23 February 2011

“အမှတ်တရ”

စာဖတ်သူတစ်ဦးတည်းနဲ့ တစ်နှစ်ကျော်လောက်ရှင်သန်ခဲ့တဲ့ မယ်ကိုးရဲ့ စာစုများ blog မှာ ဆောင်းသုံးခုပြိုပြီးနောက် ချစ်သူမုန်းသူများ ရရှိခဲ့သလို နောက်ထပ် ကျွန်မဘဝလေးကို ဝင်လာသူကတော့ ညီမလေး selda (dream) ဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်နဲ့ ယဉ်ယဉ်လေးလှတဲ့ ညီမလေးဟာ ချစ်ဖွယ်သောစကားကို ဆိုတတ်သူလေးလည်းဖြစ်ပါတယ်။

ကျွန်မရေးထားတဲ့ စာတစ်ပုဒ်နဲ့ ခံစားချက်တူတယ်လို့ ချိုသာစွာနှုတ်ခွန်းဆက်ခဲ့သလို ကျွန်မစိတ်ညစ်တယ်လို့ ပြောမိတဲ့အခါ “mail ထဲကို ဖုန်းနံပါတ်ထည့်ပေးလိုက်လေ ဖုန်းဆက်ပြီး သီချင်းဆိုပြမယ်” လို့ ကြင်နာစွာဆိုခဲ့သူလေးလည်း ဖြစ်ပါတယ်။

ဒီလို စိတ်ရောကိုယ်ပါလှပတဲ့ညီမလေးဟာ စာရေးတဲ့အခါမှာလည်း ချစ်စရာကောင်းသူလေးဖြစ်ပါတယ်။ ကိုယ့်ညီမလေးမို့ ညွှန်းလွန်းတယ်ထင်မှာစိုးလို့ ညီမလေးရဲ့ စာရေးတဲ့လိပ်စာလေးကိုပါ မျှဝေလိုက်ပါတယ်နော်း)။ အိမ်မက်စေရာ

ခြားနားတဲ့ဒေသဝန်းကျင်မှာ အခြေတည်ထားတဲ့ စာလေးတွေဟာ ထူးခြားစွာဆွဲဆောင်နိုင်တာမို့ နှစ်ခြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်မလိုပဲ ညီမလေးကို ချစ်မြတ်နိုးသွားမှာ မလွဲပါဘူး။ အဲဒါဆို ကျွန်မတို့ အတူတူဆုတောင်းလို့ ရပြီထင်ပါတယ်။ ဟုတ်ပါတယ် ။ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ဟာ ညီမလေးရဲ့ မွေးနေ့မင်္ဂလာရက်မြတ်ဖြစ်ပါတယ်။

ညီမလေးရေ…မွေးနေ့မှစ ကိုယ်စိတ်နှစ်ပါးလုံး သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မမက ဦးစွာ ဆုတောင်းလိုက်ပါတယ်နော်။

မေတ္တာများဖြင့်
မယ်ကိုး


5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့ရှင်ကလေးရော ဘလော့ပိုင်ရှင်လေးပါ နေကောင်းကျန်းမာ စိတ်ရွှင်လန်းပြီး ဆန္ဒအားလုံးပြည့်ဝပါစေနော်

း) said...

း)

လသာည said...

မယ်ကိုးချစ်တဲ့ညီမလေးဆိုတော့လည်း မယ်ကိုးလိုပဲ ချစ်ရတာပေါ့ကွာ..
နောက်ကြုံရင် ချစ်ပါခင်ပါ ကော်ဖီတိုက်ပါလို့ အဲလေ ယောင်လို့..း)

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...

အဖြူရောင်နတ်သမီး said...

မွေးနေ့ရှင်အတွက် ဆုတောင်းပေးရင်း မဖတ်ရသေးတဲ့ စာများ ဖတ်၊မှတ်သွားပါတယ်..။

Dream.. said...

မမ အာဘွား..ကျေးဇူးတင်တယ် အရမ်းလဲပျော်တယ်.. မမရဲ့ မွေးနေ့လက်ဆောင်လေးက စဲလ်ဒါ့ အတွက်တစ်သက်မမေ့နိုင်စရာပါ..မမ လဲ ပျော်ရွှင်ပါစေ..