22 August 2010

“မီးတစ်စ”



အံ့သြတုန်လှုပ်မှုကို လွယ်ပိုးထားဆဲ မကျေနပ်ခြင်းတရားခံက ဖုံးအုပ်လိုက်တဲ့အခါ ကျွန်မ သည်းမခံနိုင်တော့ပါ။ ကမ္ဘာမီးလောင်တာထက် အရေးပါတဲ့ ကိုယ့်ဦးထိပ်မှာ စွဲတဲ့ဒီမီးကို မသက်ဆိုင်သလို ဘယ်မှာနေနိုင်ပါ့မလဲ။“ စဉ်းစားပါဦး ။ စဉ်းစားပါဦး ” လို့ သူမလေးကို အခါခါတိုးလျှိုးခဲ့ပြီးပြီ။

သူမ…။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း။ ရိုးသားပွင့်လင်း အပြစ်ကင်းစင်သူလေး။ အခု သူမရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက...။ကြောက်ရွံ့စရာ သူ့ပုံရိပ်တွေ။ တစ်ချိန်တုန်းကတော့ ရယ်ခဲ့တာပေါ့။“ အလိုလေး…ယောက်ျားလေးတဲ့လား ။ မယုံနိုင်စရာ...”

ပုံစံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေမှာ မိန်းကလေးတွေပင် မကြံစည်တတ်တဲ့ ကိုယ်နေဟန်တွေ။ ထိုင်လျက်ဆို ဒူးလေးကို ပိုက်လို့။ ရပ်လျက်ဆို ခါးလေးကို နွဲ့လို့။အပြုံးကလည်း မြူသလိုလို။ အခုတော့ မမြင်ဝံ့စရာ ဖြစ်နေပြီ။ အမှန်တကယ်ပင် သူ ယောက်ျားဖြစ်ခြင်း ။မိန်းမလျာဖြစ်ခြင်းတို့ဟာ ကျွန်မရဲ့ဘဝမှာ အရေးပါလာလိမ့်မယ်လို့အနည်းငယ်မျှပင် မထင်မိခဲ့ပါ။ ဒါပေမယ့် သူငယ်ချင်းလေးက သူ့ကို ချစ်သူအဖြစ်ရွေးချယ်လိုက်တဲ့ အခါမှာတော့ ကျွန်မ အရှင်လတ်လတ်မြေမြိုလေပြီ။

“ဘုရား..ဘုရား....နွေ... နင့်မှာ ဘာအသိဥာဏ်မှ မရှိတော့ဘူးလား။ သူက gay လေ” ကျွန်မ အံ့သြသွေးပျက်နေပေမယ့် သူမလေးက တည်ငြိမ်လျှက်သာ။ “သူက အစ်မတွေ ကြားမှာ ကြီးတာလေ ။ အဲလို နွဲ့နွဲ့လေးပဲလို့ ငါပြောခဲ့ပြီးသားပဲ” ဦးခေါင်းထက်ကို မိုးကြိုးဆယ်စင်းအပစ်ခံရတယ် ဆိုတာ ဒါမျိုးလားလို့ပင် ကျွန်မ ထင်မြင်မိခဲ့တာ။

ခက်တယ်။မိန်းကလေးတွေ ချစ်မိတဲ့အခါ ဆင်ခြင်တုံတရားတွေ ဘယ်ကို လွင့်စင်သွားလဲ။ နှာခေါင်းသာမပါရင် ဆိုတဲ့ ရက်စက်လွန်းတဲ့စကားပုံပေါ်လာတာ ဘာဆန်းလို့လဲကွယ်။ အသိပညာရှိလှပါတယ်ဆိုတဲ့ သူငယ်ချင်းလေးရဲ့ ဆုံးဖြတ်ပိုင်းခြားနိုင်စွမ်းဟာ ဇကောလောက်ပင် နက်သေးရဲ့လား။ ကျွန်မ ငိုချင်ပြီ။ သူငယ်ချင်းလေးနဲ့ ရန်မဖြစ်ချင်ပေမယ့် သူမလေး ငရဲတွင်းထဲ ဆင်းမယ့်အဖြစ်ကို လက်ပိုက်မကြည့်နိုင်ဘူးလေ။

ယောက်ျားလေးအချင်းချင်း ပေါ်ပေါ်ထင်ထင်စိတ်ဝင်စားသူများ။ မိန်းကလေးအချင်းချင်း ပွင့်ပွင့်လင်းလင်းချစ်မြတ်နိုးသူများကို ငယ်စဉ်ကစ ယနေ့ထက်တိုင် စိတ်နှင့်ပင် မကဲ့ရဲ့ဘူးကြောင်း ဘုရားအဆူဆူရှေ့တွေလည်း ကျိန်ဆိုနိုင်သလို ကျွန်မဖက်က သက်သေလိုက်နိုင်သူများ အများအပြားရှိပါတယ်။

မိန်းကလေးစိတ်သာ ဖြစ်တည်နေတဲ့ မောင်ဝမ်းကွဲလေးရဲ့ ဘဝအမှန်အတိုင်း လွတ်လွတ်လပ်လပ် နေနိုင်ရေးအတွက် တစ်မျိုးလုံးနဲ့ တိုက်ပွဲဝင်ခဲ့သူမှာ ကျွန်မဖြစ်သလို ထိုမောင်လေး ယောက်ျားလေးအချင်းချင်း တွဲနိုင်ရေး ၊ အတူနေနိုင်ရေးအတွက် အားလုံးနဲ့ စကားစစ်ထိုးခဲ့သူမှာလည်း ကျွန်မသာ ဖြစ်ပါတယ်။




ဒါပေမယ့် ယောက်ျားချင်းသာ စိတ်ဝင်စားတတ်သူဖြစ်ပါလျှက် လူ့သိက္ခာကို ဗန်းပြကာ သူတို့ရဲ့နာမည်တစ်ခုအတွက် ဖြူစင်သောမိန်းကလေးများကို လှည့်စားယုတ်မာသူများကို ဘယ်လိုနည်းနဲ့ သည်းခံနိုင်ပါ့မလဲကွယ်။အချစ်ဟာ ဦးနှောက်ကို သေစေပြီလား။ အမြင်တွေကို တိမ်စွဲစေသလား။ သူမလေးက ငြိမ်းအေးလွန်းပေမယ့် သူမရဲ့အချစ်ဟာ ကျွန်မကိုသတ်နေတာ။ သူငယ်ချင်းလေးကို စဉ်းလဲသူရဲ့ လက်ထဲ ပစ်မထားရက်သူနိုင်သူသာ ရင်ကွဲရတဲ့ ဘဝပါကွယ်။

ကျွန်မ ဘယ်လိုရှုင်းပြရမှာလဲ။ဘယ်လို ဖြေရှင်းရမှာလဲ။ အဲဒီကောက်ကျစ်သူရဲ့ မျက်လုံးအစုံကို တည့်တည့်ကြည့်ကာ “ရှင့်စရိုက်မှန် gay ဖြစ်နေတာကို လူသိမှာစိုးတာနဲ့ သူ့ကို မချစ်ဘဲ ခုတုံးမလုပ်ပါနဲ့” လို့ တောင်းပန်ရတော့မှာလား။ ဒါပေမယ့် စကားဖွင့်မဆိုလဲ ကျွန်မရဲ့ ကျရှုံးခန်းကို သိနေတဲ့သူ့ပုံစံက အော့နှလုံးနာစရာ။ ပုံစံက ကိုယ့်လူကို နိုင်အောင်ထိန်းလေဆိုတဲ့ ဟန်။ မထီတရီ။ ဘဝင်မြင့်နေတဲ့အသွင်။ ရိုက်ချင်စရာ။

သူငယ်ချင်းလေးရယ်။ မိတ်ဆွေကောင်းဖြစ်ဖို့ ငါ အတတ်နိုင်ဆုံးကြိုးစားနေဆဲပါ။ ရှေ့မျက်နှာ နောက်ထားကာ မောင်ဝမ်းကွဲလေးကို အကူအညီတောင်းခဲ့သေးတာ။ သူတို့အချင်းချင်းပြောရင် ပိုအဆင်ပြေလိမ့်လို့လည်း မျှော်လင့်ခဲ့မိတာ။ “မမ မဖြစ်နိုင်ဘူး… အဲလိုသွေးကြောင်တဲ့ကောင်တွေက သေခါးနီးတောင် closet ထဲက ထွက်မှာမဟုတ်ဘူး” ဆိုတဲ့ မောင်လေးရဲ့အပြောမှာ ကျွန်မရဲ့ ကောက်ရိုးတမျှင် ပြတ်ကြွေပြီလေ။

ဘယ်လို ရှေ့ဆက်လှုပ်ရှားရပါ့။ နေထိထိုင်သာအောင် ကြိုးစားလည်း စိတ်ကူးတွေကို ချူပ်ကိုင်လို့ မရမက တွယ်ကပ်နေတာ။ “ဆက်မပြောနဲ့တော့။တော်ကြာ ကိုယ့်အလွန်ဖြစ်နေမယ်” တဲ့ ... လူရင်းတွေက နားချလေပြီ။ဒါပေမယ့် ကိုယ့်ဂုဏ်သိက္ခာထက် သူငယ်ချင်းလေးရဲ့ဘဝက မနှိုင်းဆနိုင်အောင် အရေးပါတယ် မဟုတ်လားလေ။ ချောက်နက်ကြားက ဆူးပြွန်းတဲ့ လမ်းမှာ သူမလေး လျှောက်မယ့်အရေးကို ဘယ်လိုမျက်နှာလွှဲ နေနိုင်ပါ့မလဲကွယ်။

အချိန်ရေစီးမှာ အလိုက်သင့်မျောပါရင်း မျှော်လင့်ချက်လေးကို ကျွန်မ လက်မလွှတ်နိုင်သေးပါ။ ဦးနှောဏ်မှာ အတွေးသိုက်ဆောက်လို့ လွတ်မြောက်နိုင်မယ့် လမ်းစကို ကြံဆနေဆဲ။ ပြီးတော့ ဗျာပါဒတွေရဲ့ နယ်ချဲ့မှု ကလည်း ဆပွားနေဆဲ။လေညှာကကျွန်မ ဆက်လက်ပူပန်နေဆဲရယ်။ ညောင်ဦးကမ်းပါးပြိုလို့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးနိုင်သေးရင် ကျွန်မတို့က သူငယ်ချင်း အရင်းကြီးတွေ မဟုတ်လားကွယ်။ကျွန်မ ဘယ်လို အသက်ဖြောင့်ဖြောင့်ရှုနိုင်တော့မှာလဲ။အချိန်တစ်မျှင်တိုင်း ကျွန်မ နှလုံးသွေးတွေ ပြာဖြစ်နေပြီ။ ခက်တယ် သူငယ်ချင်းလေးရယ်။ နင့်လက်ထပ်ပွဲမတိုင်ခင် ငါသေသွားနိုင်တယ် သိလား။

ကျေးဇူးပြုပြီး အကြံပေးပါနော်လို့ အဘယ်တန်ခိုးရှင်ကို အကူအညီတောင်းရတော့မလဲ။ သူငယ်ချင်းလေးရဲ့ အိပ်မက်တွေကို ခြောက်ခြားစေမယ့် တစ္ဆေတစ်ကောင်ရဲ့ လက်က ဘယ်လိုကယ်တင်ရမလဲ။ သောကတွေကို အပြင်းအထန် ဖိနှိပ်တိုက်ထုတ်ပေမယ့် ကြောက်လန့်ခြင်းတွေဟာ စိတ်ကူးကို ချူပ်ကိုင်လို့ မရမက တွယ်ကပ်နေပြီ။ နာကျင်မှုတွေ တနင့်တပိုးနဲ့ ကျွန်မ လွင့်စင်နေဆဲဖြစ်ပါတယ်။

သံယောဇဉ်ဆိုတာ...။




18 comments:

ညလင်းအိမ် said...

အေးဗျာ အဲဒါတော့ ဆိုးတယ်ဗျ ...
ကျွန်တော်လည်း အကြံမပေးတတ်ဘူး ...း)

Anonymous said...

ကလိမ်ကကျစ် အကြံပေးရမယ် ဆိုရင်တော့ တခြားယောက်ျားလေး တစ်ယောက်ကို ဖြတ်အုပ်ခိုင်းလိုက်ပေါ့။ ယောက်ျားလေးထဲမှာ မိန်းကလေးတိုင်း ကျအောင် ပြောနိုင်တဲ့သူတွေ အများကြီးပါ။

ကိုကို said...

ကိုယ်တန်ဖိုးထားသလောက် သူက ကိုယ့်အပေါ်မှာ လေးစားတန်ဖိုး မထားရင်တော့ သူ့လမ်းသူလျှောက်ပါစေလေ...။ လူဆိုတာကလည်း အခက်သား။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ရင်တော့ ကာယကံရှင်အပေါ်မှာ အများကြီးမူတည်ပါတယ်။ မိမိ တဘ၀လုံးလျှောက်လှမ်းရမည့်အရေးကို မိမိရဲ့ခံစားချက်တခုတည်းကို ကြည့်ပြီး (သို့) နားလည်ပြီး တဇွတ်ထိုးမျက်စိစုံမှိတ်ပြီးတော့ ဆုံးဖြတ်တာမျိုးတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး သက်ပြင်းမောသာ ချမိတယ်.. သူငယ်ချင်းလေးအတွက် ရင်လေးစရာ
အပေါ်က တစ်ယောက်ပြောသလို အကွက်ကျကျစီစဉ်ပြီး အဲဒီမြင်ကွင်းကို မယ့်သူငယ်ချင်းလေးကို မြင်အောင် လုပ်လိုက်မယ် ဆိုရင်ရော?

ဝက်ဝံလေး said...

အိမ်းးးး အမည်မသိပြောသလို လုပ်ပေါ့ ဂလိုလေ သူက ဂေးမလား ဒီတော့ တခြား ယောက်ျားလေး တယောက်ကို အကူညီတောင်းပြီးတော့ သူ့ကို ချဉ်းကပ်ခိုင်းပေါ့ မကောင်းဘူးလား မမ

မသိဘူးနော် ဟီးးးး

လင်းဒီပ said...

ဒုတိယအကြိမ် လာဖတ်မိပြန်ပြီ...။
မီးတစ်စ ငြိမ်းသတ်ရခက်တဲ့မီးတစ်စ အကြောင်း

အမရာ said...

ဟူးးးးးးးးစိတ်မကောင်းဘူး..
မယ်ကိုးလိုပဲ...။။။

Vista said...

မိဘတောင်မွေးထားတဲ့ သားသမီးကိုမနိုင်တာတွေအများကြီးပါ။
ကောင်းရာကောင်းကြောင်းညွှန်ပြပေမယ့် ၊ လက်မခံဘူးဆိုရင်တော့ စိတ်လျှော့ထားစေချင်တယ်။
သူငယ်ချင်းပေမယ့်လည်း တစိမ်းပါပဲ။ သွေးသားတွေတောင် ပြောလို့ ရချင်မှရတာကို။

မောင်လေး said...

အင်း..ခက်တာပဲ.. ကို့ရို့ကားယားကိစ္စကြီးဆိုတော့
ဘာပြောရမှန်းသိတော့ဘူးဗျာ..။

Leo said...

အဲဒီ့လူက Bisexual ဖြစ်နိုင်ပါတယ်။ သူ ဂေးတစ်ယောက်မဖြစ်ချင်တော့လို့၊ ဒါမှမဟုတ် သူငယ်ချင်းလေးကိုတကယ်ချစ်မိသွားလို့လဲ ဖြစ်နိုင်ပါတယ်။ အဲဒီ့လူက သူငယ်ချင်းလေးကိုတကယ်ချစ်မိသွားပြီး ဂေးဘ၀ကနေ တကယ်ရုန်းထွက်ဖို့ဆိုရင် ကြိုဆိုသင့်ပါတယ်။ ဒီလိုအဖြစ်တွေအများကြီးပါ။ ဂေးအတော်များများဟာ သူတို့ဘ၀ကိုရုန်းထွက်ချင်ကြပါတယ်။ သူတို့လဲ သာမာန်မိသားစုဘ၀ကို လိုချင်ကြပါတယ်။ နွဲ့ပေမယ့် ယောက်ျားပီသသူတွေရှိသလို၊ ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာနဲ့ ဂေးတွေလဲ အများကြီးပါ။
ဒါမှမဟုတ်ဘဲ သူဂေးဖြစ်တာကို ပတ်ဝန်းကျင်ကို ဖုံးကွယ်ချင်လို့ သူငယ်ချင်းလေးကို ဟန်ဆောင်လက်ထပ်မယ် ဆိုရင်တော့ သူငယ်ချင်းလေး တစ်သက်လုံးစိတ်ဆင်းရဲရပါလိမ့်မယ်။ သူကအခြားသော ယောက်ျားလေးတွေနဲ့ ဆက်ပက်သက်မှာ ဖြစ်တဲ့အပြင် သားသမီးရလာရင်လဲ နောက်ဆက်တွဲပြသနာတွေ ဖြစ်လာနိုင်ပါတယ်။
အဲသလိုဆိုရင်တော့ ဖျက်သင့်ပါတယ်။

မယ်ကိုး said...

At first, I’m really thankful for all (ညလင်းအိမ် , Anonymous , ကိုကို , ချော(အစိမ်းရောင်လွင်ပြင်) , ဝက်ဝံလေး, လင်းဒီပ, အမရာ , Vista , မောင်လေး , Leo ) ,your comments, time and interesting for this issue and also I'm sorry for late reply and can't type Myanmar font because of my ruined computer.

Now let me begin by explaining that issue and I want to discuss about it regardless of my short story especially to Ko/Ma Leo. Yes, I agree with Ko/Ma Leo's opinion about the bisexual issue that environment must play its part. But, honestly, I hardly believe that a bisexual man can change into a heterosexual man.

Unfortunately, on the other hand, no one has provided a satisfying explanation of how bisexual man could change into heterosexual man and become a devoted husband for his wife. (A 2005 study by researchers Gerulf Rieger, Meredith L. Chivers, and J. Michael Bailey,[8] which attracted media attention, purported to find that bisexuality is extremely rare in men.Credit: Wiki)

Although I agree that it is difficult and impossible to do perfect studies using human subjects, it is somewhat surprising to me that sexual orientation for bisexual men can be such that simple. Yes, it is one of the most interesting questions in my mind.

As far as I know, we, women are seldom prejudice a girly man is a gay. A good example of this is me :P. I like Kamenashi Kazuya ,Japanese Actor, singer and host ,although he is a girly type. It's obivious that I disagree he may be a gay until he confesses and we all know that some masculine men are gays.( eg. Ricky Martin)

As usual there is no exact reason that I can assure that this man is a gay or not .However I think we all know this fact by heart and experiences. Obviously ,sometimes it is very, very clear.

I’d like to talk about that in our society homosexual people are obviously not rewarded for their unconventional behavior. Seriously, I have generally positive attitudes toward homosexuals and strongly disapprove of some homophobias' critics.

And,in reality, the worst part is that the cheated people deceive the honest ones ( the purpose of my short story) . Yes, I mean of course it’s true , cruel and unfair for all bisexual, homosexual and heterosexual people , although I have a sympathy and deeply understand that coming out to be a gay is really, really hard.

Finally, my attitude on the functional approach to dishonest behavior is disapprobation . I'm not happy with the discriminations of homophobia and also when people are dishonest for their sexual orientation ( I'm sorry.:(( ) .

And again , thanks a million for your interesting for this issue and your time :).

မောင်ဘကြိုင် said...

ဖတ်ပြီးသက်ပျင်းချပြန်သွားပြီဗျာ......

သိင်္ဂါကျော် said...

ခုမှပဲ လာဖတ်ဖြစ်ပါတယ်..

Wai said...

ဖျက်လို့ ရရင်တော့ ကောင်းတာ ပေါ့ မယ်ကိုးရယ်..
ဖျက်လို့မရရင် ကိုယ် ပဲ စိတ်ညစ်နေရမှာ...
နောက်ဆုံးတော့ ကံလို့ ပဲ တွေးလိုက်ရင် မယ်ကိုး စိတ်သက်သာရာ ရမှာပါ
ဂေးဖြစ်တာကို ပတ်ဝန်းကျင်ကို ဖုံးကွယ်ချင်လို့ ချစ်သူရည်းစား မိန်းကလေး တွေ ကို အမည်ခံထားလက်ထက်တာမျိုးတွေ လဲ အများကြီးရှိလိမ့်မယ်..........

လသာည said...

အင်း ဒီပိုစ်လေး အခုမှ ဖတ်ဖြစ်တယ်..။
အစ်မလည်း သူငယ်ချင်း တစ်ယောက်နှင့် အဲဒါမျိုး ကြုံဖူးတယ်။ အစ်မအတွက်တော့ ရင်ထဲမှာ မမေ့စရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ် ညီမလေး..။

သူငယ်ချင်းက မယ်ကိုးရဲ့ပိုစ်ထဲကလို သူငယ်ချင်းဖြစ်နေခဲ့တယ်။ အစ်မက မယ်ကိုးလိုပဲ အချစ်ဆုံးသူငယ်ချင်းအတွက် ဆိုပြီး နည်းမျိုးစုံနဲ့ သူတို့ မယူအောင် ဖြောင်းဖြခဲ့တယ်။ သူငယ်ချင်းက “သူများ ကိုယ်ရေးကိုယ်တာကို အဲလောက် စွက်ဖက်တာ သူငယ်ချင်းလား”ဆိုပြီး အစ်မကို ငိုပြီးတောင် ရန်တွေ့တာ..။

အစ်မနှင့် သူမရဲ့မိဘတွေကြောင့် သူတို့ မယူဖြစ်သွားခဲ့ကြဘူး။ (အဲဒီလူ အေအိုင်ဒီအက်စ်နဲ့ နောက်တော့ သေသွားတယ်)။ သူမရဲ့ မိဘတွေက အစ်မကို အရမ်း ကျေးဇူးတင်ကြတယ်..။

သူငယ်ချင်းဘ၀ ကံကောင်းသွားတဲ့အတွက် အစ်မက ၀မ်းသာမိပေမယ့် သူငယ်ချင်းကတော့ အစ်မကို ကမ္ဘာပေါ်မှာ အမုန်းဆုံးသူတဲ့လေ။ “၀ဋ်ဆိုတာ လည်တတ်တယ်နော်”လို့ တောင် ကြိမ်းမောင်းသွားခဲ့တယ်။ စိတ်မကောင်းစွာပဲ မျက်ရည်ကြားထဲက ပြန်မပြောပဲ ငြိမ်နေခဲ့ရတယ်။

သူ့အနေနဲ့က အဲလူကို သူယူပြီး ပြုပြင်လိုက်ရင် အဲလူ အခုလို အသေဆိုးတဲ့ ရောဂါမျိုးနဲ့ မသေလောက်ဘူးလို့ ယုံကြည်နေတာတဲ့..။

အခုပြန်တွေးရင် ကိုယ်လုပ်ရပ်ကို နောင်တရသလိုလို။ အဲတုန်းက အစ်မအသက်လည်း ငယ်သေးလို့ အဲလောက် ကြားဝင်ပြီး သံဃောဇဉ် ကြီးပြခဲ့တာဖြစ်မယ်။
တကယ်ဆို လူတိုင်း ကိုယ်ဘ၀အတွက် ကိုယ်တာဝန်ယူ ဖြေရှင်းခွင့် ရှိကြတာပဲ မဟုတ်လား။ သူငယ်ချင်းဖြစ်ရုံနဲ့ သူများရဲ့ဘ၀ကို ၀င်တာဝန်ယူ စိတ်ပူပေးရမယ်လို့ ယူဆမိခဲ့တာ နည်းနည်းတော့ မှားနေသလားလို့ အခုတော့ တွေးတတ်နေပြီ်။

မယ်ကိုးရော.. သံဃောဇဉ်တစ်ခုနဲ့ အမုန်းခံပြောမယ့် ဒုတိယ လသာည လုပ်မှာလားဟင်။ မယ်ကိုးလေး.. တခါတခါ သံဃောဇဉ်ဆိုတာ အချစ်ထက် အမုန်းပဲ ရတတ်တာနော်..။ အစ်မလို မမိုက်နဲ့..။
ချစ်တဲ့

Anonymous said...

@ leo
အကောင်းဘက်က တွေးလွန်းတယ်။
ဂေးတွေဟာ လုံးဝ စိတ်ပြောင်းလို့မရပါဘူး။ ပြောင်းလဲ မပြောင်းလာနိုင်ပါဘူး လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ် ဆရာ အတကျော်ရေးတာလို့ထင်တယ် မမှတ်မိတော့ဘူး။

ရိုးမြေကျ said...

လိင်တူချစ်တာကို အပြစ်မမြင် ချစ်ခင်တဲ့မမကို တကယ်လေးစားပါတယ်မမ။ အများစုက ရှုတ်ချကြတယ်။ သဘာဝကို လွန်ဆန်တယ်ဆိုပြီး နှလုံးသားခံစားချက်ကို အသေသတ်ကြတယ်။

မယ်မဒီ said...

ကျမပတ်ဝန်းကျင်မှာတော့ ဒီလိုယူထားတဲ့ လူတစ်ချို့ကို တွေနေရတယ်။ ကလေးလည်း ရှိတယ်။ ဒါပေမယ့် နောက်ကွယ်မှာလည်း စိတ်မကုန်ဘူးလို့ ပြောသံကြားတယ်။ ဒါပေမယ့် လူတွေကတော့ ဒါကို မသိကျိုးကျွံပြုနေကြတယ်လို့ထင်တယ်။