14 May 2010

“ အသက်ကယ်ခြင်း”



အရှင်လတ်လတ် လွတ်မြောက်ချင်ပါပြီ။

အနိစ္စရပ်ဝန်းအောက် တမ်းတခြင်းအလှည့်ရောက်အောင် တန်းစီစောင့်နေရ။
မဟာပထဝီကို တိုင်တည်
နတ်အပေါင်းကို ရည်ရွယ်

………………
ဤမှန်သော သစ္စာစကားကြောင့်...
Shit!
ဘာလို့ မမေ့သေးတာလဲ။

သံလျှော့ သံတင်းနဲ့ သံချိုသီချင်းဆိုနေတယ် ထင်လား။
ကရော်ကမည် မပြုံးသင့်ဘူးကွယ့်။
လူသားချင်း စာနာထောက်ထား!
ရက်စက်တယ်ဆိုတာ သင့်ရုံပဲကောင်းတယ် ကျေးဇူးရှင်လေးရဲ့။

အရေပါးသူပါလေ။
စေတနာရှင်တွေ နားချသလို
ကိုယ့်ကိုကိုယ် သနားချိန်ကျပြီ။

အသေခံအသည်းကွဲရလောက်အောင်
မရူးနှမ်းသေးတာမို့
နောက်ဆုတ်လို့ ကြိုးဖြေတဲ့အခါ...
ဦးဆွေးဆံမြည့်အောင် ဒဏ်ရာတွေ မြုံနေမယ်ဆိုလည်း
ရှိစေ။

မေ့မယ်ဆိုတဲ့ အာမဘန္တေနဲ့
အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့။…။


မယ့်ကိုး
၁၄၊မေ၊၂၀၁၀

19 comments:

Vista said...

“ အရေပါးသူပါကွဲ့  “ တဲ့လား

ကာရံဆူး said...

အသေခံအသည်းကွဲရလောက်အောင်
မရူနှမ်းသေးတာမို့
ဦးဆွေးဆံမြည့်အောင် ဒဏ်ရာတွေ မြုံနေမယ်ဆိုလည်း...
ရှိစေ။

အရမ်းကောင်းတဲ့ ကဗျာလေးပါ...မမမယ်ကိုးရေ..အလွမ်းဆို နကန်းတစ်လုံးမှ မသိလိုတော့တဲ့လား...ကောင်းတယ်...အစ်မ..မလွမ်းနဲ့ ...

ကာရံဆူး said...

အသေခံအသည်းကွဲရလောက်အောင်
မရူနှမ်းသေးတာမို့
ဦးဆွေးဆံမြည့်အောင် ဒဏ်ရာတွေ မြုံနေမယ်ဆိုလည်း...
ရှိစေ။

အရမ်းကောင်းတဲ့ ကဗျာလေးပါ...မမမယ်ကိုးရေ..အလွမ်းဆို နကန်းတစ်လုံးမှ မသိလိုတော့တဲ့လား...ကောင်းတယ်...အစ်မ..မလွမ်းနဲ့ ...

သိင်္ဂါကျော် said...

မေ့ချိန်တန်ရင် မေ့ရမှာပေါ့..
right !

Anonymous said...

အလွမ်းကို ခံနိုင်ရည် မရှိပါဘူးလေ
ပြုံးယဲ့ယဲ့နဲ့ အားပေးသူတွေကို နှုတ်ဆက်ဖို့
ကျန်သေးတဲ့အားမာန်နဲ့ တင်းရပြန်တယ်

မလွမ်းရဲအောင် ချစ်တတ်တဲ့သူကို
အလွမ်းပေးပြန်တော့
မယူလိုလို့ ခံငြင်းလည်း

သံသရာ ဒီဆင်းရဲက မလွတ်ပြန်ဖူး
အခွင့်ရှိလို့ ခံလိုက်ပါတယ်

လွမ်းတတ်သူတစ်ဦး

mirror said...

အားပါးပါး..
လူသားချင်း စာနာထောက်ထား
ရက်စက်တယ်ဆိုတာ သင့်ရုံပဲကောင်းတယ် ကျေးဇူးရှင်လေးရဲ့.. တဲ့လား။
ဖတ်ပြီး တချက်အသံထွက်ရွတ်ကြည့်မိတယ်။
ဘာနဲ့မှ မလဲနိုင်ဘူး။လွှတ်ခိုက်မိတာပဲ။

လေးစားခင်မင်လျက်
mirror

မောင်ဘကြိုင် said...

မလွမ်းချင်ဖူးလားအစ်မ
ကိုယ်မလွမ်းချင်တာကို မလွမ်းပါနဲ့ဗျာ
အဲ တခါတလေတော့လည် လွမ်းရတာကိုက ကျွန်တော်တို့ အတွက် ခံစာချက်တမျိုးပဲ ကဗျာလေးက မာန်ပါတယ်

ချော (အစိမ်းရောင်လွင်ပြင်) said...

မမယ်ကိုးက ကဗျာလဲ အစပ်ကောင်းသားနော်..
ဖတ်ရတာ တစ်မျိုးလေး
အလွမ်းဆိုတာကို မသိတာ သိပ်ကောင်းတာပေါ့
လွမ်းရတာ ပူလောင်တယ်လေ...
ပျော်ရွှင်ပါစေနော်..

အမရာ said...

တကယ်မသိချင်တော့ဘူးလား..
မယ်ရေ..ကဗျာလေးက ရှယ်ပဲနော်...

ကိုလူထွေး said...

ဦးဆွေးဆံမြေ့အောင် ...တဲ့

ဒီနာမည် ကြားဖူးသလိုပဲ

ဘာတော်သလဲဟင်...

းဝ)

လသာည said...

အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့..
အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့..
အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့..

ဒီစာသားလေးကိုတအားကြိုက်သွားပြီ..

အပြုံးပန်း said...

ဒီတခါ လေသံနဲနဲသွက်တယ်၊

JulyDream said...

ကဗျာထဲမှာ သချာင်္ ဂဏန်းတွေလည်း ပါတယ်ကိုး။

မယ်ကိုးမို့လို့ ၉ ရဲ့ ရှေ့က ၈ ကို ထည့်ရေးတာ ထင်တယ်။ =)

Anonymous said...

အလွမ်းဆို နကန်း တစ်လုံးပင် မသိလိုတော့ဆိုတော့
နကောင်း တစ်လုံးကဝင်လာဦးမယ်နော်း))
MNHY

အိန္ဒြာ said...

ဟိုက်ရှားပါးးးးးးးးး

ဆရာမ...လုပ်လှချည့်လားးးးး

အလွမ်းကို နကန်းတစ်လုံးမှ မသိရတဲ့ကိုယ်ဖြစ်ပါစေ...

ဝက်ဝံလေး said...

ုလုပ်ပြီ ဦးလူထွေး သူများ မမ ကိုပြောဖို့ ဆို သူထိပ်ဆုံးက
မမ လာခံစားသွားတယ်နော်
အရင်နေ့တွေက မအားလို့မရောက်တာ ဗွေမယူနဲ့နော် မမ
လွှတ်ခံစားပြီး ဖတ်ပလိုက်တယ် ရင်ဘတ်ထဲက နှလုံးသားကြီးနဲ့ မျက်လုံးနဲ့ဖတ်တာမဟုတ်ဘူးနော် ဟဲဟဲ

တေဇာ (လရောင်လမ်း) said...

ကြိုက်တယ်ဗျ။

nyeinsoe said...

ရက်စက်တဲ့ ကျေးဇူးရှင်လေး ကို မမုန်းနိုင်တာ
မိမိ မှု ...ဒါပေမယ့် အချစ်မက် ရှင်သန်ခြင်းဟာ
မေတ္တာရဲ့ လမ်းကို ပြနိုင်ပါလိမ့်မယ်.( ထင်ပါတယ် )
ငြိမ်းစိုးဦး

ပြည်ကောင်းအောင် said...

အချစ် ( ဟော်မုန်း ) ရဲ့ သက်တမ်းက နှစ်နှစ် လို့ ဆိုကြလေတော့ အဲဒီ အချစ်ကို မေ့ချိန်ကကော ဘယ် နှစ်နှစ်လဲတော့ မသိ..