30 May 2010

အမှန်ခြစ်လေးတစ်ခု...


ဖြတ်သွားဖြတ်လာ
သမုဒယတွေထဲ
ဧည့်သည်ကောင်းလေးဟာ ညီမလေးပေါ့…

လွမ်းတယ်ဆိုတာ
ညီမလေးရဲ့ ဆိုရိုးစကား။
ဒဏ်ရာတွေကို သပ္ပါယမျှစေတဲ့ စည်းနရီ။
ညီမလေးရွတ်တဲ့ အံ့ဖွယ်တပါးရယ်။

ခေါက်ဆွဲကြော်ကြိုက်တဲ့ ညီမလေးဟာ
သံယောဇဉ် ဋီကာချဲ့တော်သလို
အဲဒါပေါ့ …လို့ အစချီကာ
သြဝါဒချွေတတ်သူလေးပါ။

“တစ်နေ့ကျ ခြေရာဖျောက်သွားမှာ”လို့
ရာဇသံပေးပေမယ့်
အထီးကျန်ခြင်းမှာ ကျွန်မ အလုံပိတ်နေတဲ့အခါ
“ မမက သိပ်ဆိုးတာပဲ ” လို့ မြည်တွန်တတ်သေးတာ။

ညီမလေးပေါ့…
ဇာတာလွဲနေတဲ့ အိပ်မက်တိတ္ထုံကို နာပျော်စေခဲ့။
ညီမလေးဟာ…
ရာသီခွင်မှားနေတဲ့ နက္ခတ်ကို စုတေစေခဲ့။
ညီမလေးလေ…
နာတာရှည်စွဲနေတဲ့ ညီမျှခြင်းတွေကို ထိန်ညီးစေခဲ့။

မေထုန်ရာသီဖွား ချစ်ရတဲ့ ညီမလေးရေ…
ဟော…ကြည့်။
ညီမလေးကြောင့်သာ
သမ္မာဒေဝနတ်တွေ ဥဒါန်းကျူးစရာ
သက္ကရာဇ်လေးတစ်ခု ဖြစ်ထွန်းလာပြန်တာ။

တကယ်ပါ ညီမလေးရဲ့…
တွေ့ဆုံခြင်းပန်းကလေးဟာ ဖျတ်ကနဲပွင့်တဲ့ ဆုလာဘ်တစ်ခုလေ။

သို့ပေမယ့်လည်းပေါ့ ... ညီမလေးရယ်
ဆူကြုံနိမ့်မြင့် လောကဓံတွေကြား
ဝေးကြမယ့်တစ်ချိန်မှာ
ကယုကယင်စကား နုံ့နဲ့သူကို
ဒီကဗျာလေးနဲ့ ကြေအေးလိုက်ပါကွယ်။..။

မယ်ကိုး
၃၀၊မေ၊၂၀၁၀။



(ဒီကဗျာလေးဟာ စာဖတ်သူကနေ ညီအစ်မအရင်းလို ရင်းနှီးချစ်ခင်မိတဲ့ ညီမလေးငုဇာခိုင်အတွက် မွေးနေ့လက်ဆောင်ဖြစ်ပါတယ်။ရှင်သန်သမျှ ကာလခဏတိုင်းမှာ ပျော်ရွှင်ခြင်းတွေကို ညီမလေး ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်ပါစေလို့ ...)

16 comments:

သိင်္ဂါကျော် said...

ညီမလေး အတွက် ကဗျာလေး လာဖတ်သွားတယ်.. :):)

ngukhine said...

မမရေ...

ကျေးဇူး အထူးးးး

:):):)

နေ့အိပ်မက် said...

အဲဒီကဗျာထဲက မမရဲ့ ညီမလေးတော့ ဘယ်လိုနေမလဲ မသိဘူး နေ့အိပ်မက်တော့ တော်တော်ပျော်သွားပြီ အဲကဗျာလေးဖတ်ရတာ.. ချစ်ဖို့ကောင်းလိုက်တာ :)

လသာည said...

ဒီညီအစ်မ တအားချစ်တာပဲနော်..
ချစ်ခြင်းတွေ ပျော်ဝင်နေတဲ့ ချစ်စရာ ကဗျာလေးကို သဘောကျစွာဖတ်သွားပါတယ်..။ မယ်ကိုးရဲ့ ညီမလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ..း))

ကိုဇော် said...

ဟွား. . . .စာတစ်ကြောင်းတိုင်းက စာလုံးတွေ ရွေးသုံးထားတာ လေးစားတယ်ဗျာ။
ကျနော် ဆိုရင် မနိုင်နင်းဘူး။
ကဗျာကောင်းလေးပါပဲ။

အိန္ဒြာ said...

မယ်...ကဗျာကို အက်ဆေးရေးတာတွေလောက်မကောင်းဘူးလို့
ပြောမိတာ ဒီကဗျာနဲ့ကျမှားသွားပြီ
ဒီကဗျာတော်တော်လေးကောင်းတယ်..
အသံအစီးအဆင်းရော နမိတ်ပုံယူထားတာလေးတွေရော..
စကားလုံးတွေ နေရာတကျသုံးထားတာတွေရော

သိပ်တော်...အလွန်တော်...အလွန့်အလွန်တော်

ချစ်တဲ့

မောင်ဘကြိုင် said...

ပျော်ရွင်ဖွယ်မွေးနေ့လေးပါ.....ဆုမွန်တောင်းခဲ့ပါတယ်

tongchen@seattle said...

Greetings from USA! I love your blog.
Please visit me at:
http://blog.sina.com.cn/usstamps
Thanks!
-Tong

Hon3ylay said...

မမ ကဗျာလေးတွေကောင်းတယ်..လာဖတ်သွားတယ်နော်...

littlebrook said...

မြည်တွန် တောက်တီး အဲ့လိုထင်ပါတယ်
မြည်တွမ် မဟုတ်လောက်ဘူး
ကဗျာလေးကို ခံစားသွားတယ်ဗျ ရေးထားတာ လှလှလေး

မယ်ကိုး said...

စာလာဖတ်သွားသော သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။

စေတနာထား စာလုံးပေါင်း ပြင်ပေးသွားတဲ့ ကိုစမ်းချောင်းလေးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
ကျွန်မ ပြင်လိုက်ပါပြီ =)

အမရာ said...

မယ်ရေ..ကြည်ကြည်နူးနူးလေး
ဖတ်သွားတယ်..အဲလိုမှန်းသိရင်..
အမေ့ကို မယ့်ထက်နောက်ကျမှ
မွေးခိုင်းပါတယ်....ညီမလေးဖြစ်ချင်လို့...

Angel Shaper said...

မိုက်စ်တယ်...
မွေးနေ့လက်ဆောင် ကဗျာလေး တောင်းဖို့ အကြံရပြီ။

~ဏီလင်းညို~ said...

မယ်ရေ........

ကဗျာလေးဖတ်ရတာ......ကောင်းလိုက်တာခင်ဗျာ......။
မွေးနေ့ရှင်ဆို ဘယ့်နှယ်နေမယ်တောင်မသိဘူး.......အတော်ပျော်သွားမှာဗျ..........။

ခင်မင်တဲ့
ဏီလင်းညို

အယ်ကို said...

မွေးနေ့ လက်ဆောင်... ဘွားဘွားရဲ့ မွေးနေ့ လက်ဆောင်က မွေးနေ့ ရှင်အတွက် ပျော်ရွှင်မှု့  အဆပေါင်းများစွာ ပွားစေတယ်...
... လူကလေး လဲ ဒီလိုကဗျာမျိုးရေးတတ်ချင်လိုက်တာ...

လေးစားလျက်...

ဝက်ဝံလေး said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ မရဲ့ညီမလေး ငုဇာခိုင်ရေ
အရောက်နောက်ကျတဲ့ ဝက်ကို ခွင့်လွှတ်ပါလို့နော်