20 June 2010

“နားလည်မှူ ကမ်းပါး ”


အငြိုးတလက်လက် ပြာပူမိုးတွေအောက် ခေါင်းငုံ့ကာ ရပ်နေသူပါ။
ရင်ကွဲနာကျ အငွေ့ဖြစ်သွားလည်း ဟာသ ပဲတဲ့လား။
.
.
.
ရှိပါစေ။

သိမ်ငယ်သူကိုမှု
ပြက်ရယ်ပြုတတ်လည်း  ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။

ဒါပေမယ့်လည်း အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။

နတ်ဒေဝါတွေရေ... မကြားတော့ဘူးလား။
ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့  ခနဲ့မဆိုရက်လည်း မတော်ဘူးထင်တယ်နော်။

ရက်စက်လွန်းလှရဲ့...
“ နားလည်ပါတယ် ” ဆိုတဲ့ စကား  တစ်ခွန်းလေးပါးဖို့  ဒီလောက်တောင် ခက်သလားကွယ်...။


photo credits:www.nhm.ac.uk


25 comments:

အိန္ဒြာ said...

နားလည်တယ်နော်...နားလည်ပါတယ်...

Anonymous said...

မယ်ကိုးလေး လွမ်းတာ များနေတယ် :P
(little brook)

ကောင်းကင်ပြာ said...

နားလည်ပါတယ်....း)

နေ၀သန် said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ...

“နားလည်ပါတယ်” ဆိုတဲ့စကား
တစ်ခွန်းလေးပါးဖို့
ဒီလောက်တောင် ခက်သလားကွယ်.

တဲ့လား။ အပြင်လောကမှာတော့ ခက်တယ်လို့ပဲ ဆိုရမယ်ထင်တယ်နော်.။ အရမ်းကောင်းတဲ့ကဗျာလေးပါ။

ခင်မင်တဲ့
နေ၀သန်

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာလာဖတ်တယ် မယ်ကိုးရေ၊ အားပေးလျက်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

နတ်ဒေ၀ါတွေရေ...
မကြားတော့ဘူးလား.. တဲ့

အဲဒီလို တိုင်တည်တာမျိုး ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေကို ဖတ်ရတာ အလွန်ကို ရသ မြောက်လှပါတယ်...

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

မောင်မျိုး said...

ဝိုင်ဝိုင်း ရဲ့ ၀ဋ်ကြွေး သီချင်းကို ပြန်နားထောင်သွားတယ် ဒီကဗျာကိုဖတ်ပြီးသည့်နောက်......။

လသာည said...

နားလည်တော့ နားလည်နေမှာပါ..။ နားလည်နေကြောင်း ဖွင့်မပြောတာကို ပြောအောင် ဘယ်လိုလုပ်ရမလဲလေ....

ကိုလူထွေး said...

နတ်ဒေဝါတွေ ဘောလုံးပွဲသွားနေလို့...

းဝ)

Anonymous said...

မယ်ကိုးရဲ့ photo လေးတွဲထည့်ပေးရင်
master piece ပဲ
:p
ဟီးဟီး
အုန်းသီး

မောင်ဘကြိုင် said...

မကောင်းဖူးဗျာ
မကောင်းဖူး
ရင်ဘတ်ကိုမှန်တယ် အောင့်တယ် ဟူးးးးးး
နားလည်ပါတယ် ဆိုတဲ့စကားတခွန်း ကျွန်တော်လည်း ပြောမထွက်ခဲ့ဖူးဘူး ရင်ဘတ်ထဲက ထွက်သွားတဲ့ ကောင်မလေးတစ်ယောက်ကိုပေါ့
မျိုသိပ့်ပြီး အောင့်အီးထားလိုက်ရတာ မျက်ရည်တွေစို့လာတယ် ဟူးးးးးးးးးးး
ဒီကဗျာ ကြိုက်ဖူးဗျာ သတိရစေတယ် တော်ပီ မေ့ထားတော့မယ်

Vista said...

နတ်ဒေဝတာတွေ ဘောလုံးပွဲဆက်တိုက်ဆိုတော့ အိပ်ရေးပျက်လို့ ပါ ။ပွဲရာသီပြီးရင်အိုကေမှာပါနော်။

ကြည်ဖြူပိုင် said...

နားလည်တဲ့စကားပါးဖို့သူများတွေခက်ခဲလဲ
ပူပါနဲ့သူငယ်ချင်းရယ်
ကြည်ဖြူပိုင်ကြီးတယောက်လုံးနားလည်ပေးမယ်
:)
ကဗျာလေးလာခံစားသွားတယ်သယ်ချင်းရေ
ပျော်ပါစေ

ကြည်ဖြူပိုင် said...
This comment has been removed by the author.
Angel Shaper said...

ကဗျာလေးကို လာဖတ်သွားပါတယ်။
ပျော်ရွှင်ပါစေ။

Angel Shaper said...

ဟင့်အင်းး မခက်ပါဘူးးး
နားးးလည်ပါတယ်.......:)

လင်းဒီပ said...

နားလည်ပါတယ်
နားလည်ပါတယ်လေ
နားလည်ပါတယ်ဗျ
အဲ...နားလည်တယ် နားလည်တယ်...။:P

နားလည်မှုလေးတစ်ခုကို ရေငတ်သလို ငတ်နေရတာ တခါတခါ ဒီလိုပါပဲ...။

ထွန်းအိန္ဒြာဗို သီချင်းလို
“နားလည်မှုလေး မင်းမပေးသရွေ့ကွယ်..”

အမရာ said...

ရင်ကွဲနာကျ
အငွေ့ဖြစ်သွားလည်း..
ဟာသပဲတဲ့လား။
စာသားလေးကြိုက်လိုက်တာ..။။။

ဏီလင်းညို said...

မယ်ရေ......

ကဗျာလေးကောင်းတယ်ဗျာ.....။
နားလည်မှုကမ်းပါးမှာ ခဏထိုင်ပြီး ခံစားလို့တောင်မှမဆုံးသေးဘူး......ဟော........အောက်လည်းရောက်ရော.........ကော်မန့်မှာ ကိုဘကြိုင်ကြီး.....ငိုချင်းချသွားပါရောလားဗျာ.......း))

ခင်မင်တဲ့
ဏီလင်းညို

သိင်္ဂါကျော် said...

အဲဒီလောက် ချစ်တတ်ကြတာကို နားမလည်ဘူး..
ဟီးးးး

ရေသန့်  said...

်နားလည်မှုကမ်းပါး ထဲပြုတ်ကျသွားပြီ ....

ရေသန့်  said...

နားလည်မှုကမ်းပါးထဲပြုတာကျသွားပြီ ....

ညလင်းအိမ် said...

နားလည်ပါ ... တကယ်ဆို မင်းနားလည်မှာပါ ...း))

မိုက်တယ် ... ကဗျာက ...

kokomaung.uk said...

တစ်ခွန်းထဲပေမဲ့ အဓိပ္ပါယ်တွေ ရောထွေးကုန်မှာ စိုးလို့ မပါးခဲ့တာ ဖြစ်မှာပါ။းဝ)

nyeinsoe said...

သည်းခံနိုင်မှုကို မြှင့်တင်ရုံမှတစ်ပါး ... အခြားမရှိနိုင်
ငြိမ်းစိုးဦး