18 December 2010

ကျေးဇူးတင်ကြောင်းလေး ပြောချင်တယ်...

ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ သုံးနှစ်ပြည့်မယ့် ဒီblog လေးကို ကျွန်မ တစ်ယောက်တည်း တည်ထားခဲ့တာ မဟုတ်ပါဘူး။ ပထမဆုံး စာအသစ်တွေရေးဖို့ တိုက်တွန်းခဲ့သူ၊ ကျွန်မ စာရေးရပ်နားခိုက် အားပေးခဲ့သူများ၊ ယနေ့ထက်တိုင် ကျွန်မရဲ့စာကို ဖတ်နေကြသူများကသာ ဒီရပ်ဝန်းလေး အသက်ဆက်အောင် အလင်းဓာတ်ပေးခဲ့သူများ ဖြစ်ပါတယ်။

စာဖတ်သူ မိတ်ဆွေ မောင်နှမများရဲ့ အလေးထားပြောခဲ့တဲ့ စကားလုံးတိုင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေခဲ့တာ အမှန်ပါ။ စကားလုံးတိုင်းမှာ အချိန်စွန့်ခဲ့ပြီး ကျွန်မကို စွမ်းအင်တွေ ပေးခဲ့ပါတယ်။ ဒီလို ကိုယ်ကျိုးစွန့်မှုအတွက် ဘယ်လိုအမွှမ်းတင်ကာ ကျေးဇူးစကား ဆိုရမှန်းမသိအောင် ဖြစ်ရပါတယ်။

သေချာတာကတော့ စာဖတ်သူတွေ (လက်ဆယ်ချောင်းတောင် မပြည့်ဘူးထင်ပါတယ် :P) ရဲ့ မေတ္တာကြောင့် ကျွန်မရဲ့ကောင်းကင်ဟာ ကြည်လင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘဝဟာ နေချင့်စဖွယ် သာတောင့်သာယာဖြစ်အောင် စာဖတ်သူတွေရဲ့ စာလုံးလေးတစ်လုံးကသာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီအခိုက်အတန့်လေးများ၊ ကြည်နူးစေမှုများ၊ အမှတ်တရများအားလုံးအတွက် အထူးကျေးဇူးတင်ပါကြောင်း ထပ်မံပြောကြားပါရစေ။

photo credit: www.underconsideration.com

တစ်ခါတစ်ခေါက် မျက်စိလည် လမ်းမှားရောက်လာခဲ့တဲ့ စာဖတ်သူများနဲ့ blogger များကိုလည်း အထူးတလည် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။


မေတ္တာများဖြင့်...
မယ်ကိုး

34 comments:

khin oo may said...

ဖတ်ပါတယ်။ ပျော်ရွင်ပါစေ။

ညီမလေး said...

မယ်..လမ်းမှားလာတာမဟုတ်ဘူးနော်း)
မယ့်ဘလော့လေး အသက်ရှင်ကျန်းမာပါစေ မယ် ။ စာလှလှကောင်းကောင်းလေးတွေလဲ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေး)

မောင်ဘကြိုင် said...

အစ်မဘလော့ဆီအမြဲရောက်ဖြစ်ပါတယ်
အားပေးနေပါတယ်
မယ်ကိုး ဆိုတဲ့နာမည်ကို ကျွန်တော်ဘလော့လောကထဲ စရောက်ကတည်းက သိနေတာ အခုဆို တနှစ်ကျော်ရောပေါ့ဗျာ ဆက်ပြီးရေးပါအုံးလို့ အားပေးသွားတယ်နော့

pandora said...

အင်တာနက်ထဲမှာ ၃ နှစ်ဆိုတဲ့အချိန်ဟာ အပြင်မှာ ၁၀ နှစ်လောက်နဲ့ ညီမလား မသိပါဘူး။
စိတ်ဝင်စားမှုမပြတ်ပဲ ပိုပြီး လှသထက်လှ ရသမြောက်သထက်မြောက်တဲ့ ပို့စ်တွေကို ရေးနေတဲ့ မယ်ကိုး ရှေ့ဆက်ပြီးတော့လည်း ပိုမိုပျော်ရွှင်အောင်မြင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

သုံးနှစ်ပြည့်မှ သည်နောင် နှစ်ပေါင်းများစွာတိုင်အောင် စာကောင်းပေမွန်တွေ အများကြီးရေးသားနိုင်ပါစေ..


မယ်ကိုးရဲ့ စာတွေကိုအမြဲလာဖတ်ဖြစ်ပါတယ်..


ချစ်ခင်လေးစားလျှက်..

အမြဲစာဖတ်ပရိသတ်

★Craton said...

သာဓု သာဓု.. အဲလေ.. ကွန်ဂရက်ကျူလေးသျှင်းစ်... =D

Moe Cho Thinn said...

စာရေး ကဗျာရေး သိပ်ကောင်းတဲ့ မယ့်စာ တွေကို ကြိုက်လို့ အားတဲ့အချိန် ပြေးလာ ဖတ်ပါတယ်။ ၃ နှစ်တောင် ရှိပြီလား။ တိတ်တခိုး ဖတ်နေသူက အသိအမှတ်ပြုပြု မပြုပြု စာရေးသူကို ကျေးဇူးတင်နေပါတယ်။

လသာည said...

မယ်ကိုးရေ..

“ဒါမှမယ်ကိုးလို့ သိသာစေတဲ့ ချစ်စရာ အရေးအသားလေး”နဲ့ ရေးသားဖော်ပြပေးတတ်တဲ့အတွက် (မယ်ကိုးစာကို မဖတ်ရမနေနိုင်သော)မယ်ကိုးရဲ့ fun ဖြစ်နေသူပါ။

အစ်မလိုမျိုး မယ်ကိုး funတွေအတွက် ရှေ့ဆက်ပြီး စာတွေ အများကြီးအများကြီးရေးပြီး၊ နာမည်အကြီးကြီး အကြီးကြီးနဲ့ ကျော်ကြားပါစေလို့ ဘလော့သုံးနှစ်ပြည့်မှာ ဆုတောင်းပေးပါတယ်။

Anonymous said...

ကျေးဇူးတင်ပါတယ်ဗျာ
လမ်းကြုံလာလည်သူ
ရိုင်ယန်

Anonymous said...

၃နှစ်လား..။ အမြဲစောင့်ဖတ်နေပါတယ်။
ဒီဘလော့ဂ်လေး သက်တော်ရာကျော်ရှည်ပါစေနော်။
အင်း..ဟိုစာစုလေးကိုလည်း အပြီးဖတ်ခွင့်ရပါစေ
ဆုတောင်းလိုက်ပါတယ် အဟဲ
း)
မမွန်

Anonymous said...

လမ်းမှားပြီးရောက်မလာပါဘူး။ ဘယ်တော့များအသစ်တင် မလဲဆိုပြီး မယ့်စာတွေကို စောင့်ဖတ်နေရတဲ့ စာဖတ်ပရိတ်သတ်ပါ ။

ကိုဇော် said...

နှစ်ပေါင်းများစွာ တည်တံ့နေနိုင်ပါစေ။

Tin said...

Biz as usual ဖတ်ပါတယ်။ ပျော်ရွင်ပါစေ။ ma မယ်ကိုး

Kay said...

မယ်ကိုး ရဲ့ ဘလော့ဂ် လေး ၃ နှစ် ဆိုတော့..စကားပုံ အသစ် ကလေး တောင်.. လုပ်ချင်သွားတယ်..။

တလ ပျော်ချင်...ဖေ့စ်ဘွတ် ၀င်
တနှစ် ခံ အုန်း .. ဂျီချက် သုံး..
သုံးနှစ် ဆိုရင်.. သိပ် မ ဘလော့ဂ် ချင်...

း)

ဒီ ၃ နှစ် စာ အချိန်တွေ စွန့်ခဲ့ရတာ..အလကား မဟုတ်ဘူး ဆိုတာ.. တို့ တွေ ကိုယ်တိုင် ကျေနပ်နေ ရင်..ပြီးတာပါပဲ.. မယ်ကိုး ရေ.. နော..

ဆက်ရေး ကြစို့.. သူငယ်ချင်း

selda said...

မယ်ကိုးရေ လာသွားတယ်နော်...ဝမ်းနည်းပြီးအထီးကျန်နေတဲ့ နေ့တစ်ရက်မှာ မယ်ကိုးကိုစတွေ့ခဲ့တာပါ..တကယ်ပါ မယ်ကိုးမသိပေမယ့် မယ်ကိုးရဲ့စာတွေကို ကိုယ့်အတွက်အဖော်ဖြစ်ခဲ့တယ်..ကိုယ့်ကိုနားလည်တဲ့သူမရှိဘူးရယ်လို့ ထင်ထားရာကနေ..မယ်ကိုးရဲ့ စာတွေဟာ ကိုယ့်ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ် အားအင်ဖြစ်လာစေခဲ့တယ်..ကျေးဇူးတင်လျှက်နော်

Anonymous said...

မယ်ကိုးရေ လာသွားတယ်နော်...အားအင်ဖြစ်စေတဲ့ အရေးအသားတွေနဲ့ မယ်ကိုးရဲ့ စာတွေဟာ စဲလ် အတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက်လိုပါပဲ..
အမြဲအားပေးနေမယ်နော်...စာတွေဖတ်ပြီး ကြိတ်ငိုတက်တဲ့ ကောင်မလေးတစ်ယောက်ပါ နဲနဲကြောင်တယ်ဆိုတာသိပေမယ့် ခံစားချက်တွေတိုက်ဆိုင်လွန်းလို့......................

ချော(အစိမ်းရောင်လွင်ပြင်) said...

သိချိန်ကစလို့ အမြဲလိုဖတ်ပါတယ်မယ်
၃နှစ်ပြည့်မှသည်............ နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာကိုယ်ချမ်းသာ စာတွေ များကြီးရေးနိုင်ပါစေ

ဝက်ဝံလေး said...

ဘလော့ဂ် ၃ နှစ်ပြည့်မှသည် အဓွန့်ရှည် တည်တံ့ပါစေနော်
မမ သမီးခရီးသွားတော့မှာ သိလား ပျောက်နေရင် စိတ်မပူနဲ့နော် နှုတ်ဆက်သွားတယ်နော်
ဘိုင် ပျော်ရွှင်ပါစေ

တလနွန် said...

နာမည်ဆန်းဆန်း နဲ့  စာကဗျာအလှတို့  ဝေဆာနေတဲ့ ဒီဘလော့ကို အားတဲ့အချိန်တိုင်း ဖတ်ဖြစ်ပါတယ်ဗျ.. ခြေရာမချန်ခဲ့တာကလွဲပြီးပေါ့... ဒီထက်မက အောင်မြင်ပါစေဗျာ

ခင်မင်လျက်
တလနွန်

Shinlay said...

အားပေးနေပါတယ်။ ၃နှစ်မှ နှစ်ပေါင်းများစွာ စာတွေရေးနိုင်ပါစေ။

~ဏီလင်းညို~ said...

မယ်ရေ့.....

စာတွေအများကြီးဆက်ရေးသွားနိုင်ပါစေနော်ဗျာ.....။

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

ဆွေလေးမွန် said...

တစ်ခါတစ်ခါမှ ရောက်ဖြစ်ပေမယ့် တစ်ခါလာဖတ်ရင်တော့ အကြွေးတွေကုန်အောင် ဖတ်လေ့ရှိပါတယ်။

နောင် နှစ်ပေါင်းများ စာတွေဆက်ရေးနိုင်ပါစေ။

Angel Shaper said...

မမရေ...........Congratulation!!!!
ဒီ့ထက်မက.... ဆက်လက် ရေးသားဖန်တီးနိုင်ပါစေ..
ဥပမာ.... ကေအယ်လ် လမ်းမကြီးများပေါ်က မယ့်ခြေရာများ တို့ ဘာတို့ ပေါ့နော်.. ဟဲဟဲ...
စကားမစပ်....လက်ဆောင် လှလှလေးအတွက် ကျေးစ်..... ဆံပင်ရှည်ထားပြီး လှလှလေး ဝတ်ပြမယ်နော်.... :)

ကိုအောင်(ပျူနိုင်ငံ) said...

နောင် နှစ်ပေါင်းများစွာ တိုင်ပါစေဗျာ ....

sonata-cantata said...

သုံးနှစ်ဆိုတော့ တို့များနဲ့ မတိမ်းမယိမ်းပဲ...
အသက်ချင်းတူပေမဲ့ အားချင်းစာရင် မယ်ကိုးက သာပါတယ်။
ဒီက ဧရာ သီတာ နှစ်ယောက်ကတော့ S-C ကို လိမ်ဖယ် လိမ်ဖယ် အသက်ဆက်နေရတယ်...။

နှင်းဟေမာ said...

မမကိုးရေ ... နောက်ကျမှ ရောက်လာခဲ့လို့ တောင်းပန်ပါတယ်နော်း)
အခုတစ်လော အလုပ်တွေရှုပ်သလို အရှုပ်လေးတွေ လုပ်နေမိလို့ပါ ...။
ဘာလိုလိုနဲ့ ကိုယ်အမြဲတမ်းမပျက်မကွက်လာနေကျစာမျက်နှာလေး တစ်နည်းအားဖြင့် မမကိုးရဲ့ အိမ်လေး၃နှစ်တိတိပြည့်ခဲ့ပြီနော် ....။ နောင်နှစ်ပေါင်းများစွာထိ .... မြတ်နိုးတဲ့ ဒီနေရာလေးမှာ ... အောင်မြင်စွာဆက်လက်ပြီး စာတွေအများကြီးရေးသားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် မမကိုးရေ ... ။

ဒဏ္ဍာရီ said...

မယ်ရေ........ သုံးနှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ စကားလုံးလှလှတွေနဲ့ ခြယ်မှုံးနိုင်ပါစေနော်။

ဒဏ္ဍာရီ

မြစ်ကျိုးအင်း said...

သူငယ်ချင်းက ကိုယ့်ရေးဟန်နဲ့ကိုယ် နေရာတနေရာ အခိုင်အမာ ရပ်တည်နေသူပါ။ ဘလော့ဂ်လောကမှာ ကြာလာလေ ရပ်တည်ဖို့ခက်ခဲလာလေပါ။
ဒါကို ဇွဲကောင်းကောင်းနဲ့ အခုချိန်ထိ ရပ်တည်နိင်တာ ဂုဏ်ယူပါတယ်။
နောက်ထပ်လာမယ့် လတွေ နှစ်တွေကိုလည်း စိတ်ခွန်အားအပြည့်နဲ့ ဖြတ်သန်းနိင်ပါစေ။

(ရောက်လာတာ နောက်ကျသွားတာကိုတော့ ခွင့်လွှတ်ပါသူငယ်ချင်းရေ)

ကြည်ဖြူပိုင် said...

သူငယ်ချင်းရေ
လုံးဝမအားလို့ မရောက်နိုင်ရင်သာတစ်ချက်
နို့မို့လို့ကတော့အမြဲလာပါတယ်
စာကောင်းလေးတွေအတွက်လဲ
ချီးကျူးလေးစားပါတယ်
၃နှစ်သမီးဘလော့ခ်လေး...ဒီထက်ပိုပြီး .အောင်မြင်စွာချီတက်နှိုင်ပါစေ

Anonymous said...

အားပါး သုံးနှစ်ကြီးများတောင် ရှိသွားပြီလား
နောင်နှစ်ပေါင်းများစွာ ရေးသားပေးနိုင်ပါစေ
ခင်မင်စွာဖြင့်
seesein

သက်ဝေ said...

မယ့်ရဲ့ ၃ နှစ်ပြည့် မွေးနေ့လေးကို အမ ဘယ်လိုဖြစ်လို့ ကျော်သွားသလဲ မသိဘူး...း((

ဆုတောင်းနောက်ကျပေမယ့် အချစ်တွေကတော့ နောက်မကျပါဘူးလေ... နော်...

ပျော်စရာ ၃ နှစ်သမီး မယ့် ဘလော့ဂ်လေး
ကျန်းမာစွာ ဆက်လက်ရှင်သန်နိုင်ပါစေလို့ ဆုတောင်းသွားပါတယ်...

အမရာ said...

နောင်လဲအများကြီး..ဖတ်ခွင့်ရဖို့မျှော်လင့်လျက်ပါ...

JulyDream said...

၃ နှစ်ဆိုတာ နည်းတာမှ မဟုတ်တာလေ...
ကဲ... ရဲဘော် ဆက်လုပ်...

meenge said...

ama , don't think that u only have ten readers. I alwasy read your post and I really like all your novel , feeling . But i normally don't wirite comment on your post as I feel that we r just reader. Thank for your post.
meenge