ့ ဒလိမ့်ခေါက်ကွေး ရောက်ရှိသွားခဲ့တာ။ အလွမ်းရေတိမ်မှာ စုန်းစုန်းမြုပ်သွားတဲ့ ဆင်ခြင်ဥာဏ်တွေ။

လွမ်းတော်မူလို့ စာကိုသီတယ်ဆိုတဲ့စာဆိုကျော်များကို လှိုက်လှိုက်လှဲလှဲ ချီးကျူးမိချိန်ပေါ့။ ရူးသွပ်မတတ် သေလုမျောပါး လွမ်းတယ်။ ဒါပေမယ့် ရင်ထဲဆိုနင့်ကာ ဘာဝေါဟာရမှ ထွက်ကျမလာ။ "လွမ်းတယ်..." "လွမ်းတယ်..." ဒီကြိယာလေးသာ အခန်းကျဉ်းလေးမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း အားပြတ်မောနွမ်းကာ ထောင့်တစ်နေရာမှာ အရုပ်ကြိုးပြတ် ထိုင်နေပြီလေ။

ဒီတော့…တရားနဲ့ ဖြေမှပါ။ သတိရရင် "သတိရတယ်" လို့ မှတ်။ လွမ်းရင် "လွမ်းတယ်"လို့ မှတ်။ ဒါပေမယ့် ဘယ်လိုကြောင့်ရယ် မသိ။ ဆရာလည်း မေးမကြည့်ဆိုတော့။ ပိုလို့လွမ်းလာ တမ်းတငိုချင်ပြန်။ ရင်ကွဲသေတော့မှာပဲ။ တစ်မျိုးပြောင်း မှတ်ဖို့ အားထုတ်ပြန်...။ဖြစ်ရမယ်။ ပုထုဇဉ်လေ....ပုထုဇဉ်။ ဒီပုထုဇဉ်ဆိုတဲ့ ဒီစကားလုံးကိုပဲ ဒိုင်းလိုကာကွယ်သုံးရတော့မလား။ ဘာပဲဖြစ်ဖြစ် ကျေးဇူးများပါပေ့ မောင်မင်းကြီးသား။ မင်းနဲ့ ဝေးမှပဲ ကျွန်မလည်း ယောဂီဖြစ်တော့မလားဘဲ။

ခက်တယ်။ သူ့ အရိပ်လေးကို မြင်တိုင်း "ကျန်းမာ ချမ်းသာပါစေ" လို့ မေတ္တာပို့ရတော့မလား။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်သတဲ့။ မဖြစ်သေးပါဘူး။ ရောင်ပြန်ဆိုတာ အလင်းတုရယ်မို့ မလိုချင်ပါဘူးကွယ်။ ဆိုးလှချည့်နော်။ ဝိတတ် ၊ ဝိစာရ ကြားမှာ စိတ်ကလေးကို သေချာထုံးနှောင်ထားနိုင်အောင် ကြိုးစားနေရင်းမှာပင် ညဆို အိပ်မရဘူး ။ အစားတစ်ခုစားတိုင်း ရင်ထဲ ဆို့လို့ရယ်။ ဒီလိုဆိုမိတာမို့ အောင်ပွဲဆိုကာ လက်ခမောင်း ခတ်နေမှာလား။ 
ဘယ်လိုလဲ။ နေပျော်ရဲ့လား။ ဆုံးပါးကွယ်လွန်သွားတော့မယ် အရိပ်တစ်ခုဆီက ဘယ်လိုဝန်ခံချက်မျိုး ထပ်မံကြားချင်သေးလဲဟင်။ မင်းလျှောက်နေတဲ့ ကော်ဇောနီဟာ ကျွန်မနှလုံးသွေးနဲ့ ဆေးခြယ်ပေးရုံအပြင် မလုံလောက်သေးဘူးဆိုလည်း ထပ်မံ လက်ခုပ်တီးပေးဦးမယ်နော်။ ဒါပေမယ့် ကျွန်မ အဆင်ပြေပါတယ်။ တကယ်ပါ။  လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူးကွယ်။...ဆရာတော် ဦးဇောတိကရဲ"စိတ်ချမ်းသာဖို့ လိုရင်းပါ" ဆိုတဲ့ စာအုပ်ကို အလွတ်ရမတတ် ဖတ်တယ်။ “ ဘာမှ မလုပ်နိုင်ရင် မတွေးပဲနေ ” ဆိုတဲ့ နေရာလေး ရောက်လာရင်တော့ မျက်ရည်စိမ့်စိုလာမိဦးမယ်။

ဒါပေမယ့် ဒါတွေအားလုံးဟာ ခဏပါ ...မင်းလည်း သိတယ်ဟုတ်။ အားလုံးဟာ အနိစ္စ ။ ဘယ်အရာမှ အမြဲမရှိ တဲ့။ ယုံကြည်ပါရဲ့။ တကယ်ပါ။ အသည်းကွဲနာလည်း ထာဝစဉ်မတည်ဘူးကွယ်။

သူ နားလည်မှာပါ။
ဟုတ်တယ် မင်း လက်ခံရလိမ့်မယ်။ ရင်ကွဲနာကျသေသွားလည်း ပြုံးလို့ပင် နေကြည့်ဦးမယ်။ နိဂုံးသတ်ပြီလေ။

အင်း...မေ့တော့မလို့ရယ်။ ဝေဒနာပရိဒေဝတွေနဲ့ကျွန်မကို ရင့်ကျက်လာစေတဲ့မင်းကို ကျေးဇူးစကားအပြင် နှစ်နှစ်ကာကာ ထပ်မံချီးကျူးလိုက်ပါတယ်နော်။ အသေအချာပေါ့...

“Congratulations! You win.”
...Oh,No!
 “Congratulations! You won.”


25 comments:

ညရဲ့ကောင်းကင် said...

အက်ဆေးက မိုက်တယ်ဗျ ...
“ဘာမှမလုပ်နိုင်ရင် မတွေးပဲနေ”
တကယ်ကောင်းတဲ့ စာသားပဲ ...

Anonymous said...

Congratulation Maecoe .For ur talent ..U r great !
(^_^)

ပန်းရင့်ရောင် said...

မင်းနဲ့ဝေးမှပဲ ကျွန်မလည်း ယောဂီဖြစ်တော့မလားဘဲ.....
အဲ့တာလေးကို တော်တော်ကြိုက်တယ် အစ်မရေ။လာအားပေးသွားတယ်နော်။ :) ပျော်ရွှင်ပါစေ အစ်မရေ။

moe said...

So great ! Bravoooo !

သိင်္ဂါကျော် said...

သေချာတာပေါ့...
အသည်းကွဲနာလည်း အမြဲ မရှိပါဘူး။
အချိန်ကြာတော့လည်း ရေးရေးလေးပဲ ကျန်တော့မှာ...။

ကိုရင်နော် said...

ပြုံးပြီးဖတ်ပါတယ်း)

Soe said...

အိုး တကယ်ပါ ကိုယ်ခံစားချက်နဲ့ တိုက်ဆိုင်လွန်းတယ်........
ဝေဒနာ ပရိဒေ၀တွေနဲ့ ကျွန်မကို ရင့်ကျက်လာစေတဲ့မင်း ကို ကျေးဇူးစကားအပြင် နှစ်နှစ်ကာကာ ထပ်မံချီးကျူးလိုက်ပါတယ် နော် ... တကယ် ကိုယ် သူကို ပြောချင်တဲ့စကားလေး ပါ....
ကိုယ်ကတော့ ရင်ထဲမှာပဲ အကြိမ်၂ ပြောနေမိတယ်
အရေးအသားလေး က ထိတယ် ... အားပေးလျှက်

လသာည said...

ခါတိုင်းလိုပဲ ရင်ကို ထိရှစေတဲ့ ပိုစ်လေးပါပဲ.
မယ်ကိုးရယ်.. ....
...............
..............

Anonymous said...

Congrat ! Ma Ma Maecoe ,Great Post !

မယ်ကိုး said...

ညရဲ့ကောင်းကင်၊Anonymous ၊ ညီမလေး ပန်းရင့်ရောင် ၊moe ၊ မသိင်္ဂါကျော် ၊ အစ်ကိုရင်နော် ၊ Soe ၊ချစ်မလေး လသာည ၊ ဒုတိယမြောက် Anonymous ...
စာလာဖတ်ကာ အားပေးမှုအတွက် အထူးကျေးဇူးပါနော်။

MANORHARY said...

အက်ဆေး လာဖတ်သွားပါတယ်။း)

Crystal said...

ပြောင်မြောက်တဲ့ စကားလုံးလေးတွေလို့ပဲ ပြောပါရစေ။

Mogok Thar said...

"Congratulation".......

ဝက်ဝံလေး said...

ပေါက်တတ်ကရ လျှောက်မန့်သွားတဲ့ ညီမလေး ပိစိကွေးလေး (ဘာပိစိကွေးတာလဲတော့ အသိဘူးရယ်) ကို ခွေးလွှတ်နော် ဟီးးးးးးး
ဘိုင်တာ့တာ ဒိုးပြီ ဗျ

ဝက်ဝံလေး said...

မမ သမီးထင်တာတော့ မမ ဖေ့ဘွတ်မှာ ဂိမ်းဆော့လို့ နိုင်တယ် ထင်ပါရဲ့ =) စိတ်မဆိုးကြေး
အဟီးးး ပုံလေးကို သဘောကျတယ် အဟဲ

ဂုန်နီအိတ်ယူပါတယ် နိုင်တဲ့အတွက် ဟီးးးးးးး

နှင်းဟေမာ said...

ကောင်းတယ် မမကိုးရေ...
နောက်ဆုံးလေးကို ပိုခိုက်တယ်

( စကားမစပ် ... ညလေးရေးထားတဲ့ နောက်ဆုံးပို့စ်မှာ မမကိုးနံမည်ကို ခွင့်မတောင်းရသေးပဲ ယူသုံးထားပါတယ် ... အွန်လိုင်းမှာ မတွေ့လို့ပါးD

ညလေး

ကြည်ဖြူပိုင် said...

ရေးသားပုံလေးကောင်းတယ်မယ်ကိုးလေးရေ

Anonymous said...

မမမယ်ကိုးရေ..

မီးလည်း ဂုန်နီအိတ်ယူပါတယ်။ :P:P
ချစ်လို့စတာ စိတ်ဆိုးနဲ့နော်။ အာဘွားအကြီးကြီးပေးလိုက်တယ်...
တစ်ကယ်ပြောင်မြောက်တဲ့ စကားလုံးလေးတွေ....
ဒုတိယအကြိမ်မမရဲ့အရေးအသားတွေကိုဂုန်နီအိတ်ထပ်ယူပါတယ်။ Congratulation.You win~

ကိုချစ်ဖေ said...

အော်..အနိစ္စ..အနိစ္စ အနိစ္စ ဒေါ်မယ်ကိုး လွမ်းရင်လွမ်းတယ်လို့ မှတ်…မှတ် တာကို မှတ်တယ်လို့ မှတ်…ဘယ်သူမှတ်မှတ်မမှတ် ကိုယ်မှတ် နေဆွမ်း စားပြီး တရေးတမောနပ်..

Anonymous said...

ဘွားဘွား ... သားသားလာငိုသွားတယ်နော်...

. said...

ဒီပို့ စ် က အတော်ထိ တာပဲ ဗျာ ... .

မောင်ဘကြိုင် said...

ခေါင်းစဉ်လေးကို ကြိုက်တယ်
အက်ဆေးတပုဒ်လုံးကလည်း ဆွေးမြေ့စရာချည်းပဲ
ဟူးးးးး

Anonymous said...

စာတွေလာဖတ်သွားတယ် မမယ်ကိုး။
ဝေဒနာကို သိမှ အဲဒီဝေဒနာကို ကျော်လွှားနိုင်မယ် ဆိုတဲ့ အဖိုးအိုနှင့်အတူဖြတ်သန်းခဲ့တဲ့အင်္ဂါနေ့များ ထဲက စာသားကိုတော့ တစုံတယောက်ကို သတိရတဲ့ ဝေဒနာမှာ ငြင်းချင်သားနော်။
ဒါမယ့် မမယ်ရယ် .. အဲဒါဟာ သူ့ဘုန်းတော်ကြောင့်တော့ မဟုတ်ဘဲ ကိုယ့်မေတ္တာဘုန်းတော်ကြောင့်ပါလေ။

ဂျူ

မြသွေးနီ said...

ကျန်ရစ်သူနဲ့ ချန်ရစ်သူ...
ခံစားမှုတွေက ထပ်တူမဟုတ်တောင်..
အထိုက်အလျှောက်တော့ ကျန်နေရစ်ခဲ့မှာပါပဲ မယ့်ရေ...

Anonymous said...

ခံစား​နေရတာနဲ့ ထပ်​တူထပ်​မျှပါပဲ :'(