10 October 2010

ပြစ်မှု


ထက်ပိုင်းကျိုးအိပ်မက်တွေနဲ့ လူပါ။
သပွတ်အူတိမ်တိုက်မှာ အတင့်အတယ် မနေတတ်တဲ့အခါ
ဖမ်းဆုပ်နည်းလေး သင်တန်းပေးမယ်တဲ့လား။
ဟင့်အင်း။
အထုံရေစက်ဆိုတာ အနတ္တသဘောပဲမို့ လက်လွှတ်ထွက်ပြေးတဲ့ ကံကိုလည်း မစောင့်တော့ဘူးရယ်။
ရောင်ခြည်တော်စက်ဝန်းထဲ ခိုလှုံခွင့်မရသူပါ။
ဘယ်လိုလဲကွယ်။
အနက်ရောင် မျက်လွှာမဆောင်ထားခဲ့လည်း ရှုထောင့်လွဲမိတဲ့အခါ စည်းမျဉ်းနဲ့လှမ်းရိုက်ပြန်....
နေပါစေ...
ဖြတ်သွားဖြတ်လာစာနာမှုလေး လက်ဖြန့်မတောင်းနိုင်လို့ ရင်ကိုပဲ မီးထပ်ရှို့ပါရစေ။
ဒီလိုနဲ့ ကျွန်မ... ဒီမှာရပ်နေပါတယ်။
အသေတစ်ဝက်နဲ့။ ကောင်းကင်အကျိုးနဲ့။ ....။


Windfarm worries
acrylic painting
8 x 12 inches

10 comments:

နေ့အိပ်မက် said...

ဆယ်နာရီမှာ ဘာလို့တင်တာတုံး ဆယ်နာရီဆယ်မိနစ်မှာ တင်ရမှာ.. တမီးဆီလာကြည့် :P

Anonymous said...

ချက်လိုက်ပြန်ပြီပေါ့လေ..ဆား.......

နှင်းဟေမာ said...

မမကိုးရေ..
ကဗျာလေး လာဖတ်သွားတယ်
ကဗျာလေးထဲမှာ ကြေကွဲစရာတွေအရမ်းများနေတယ်

ဖြတ်သမ်းသွားလာ စာနာမှုလေး
လက်ဖြန့်မတောင်းနိုင်လို့
ရင်ကိုပဲ မီးထပ်ရှို့ပါရစေ ...

ရင်ကို ပြင်းပြင်းရှရှ ထိစေတဲ့ အဖွဲ့လေးပါ ..
အားပေးလျှက်...

ကိုကိုမောင်(ပန်းရနံ့) said...

ပြစ်မှုတဲ့။ ကြောက်စရာကြီး။ အသေတစ်ဝက် ကောင်းကင်အကျိုးနဲ့ဆိုပါလား။ မိုက်တယ်။ တင်စားချက်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သိင်္ဂါကျော် said...

အထုံရေစက်ဆိုတာ အနတ္တသဘောပဲမို့..
လက်လွှတ်ထွက်ပြေးတဲ့
ကံကိုလည်း မစောင့်တော့ဘူး... ဆို..

ဘာဖြစ်လို့
အသေတစ်ဝက်.. ကောင်းကင် အကျိုးနဲ့ ရပ်နေမှာတုန်း..

ဆက်လျှောက်ပါ.. ဆက်လျှောက်ပါ.. လမ်းဆုံးထိ..

:)

အမရာ said...

ဒီလိုနဲ့ ကျွန်မ...
ဒီမှာရပ်နေပါတယ်။
အသေတဝက်နဲ့။
ကောင်းကင်အကျိုးနဲ့။...။

ချော(အစိမ်းရောင်လွင်ပြင်) said...

တခါတလေတော့ ဆက်လျှောက်နေတာထက် ရပ်နေတာက ပိုကောင်းမယ်လို့ ခံစားမိတဲ့အချိန်တွေ ရှိခဲ့ပါတယ်..
အဲဒီခါမျိုးမှာ ဒီကဗျာလေးက ကွက်တိပါဘဲ။
ဆက်လျှောက်တာထက် ရပ်နေတာ ပိုကောင်းမဲ့အချိန်တွေအတွက် ထပ်တူပါဘဲ ညီမလေးရေ။

်အရိပ်ကလေး said...

ချစ်ညလေးမယ် ကဗျာလေးလာခံစားသွားတယ်နော်
မမ..း))
အချိန်ဆိုတာစောင့်လေအကျိုးရှိလေဆိုပဲ..
ဟုတ်လားမသိဘူး
လူတိုင်းတော့စောင့်နေကြတာပဲနော် ..အကြောင်းအရာကိုယ်စီနဲ့....
ပျော်ရွှင်ပါစေ..မယ်..

အုပ်ကြီး said...

ရူထောင့်လွဲမိတဲ့ခဏ ..
ဘာပြစ်မှုများလဲဗျာ

(ကဗျာများလာရောက်ခံစားသွားပါတယ်ဗျာ)

nyeinsoe said...

ရောင်ခြည်စက်ဝန်း ကို နောက်မဆုတ်တမ်းစောင့် နိုင်ပါစေ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com