၂၀၁၃နွေဦးမှာ မီဒီယာနဲ့ ဝေးမယ့်တစ်ချိန် ရှိလာမယ်ဆိုတဲ့ သတင်းသဲ့သဲ့ကြားခဲ့ပေမယ့် ကျွန်မ မေ့ထားခဲ့ပါတယ်။ လေလှိုင်းဆက်သွယ်မှုပြင်ပမှာ လူတွေ ဘယ်လိုရှင်သန်နေမှာလဲလို့ ကျွန်မ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် နှစ်ကူးတော့မယ်ဆိုတော့ နောက်တစ်နှစ် … ထိုမှတစ်ဆင့် ၂၀၁၃ နေရောင်ခြည် ပြန်ကားမယ် ဆိုတဲ့ သတင်းကို သတိရမိပြန်လေတာ။ ဒါကြောင့် you tube က သတင်းတွေကို ထပ်ပြန်တလဲ ကြည့်နေမိပါတယ်။
ဖွံ့ဖြိုးမှုအနည်းဆုံးလို့ ဆိုတဲ့ ရပ်ဝန်းမှာတောင် ရေဒီယိုတော့ရှိတယ်လို့ ကျွန်မ တွေးကြံနေချိန်မှာ နေရောင်ခြည် ပြန်ကားလာမှုအကျိုးဆက်ကြောင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်တွေကို ထိခိုက် ပျက်စီးစေပြီး အနည်းဆုံးအနေနဲ့ ရေဒီယိုကအစ အင်တာနက်အဆုံး မီဒီယာတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ သိရတော့ လပေါင်းများစွာ သဘာဝရင်သွေးငယ်တွေ ပြန်ဖြစ်တော့မှာလားလို့ တွေးမိပါတယ်။ ဒီထက်ဆိုးနိုင်တာတွေကိုတော့ ကြောက်စိတ်နဲ့ မတွေးဘဲ ရပ်ထားပါတယ်း)
ပြောခဲ့တာတွေက လအတော်ကြာပြီမို့ ဒီအတောအတွင်း ဘာများထူးသေးလဲလို့ သိုးဆောင်းဝေါဟာရတွေ ကိုလည်း ကြိုးစားလို့ဖတ်ပါတယ်။ ချဲ့ကားရေးသားချက်တွေ များလှသလို ကြောက်စရာ ခြိမ်းခြောက်မှုတွေ ပါဝင်နေတာမို့ အကျယ်တဝင့် ဘာသာမပြန်ချင်တော့တာကြောင့် ဖတ်ချင်သူများ အတွက် နီးစပ်ရာ link များကို မျှဝေလိုက်ပါရစေ။
တစ်ဆက်တည်း အင်္ဂလန်တောင်ပိုင်းကမ်းရိုးတန်းက ဘွန်းမာ့တ်( Bournemouth) တက္ကသိုလ်က media blackout လို့ ခေါ်တဲ့ မီဒီယာတွေအကုန်လုံး ပိတ်ပင်ထားမှုတစ်ခုကို ပြုလုပ်ခဲ့တာကိုလည်း မျှဝေချင်ပါတယ်။
တကယ်တော့ မီဒီယားအားလုံး ပိတ်လိုက်တဲ့အချိန်မှာ လူတွေဘယ်လို ခံစားတုန့်ပြန်သလဲဆိုတာကို လုပ်အားပေး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူရာကျော်နဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းသာရယ်။ ကျောင်းသားကျောင်းသူတွေဟာ စမ်းသပ်ခံကာလ ၂၄ နာရီမှာ တစ်ကိုယ်ရည်ကွန်ပျူတာ၊ ဖုန်း၊ တီဗီက စလို့ ရေဒီယိုနဲ့ သတင်းစာကိုတောင် ဖတ်ခွင့်မရပါဘူး။ တစ်ရက်တာဟာ ခဏလေးတို့ တွေးမိပေမယ့် သူတို့အတွက်တော့ ကြာလွန်းခဲ့ပါတယ်။
“ကျောင်းသားအသင်းက အနားမှာ ရှိနေတာတောင် ရိုးရိုးသားသားပြောရရင် တကယ့်ကို ရုန်းကန်ကြိုးစားခဲ့ရပါတယ်။ မီဒီယာနဲ့ သက်ဆိုင်သမျှအားလုံးကို ရပ်လိုက်ရပြီး ကြိုးစားရှောင်ကြဉ်နေရတယ်။ ဒါဟာ တကယ့်ကို ခက်ပါတယ်။ ” လို့ ကျောင်းသူ ရှာလက်ဂေး (Charlotte Gay) ကပြောပါတယ်။
တက္ကသိုလ်ရဲ့ မီဒီယာဘာသာကထိက ဒေါက်တာ ရောမန် ဂျီရောဒီမပ်စ် (Doctor Roman Gerodimos ) က “စမ်းသပ်မှုကို အလျှော့ပေးလိုတဲ့ လက္ခဏာတွေ ၊ အစားကျူးမိတာ၊ စိတ်တုန်လှုပ်မှုတွေ၊ အထီးကျန်မှု၊သီးသန့်ခွဲခြားခံရမှု တွေနဲ့ အဆက်အသွယ်ပြတ်မှုတွေ ခံစားရပြီး သူတို့ အခန်းနဲ့ သူတို့အိမ်ထဲ ပတ်လည်လျှောက်သွားနေကြပြီ တစ်ချိန်လုံး ဘာလုပ်ရမယ်မှန်း သူတို့ကိုယ် သူတို့ မသိကြဘူး။” လို့ စမ်းသပ်ခံ ကျောင်းသူကျောင်းသားတွေရဲ့ စိတ်အခြေအနေလက္ခဏာတွေကို ခုလို ပြောပြခဲ့ပါတယ်။
ကျောင်းသူတွေဖြစ်တဲ့ ကယ်ရိုလိုင်း စကော့ (Caroline Scott )က “ ဟုတ်ကဲ့ ။ မီဒီယာနဲ့ခွဲနေရတာ အများဆုံး နှစ်နာရီလောက်သာ အတော်လေး ကောင်းပါတယ်။ အဲဒီထက်ကျော်လာတော့ ဖုန်း၊ ဒါမှမဟုတ် အင်တာနက် နဲ့ တစ်ခုခုကို ကျွန်မ ရချင်လာမိပါတယ်။” လို့ ပြောသလို ကျောင်းသူ ရိုရီ (Rory Cellan-Jones)ကလည်း “နိုင်ငံသားတစ်ယောက်အနေနဲ့ အခုခိုက်မှာ ကျွန်မတို့ရဲ့ နိုးတဲ့အချိန်တစ်ဝက်ကျော်ဟာ မီဒီယာတွေကို တနည်းနည်းနဲ့ သုံးနေကြပြီး ဒီလူတွေဟာ အမြဲတမ်း အဆက်အသွယ်ဖြတ်ဖို့ စဉ်းတောင် မစဉ်းစားနိုင်ကြပါဘူး” လို့ ရိုရီက ပြောပါတယ်။
ကျွန်မလည်း မစဉ်းစားခဲ့ဖူးပါဘူး။ စဉ်းလည်း မစဉ်းစားဝံ့ပါဘူး ။ သူတို့ စမ်းသပ်ခဲ့တဲ့ ၂၄ နာရီတောင် တစ်ကိုယ်ရည် ခက်ခဲမှုတွေရှိနေရင် ကမ္ဘာနဲ့အဝှမ်းက လူတွေက ၂၀၁၃ နွေဦးမှာတော့ ဆက်သွယ်မှုပြင်ပမှာ လပေါင်းအတန်ကြာ ဘယ်လိုရှင်သန်ကြမလဲ... မစဉ်းစားချင်ပါဘူး။ အနိမ့်ဆုံးအနေနဲ့ ...


ဒီကာတွန်းလေးထဲကလိုပဲ ကျွန်မတို့ ချစ်တဲ့သူတွေဟာ မျက်စိတစ်ဆုံးပြင်ပက မီဒီယာရပ်ဝန်းမှာလည်း ရှိနေကြတယ်လေ။
ဗြိတိန်နိုင်ငံက ကာကွယ်ရေးဌာန အတွင်းရေးမှူး လျီယမ်ဖောက်စ် (Liam Fox)က “သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးတီထွင်ကြံဆမှုတွေက ကျွန်တော်တို့အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ချေမှုန်းနိုင်မယ့် အခြေအနေ ရှိပါတယ်” လို့ ပြောတာကိုပဲ ယုံကြည်မျှော်လင့်နေမိပါတယ်။
ဆက်သွယ်မှုပြင်ပမှာ ရက်သတ္တပါတ် တစိတ်တပိုင်းမျှပင် ချစ်သောသူတွေနဲ့ ဝေးကွာနေရမယ်လို့ အိပ်မက်ရယ်မျှ မမက်ချင်သူပါ။
(စာကြွင်း။ ကျောင်းသူကျောင်းသားတွေရဲ့ မီဒီယာနဲ့ ဝေးခိုက်ခံစားချက်တွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်ရှင်း)
13 comments:
နေတတ်တဲ့လူတွေရှိမယ်လို့ထင်ပါတယ်.. အထူးသဖြင့်မြန်မာပြည်သူတွေပေါ့..တစ်ချို့ဆို ဟိုးတောကြိုအုန်ကြားက သိပ်ဆင်းရဲတဲ့သူတွေ ဘ၀ကိုတွေးပီးစာနာကြည့်မယ်ဆိုရင် သူတို့မှာ လျှပ်စစ်မီးတောင်မြင်ဖူးရဲ့လားဆိုတာမသေချာပါဘူး..မီဒီယာနဲ့အသားကျနေတဲ့ကိုယ်တွေအတွက်သိပ်ကိုခက်ခဲတဲ့ကာလတွေဖြစ်တယ်ဆိုတာကိုတော့သဘောတူပါတယ်..သိပ်စိတ်မပူပါနဲ့ မမယ်ကိုး..ပျော်စရာကြီးပေါ့ဗျာ..အရင်တုန်းကခေတ်ပြန်ရောက်သွားမှာ..
ဘာပဲပြောပြောဗဟုသုတမျှဝေလို့ကျေးဇူးအစ်မရေ..
ခင်မင်လျှက်
စာဖတ်သူ
စိတ်ကူးနဲ့တွေးကြည့်လိုက်မိတယ်
တော်တော်နေရခက်တယ်
တစ်နေ့ကို ဖုန်းကောလ်လေးတစ်ခုလောက်မှ
လက်ခံမရရှိရင်လူကပျင်းခြောက်ခြောက်။
မက်ဆေ့ဂ်ျလေးတစ်ခုမှမရခဲ့ရင် “သြော်..ငါ့ကိုဘယ်သူမှဂရုမစိုက်ကြဘူးဟဲ့”
ရယ်လို့စိတ္တဇက၀င်ချင်ချင်။
ရန်ကုန်မှာတုန်းကလဲ တနေ့ကိုဖုန်းcall တစ်ခုမှမရခဲ့ရင်တောင် တီဗီလေးတော့ကြည့်ရဦးမှ
သီချင်းလေးတစ်ပုဒ်တော့နားထောင်လိုက်ရဦးမှ။ မဂ္ဂဇင်း ၀တ္ထုလေးတော့ဖတ်လိုက်ရဦးမှ နေသာတာကိုး
မဖြစ်ဘူး...မဖြစ်ဘူး
အချိန်ရှိခိုက်လုံ့လစိုက်ပြီး မီဒီယာကို လက်လွှတ်မခံဘဲ အသုံးချလေဦးမှ :)
ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်ရင် နဲနဲတော့ ပျင်းမိမယ်ထင်ပါရဲ့ မယ် ... ။ ဒါပေမဲ့ စာအုပ်တွေနဲ့သီချင်းတွေရှိနေသေးသ၍တော့ အေးဆေးလို့ပဲ တွေးမိနေတယ်း)
သားသားကြောက်ကြောက်စ်
>>
Craton
ရုတ်တရက်တော့နေတတ်မှာမဟုတ်ဘူး။
အကျင့်ရလာရင်တော့ အေးချမ်းမှုရှိတာသိလာနိုင်မလားပဲ။
သူငယ်ချင်းတွေကိုသတိရမိနေမှာ။
မပူနဲ့ :)
ရိပ်သာဝင်နေကြတာပေါ့။
Zephyr.
ps.
Log in လုပ်ရမှာပျင်းလို့ ..
မမယ်ကိုးရေ... စာလာဖတ်သွားပါတယ်။ တစ်ခါတစ်လေကျတော့ ရို့စ်ကတော့ အဲဒီလို အင်တာနက်တွေ၊ ဖုန်းတွေ မရှိတဲ့ နေရာမှာ နေချင်တယ်။ အိမ်မှာ အင်တာနက် ၁ လလောက် ဖြတ်ထားဖူးတယ်။ လူက နေရတာ ပိုလန်းဆန်းသွားသလိုပဲ။ တစ်နေ့ တစ်နေ့ ကွန်ပြူတာ စခရင်ကြီးနဲ့ မျက်နှာ အပ်မနေလို့ မျက်လုံးလည်း မညောင်းတော့ဘူး။
ဆက်သွယ်မှုဧရိယာပြင်ပရောက်သွားရင် အတော်နေရခက်မယ်
ခုတောင် တစ်ရက်တစ်လေ အင်တာနက်နဲ့ ဝေးနေရင် နေရခက်တာ..
ဘယ်သူနဲ့မှ မတွေ့ရရင်တောင် ကိုယ့်ဘလော့လေးတော့ ကိုယ်ကြည့်ချင်သေးတာလေ..
ဒါပေမဲ့ မဖြစ်မနေဆိုရင်တော့လည်း နေတတ်သွားမယ် ထင်ပါတယ်.
အဲဒီလိုဆက်သွယ်မှုပြင်ပကိုရောက်ခဲ့ရင် စာတိုက်တွေကို အားကိုးလို့ ပေဖူးလွှာ အစီအရီ (အပြန်အလှန်) ဖတ်ရမယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကမ္ဘာလုံးကလူများစွာရဲ့ ပေဖူးလွှာများကို ခံစားမှုအသစ်နေနဲ့ ခံစားကြည့်ရတာပေါ့။
လသာည
မမကိုးရေ...
တစ်ကယ်ဖြစ်မယ်ဆိုရင်တော့ နေတတ်အောင်ကြိုးစားရမှာပေါ့နော် ...
တော်တော်လေးတော့ ကသိကအောက်ဖြစ်မိမယ်ထင်တယ်
အထူးသဖြင့် ဖုန်းတွေနဲ့မှအလုပ်ဖြစ်တဲ့ ကိုယ့်ရဲ့တစ်နေ့တာတွေကတော့ တော်တော်အေးချမ်းသွားမလားပဲး))
သတင်းလေးကို မျှဝေပေးတာ ကျေးဇူးတင်ပါတယ် မမကိုးရေ ...
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ချစ်ညလေး နှင်း
ဘုရားရေ..ကယ်ပါ..
အမလေး လေး မနေတတ်ပါဘူးနော် ဗြဲ....
မမ ရေ စာကြွေးတွေတော့ရှင်းသွားတယ် အပေါ်ဆုံးက ကွန်မန့်ပေးထားတာ တက်လားမသိဘူးရယ် ဒီဘက်က သမီးဘက်က ကိုးနတ်ရှင်သိပ်မကောင်းလို့
အဲဒီကာလမှာ ဖတ်ဖို့ စာအုပ်တွေ ဝယ်စုထားမယ်။ ဖတ်စရာ မကျန်တော့ဘူးဆိုရင် စာအုပ်အဟောင်းတွေ ပြန်ဖတ်မယ်။
Post a Comment