08 February 2011

ဆူးစူးနေသူ


ဘာကိုမှ မငဲ့ကွက်ပါဘူး။ ဒါပေမယ့် စကားတစ်လုံးစ ထွက်ကျမိမှာကို ကြောက်အားပိုနေရ။ သွေးကြောင်သူတဲ့လား။  ငြိမ်းအေးချင်ပါပြီ ဆိုတာ ကျေအေးလိုက်ရမလား။ ရှက်စရာ။ အတွင်းစိတ်မှာသာ ပုန်ကန်တတ်ကာ ဆိုးသွမ်းဖို့ မဝံ့ရဲသူ။ ဗလာဖန်သားပြင်သာ နာရီတွေကို မြိုသွား။

ရပ်တန်းက ရပ်သင့်ပါပြီ။ ဒါပေမယ့် အသတ်ခံရခြင်းမှာ ပျော်မွေ့သူ။ မိုက်တွင်းနက်သူတစ်ယောက် ဘာကြောင့် မဖြစ်သင့်တာလဲ။ ကိုယ့်ပျော်ရွှင်မှုကို သူများလက်မှာ ထည့်ထားဖို့ မတော်ဘူး မဟုတ်လား။ ခေါင်းရမ်းကာ ငြင်းချင်ပေမယ့် တရားမျှတမှုအတွက် ရမယ်ရှာဦးမယ်။ ဟုတ်တယ်။ ကျွန်မ သူတော်ကောင်းမဟုတ်ဘူး။ မိုက်မဲသူပါဆိုကာ  သည်းခံမြင့်မြတ်ခြင်းတရားတွေကို မကြားဝံ့မနာသာ တခြားမှာ ချိတ်ထားလိုက်ရမှာလား။ အမှတ်သည်းခြေမဲ့ ဘယ်လိုနေကြည့်ရမလဲ။ အချိန်မှန်။ အချိန်လွဲ။အချိန်မှား။အချိန်တွေမြန်။ အရေးမပါတာတွေ။ မတွေးဘူး။ ငါ့မနက်ဖြန်ကို ငါမတွေ့ချင်ဘူး။ ဒါပေမယ့် သေခြင်းကို ကြောက်လန့်ကာ စွဲလမ်းနေသူရယ်။

အေးစိမ့်မှောင်မိုက်ကာ စီးဆင်းနေတဲ့ ရက်စက်မှုတွေ။ စိတ်ကြိုက်ဆည်းဆာဆိုတာ ဘာလဲ။ ဟိုအရင်လို စီးဆင်းလိုက်ချင်လည်း အရာအားလုံးဟာ အနိစ္စ။ ဒါပေမယ့် အမာရွတ်ဆိုတာ သေရာပါ။ သွေးစိမ်းရှင်ရှင်ဒဏ်ရာကို မျက်ကွယ်ပြုကာ ပြုံးမနေနိုင်ဘူး။ တခါတလေဆိုကာ ဘယ်လို သေကြည့်ရမလဲ။ 
အခဲမကြေဘူး။ ငါ့ဒုလ္လဘကို အလွဲသုံးစားလုပ်တယ်။

အကြောင်းပြချက်တွေက….....တံခါးတဲ့လား။ ထားလိုက်ပါလေ တိုက်ဆိုင်မှုဆိုပြီး။ သနားစရာကောင်းလှချည့်။ ဗန်းပြထားတဲ့ စကားအလှကြားက ဓားလှံလက်နက်အလုံးစုံကို မဖုံးကာနိုင်။ ဟား…ရယ်မိသွားတာတောင် လှောင်သံနဲ့ ဆင်နေရော့မယ်။
ဘဝဆိုတာ…………………………………………………………………………………..................ဟာသပဲနော်။
မထိုက်တန်ဘူး။ စောင့်နေမှာမဟုတ်ဘူး။စက်ဝိုင်းအပြင်ဖက်မှာ …။ 
ဇာတ်ဆရာပျော်ဖို့ အတွက်သာ ခဏလက်ချိုးကြည့်ရတာ။ အားလုံးဟာ လှည့်စားမှုသက်သက်။
ဘယ်သူမှ…ဘယ်သူကို…ဘာကြောင့်မှ... ဘာကိုမှ...နားလည်စရာမလို…။
ဒါပေမယ့် ရင်ခုန်နေသူ။ အသက်ရှုနေသူ ။ ထိုမျှသာ။…။



credit:www.layoutsparks.com

12 comments:

nYi ThU E@in said...

အတွေးရှင်း၏
မနက်ဖန်တွေ ကြောက်တာချင်း တူ၏

:) said...

:)

သိင်္ဂါကျော် said...

တစ်ခါတစ်လေ အသိစိတ်က လက်မခံချင်ဘူး..
ဒါပေမယ့်...
အတွင်းထဲမှာ ရှိနေတာက တစ်မျိုး...

rose of sharon said...

ဘာကိုမှနားလည်စရာမလို...ဒါပေမဲ့ ရင်ခုန်နေသူ :)

သက်ဝေ said...

အသတ်ခံရခြင်းမှာ ပျော်မွေ့သူ...
အသတ်ခံရခြင်းမှာ ရင်ခုန်နေသူ...

*** Sidebar က ရှင်းလင်းချက်ကို သိပ်ကြိုက်တယ်...

အမရာ said...

ရှယ်ပဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မရေရာတဲ့ မနက်ဖန်များစွာကို မသေမချာနဲ့ လွမ်းနေမိတယ်.
မယ့်စာလေးဖတ်ပြီး ခံစားမိတဲ့ ရင်ထဲက စကားလေးတစ်ခွန်းပါ။

ညီမလေး said...

ဗန်းပြထားတဲ့ စာနာမှုတွေကို ညီမလေးလဲ မုန်းတယ် မယ် ..
ရှင်းလင်းချက်ကိုတော့ ကြိုက်တယ် မယ် ။ တခါတခါ ထင်ချင်ရာထင်ဆိုပြီး ဘာကိုမှ မမှုပဲ လွတ်လွတ်လပ်လပ်ပဲ အသက်ရှုချင်တယ် ....

Dream.. said...

အကြောင်းပြချက်တွေက တံခါးတဲ့လား..မမ..
အရမ်းကောင်းတယ်..ဖတ်ပြီးတော့ ရင်ထဲမှာ ဟာသွားသလို.
မမရေ တစ်ချို့ကိစ္စတွေအတွက် အသက်ရှူကြပ်မနေပါနဲ့နော်...

လသာည said...

ဘယ်သူမှ ဘယ်သူ့ကို ဘာကြောင့်မှ နားလည်စရာမလို တဲ့ ကြိုက်လိုက်တာ အဲ့စကားလေး..။

ညီမလေး နေကောင်းလား..။ မရောက်တာကြာပြီ။ အစစအဆင်ပြေတယ် ဟုတ်?

Anonymous said...

မမကိုးရေ...သူခံစားသွားတယ်နော်

ဝက်ဝံလေး said...

မနက်ဖြန် အတွက်မစဉ်းစားချင်ပါဘူး မမကိုး ရယ် တကယ်ပါ
hope ဆိုတဲ့မျှော်လင့်ချက်ရယ် furture ဆိုတဲ့ အနာဂတ် ရယ်က သမီးရဲ့ မာနနဲ့စောင့်စားမှုကို ရိုက်ချိုးခဲ့တာ ၂ ခါ တိတိ တောင်ရှိခဲ့ပြီ မမ

သမီး ဆက်မမိုက်တော့ဘူး ဒီတော့ ဘာကိုမှ မမျှော်လင့်တော့ပါဘူး မမ ရယ်