Action!
ဖြူရော်ရည်သွေးတွေရဲ့ ဂိုဒေါင် မျက်လုံးတောက်တောက်နဲ့ စိတ်စုတ်ဖွားနေသူ
အဝတ်ပေါက်နဲ့ အိမ်စဉ်မလျှောက်ပေမယ့် စုန်းကြောက်တတ်သူလေ ...
“ ပြန်မလာတော့ဘူး” ဆိုလား... အသံမဲ့အော်ဟစ်…
ကန့်လန့်ကာဖွင့်ရင် အမေ ငိုချင်ငိုလိမ့်မှာ… ခဏတာ။
Cut!
လက်ကောက်ဝတ်ပေါ် ဓားမတင်ခင် အရသာခံ ပြုံးချင်သေး…
တကယ့်စေတနာ။
Done!
ငါ့ရန်သူဟာ ငါပါ။
ငြိတွယ်မှုကျောက်ဆောင်မှာ အရှင်လတ်လတ် ကြေမွသွားတဲ့ မြှားတစ်စင်းရယ်။
ကြက်ခြေခတ်လို အကျည်းတန်တဲ့ ဂုဏ်ထူးလွှာကိုတော့
မျက်နှာဖုံးချိုတဲ့ ချစ်သူလေးဆီသာ လွှဲလိုက်ပါကွယ်။…။

မယ်ကိုး
(art: Joan Miro , Constellation Awakening at Dawn)

5 comments:
မိတ်ဆွေကောင်းဆိုတာ ကိုယ်စိတ်ညစ်ချိန်မှာ ဖေးကူတတ်သူ
ကိုယ်အဆင်ပြေချိန်မှာ ဝမ်းသာတတ်သူလေ
အပူကို အတူမျှလို့  ခံစားမယ့်သူတွေပေါ့။
မျက်နှာဖုံးချိုတဲ့ ချစ်သူလေးဆီသာ လွှဲလိုက်ပါကွယ်တဲ့လား မမယ်ကိုးရေ....
ကျစ်ကျစ်လစ်လစ်လေးဗျာ လက်ကောက်ဝတ်ပေါ်ဓားတင်ပြီးပြုံးကြည့်ချင်တယ် အသဲတော့ယားစရာ ကြောက်လည်းကြေက်ရဲ့
စာလာဖတ်ပေမယ့် ကွန်မင့်မပေးခဲ့နိုင်ဖူး စီဘောက်စ်လည်းမရှိတော့ လှည့်ပြန်သွားရတယ်
အခုတော့ နည်းနာလေးရပြီး ဘလော့တွေမှာပြန်ကွန်မင့်ပေးနိုင်ပါပြီဗျာ
ခင်မင်တဲ့
မောင်ဘကြိုင်
နေပြည်တော်မှလာသည်။
ဒီကဗျာထဲမှာ ဖဲဝိုင်းပါ ထည့်ပါလား ... :P
Ms. Coe, I feel sorrowful, vulnerable and empathic whenever I read any suicidal arts. Be happier! :))
ထိပါတယ် မယ်ကိုးရယ်...
Post a Comment