C.S
Lweis
ဘာသာစကားဆိုတာ
ညှိနှိုင်းယူခြင်းဖြစ်ပါတယ်။ ညှိနှိုင်းဖို့ လိုအပ်ချက်တွေကို သင်ယူဖို့ တွန်းအားလည်းဖြစ်ပါတယ်။
တခြားသူတွေရဲ့ နောက်ကွယ်က ချေပချက်တွေကို ယုံကြည်မှုအတွက်
တိုက်ခိုက်နိုင်အောင် ပြင်ဆင်ပြီးတော့ အချိန်တစ်ခုမှာရေးတဲ့ စာတစ်လုံးစီနဲ့
စကားလုံးတွေဖွဲ့တည်ထားတဲ့ ကမ္ဘာကြီးဖြစ်အောင် ပြန်လည် သွေးဆောင်ကြလေတာ။ ဒီလိုနဲ့
နှစ်ပေါင်းများစွာဟာ စာအုပ်တွေနဲ့ လိမ့်ဆင်းနေဆဲပေါ့...။
အထက်ပါဝါကျများဟာ Richard Peck ရဲ့
invitations to the World ဆိုတဲ့ စာအုပ်ထဲက စာသားအချို့ကို ကျွန်မ
ဘာသာပြန်ထားတာဖြစ်ပါတယ်။ အစ်ကိုအောင် (ပျူနိုင်ငံ) က blog day အတွက် စာရေးပါဆိုတော့ ကျွန်မ ဘာရေးရမှန်းမသိပါဘူး။ blogger လေးလေးကျောက်အတွက် ရည်စူးရေးထားတဲ့ စာကလည်း
ပျက်ဆီးသွားတာကြောင့် အနားက စာအုပ်တစ်အုပ်ကို ဖွင့်ပြီး ဝေါဟာရဖလှယ်လိုက်မိတာ ဖြစ်ပါတယ်။
အမှန်စကားဆိုရပါလျှင်
မယ်ကိုးရဲ့စာစုများ စာမျက်နှာဟာ အသစ် blogတွေကို လမ်းညွှန်ပေးနိုင်လောက်အောင်
အောင်မြင်မှုမရှိပါဘူး။ စာရေးပျင်းသူဖြစ်တာကြောင့်လည်း တစ်ခါတစ်လေစာဖတ်သူတစ်ဦးပင်
မရှိခဲ့တာမို့ ဒီလို တစ်ဆင့်ခံမိတ်ဆက်ပေးရင်
လူရယ်စရာဖြစ်မှာ စိုးမိပါတယ်။
၂၀၀၇ ဒီဇင်ဘာမှာ စတင်ခဲ့တဲ့ blog ဖြစ်ပေမယ့် မယ်ကိုးဆိုတာ ရှိမှန်းပင် မသိနိုင်တဲ့အတွက် နာမည်တူအများကြီးနဲ့ မထင်မရှားစာရေးသူသာဖြစ်ပါတယ်။ ဒီစာရေးသူဆိုတဲ့အသုံးအနှုန်းကို writer လို့ မသတ်မှတ်ဘဲ blogger ဆိုတဲ့ တံဆိပ်ကပ်လည်း ဘယ်တုန်းကမျှ မသိမ်ငယ်ဘဲ ဒီ blog လေးမှာ ပျော်ရွှင်စွာစာတွေရေးနေသူလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ပုံနှိပ်စာပေလောကသားတစ်ချို့က blog မှာ စာရေးသူတွေကို ကဲ့ရဲ့လှောင်ပြောင်မှုတွေရှိေ
တကယ်တော့ ကျွန်မက စာရေးသူဆိုတာထက် စာဖတ်ခြင်းကို ဝါသနာကြီးလွန်းသူသာ ဖြစ်ပါတယ်။ စာရေးသူတစ်ယောက်ကဆို blog လောကမှာ ကျွန်မ မဖတ်မိတဲ့စာ ရှိသေးရဲ့လား လို့ပင် ချီးမွန်းကဲ့ရဲ့ဆိုဖူးပါတယ်။ခြေရာလေးတွေ မချန်ဖြစ်ခဲ့ပေမယ့် ဖတ်ဖြစ်တဲ့စာအားလုံးကို တစ်လုံးမချန် ဝေဖန်ချက်ကအစ အသေးစိတ် ကျွန်မဖတ်တတ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
blog ဆိုတာ စာဖတ်သူရဲ့ စိတ်မျက်နှာပြင်ကို ရောင်ပြန်ဟပ်ပေးတဲ့ ကြေးမုံပြင်၊ မစဉ်းစားမိတာကို
တွေးတောမိစေတဲ့ မေးခွန်း၊စိတ်အညောင်းပြေအောင် လျှောက်လည်လို့ လည်းရတဲ့ လမ်းကလေး၊ ပြီးတော့ ပြတင်းပေါက်လေးတစ်ခု၊ သော့ကလေးတစ်ချောင်း၊
ဘဝပင်လယ်ထဲကို အလင်းဖြာထွက်နေတဲ့ မီးပြတိုက်လေး၊ ပိုပြီး
ကျယ်ပြန့်တဲ့နေရာကိုသွားဖို့ ဖွင့်ပေးထားတဲ့
လမ်းတံခါးတစ်ခုရယ်မို့လေ။
ဒါကြောင့် စာတစ်ပုဒ်ဆိုတဲ့ နေရာလေးမှာ blog ဆိုတဲ့ စကားလုံးလေး အစားထိုးခံစားမိတဲ့ စာအုပ်ထဲက
ကဗျာလေးကိုပဲ ပြန်ပြီး လက်ဆောင်ပါးပါရစေရှင်။
A
story is a door way
That opens on a wider place
A
story is a mirror
To reflect the reader’s face.
A
story is a question
You hadn’t thought to ponder;
A
story is a pathway,
Inviting to you wander.
A
story is a window,
A
story is a key,
A
story is a lighthouse,
Beaming
out to the sea.
A
story is a beginning;
A story is an end;
And
in the story’s middle,
You might just find a friend.
ဟုတ်ကဲ့။ ဒီ blog လေးဟာ ကျွန်မရဲ့ခံစားမှုတွေ ဖွဲ့တည်ရာနိဒါန်းဖြစ်သလို နိဂုံးလည်း ဖြစ်ပါလိမ့်မယ်။ ကဗျာလေးထဲကလိုပဲ blog မှာ စာရေးရင်း၊ စာတွေကို ဖတ်ရင်း သူငယ်ချင်းမိတ်ဆွေများနဲ့
တွေ့ဆုံကြုံကြိုက်ခွင့်ရလို့ ဝမ်းသာလှပါတယ်။ အထူးသဖြင့် ကျွန်မကို စာရေးဖြစ်အောင်
တနည်းတဖုံအားပေးနေတဲ့ စာလာဖတ်သူများ၊စာရေးသူများအားလုံးကို အထူးကျေးဇူးတင်ချစ်ခင်မိပါတယ်။
စာလာဖတ်သူများနဲ့ blogger များ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
း)
မေတ္တာများဖြင့်
မယ်ကိုး

15 comments:
ဘယ်အကြောင်းအရာကိုဘဲရေးရေး..အရေးအသား..ဖွဲ့နွဲ့တင်ပြပုံ..ကောင်းလို့အမြဲလာဖတ်ဖြစ်ပါတယ်..ဒီ comment ရေးတာဘယ်သူလဲ..သိရင်..အမှတ် ၁၀၀ +.. <3
......╭╮╭╮......
.....╭◆┴┴◆╮.....
.....│︵ ︵│.....
★★★★★╰○--○╯★★★★★
⋯⋯♥ Happy blog Day 2011 ♥⋯⋯
❤¸.•*""*•.¸❤❤¸.•*""*•.¸❤❤¸.•*""*•.¸❤
မယ်မယ် ' လည်း ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
❤¸.•*""*•.¸❤❤¸.•*""*•.¸❤❤¸.•*""*•.¸❤
……`.·..·´
...·´
●/
/▌
/ \
မယ်ကလေးတစ်ယောက်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်...
စာလာဖတ်တဲ့ မသက်နန္ဒာနဲ့ မမrose ကို အထူးကျေးဇူးတင်ပါတယ်း)
စာဖတ်သူအမည်မဖော်လိုသူရှင့်...
ညီမလေးငုဇာခိုင်လို့ထင်ပေမယ့် သူက အဲဒီအချိန်မှာ ကျွန်မနဲ့အတူတူရှိနေတာဆိုတော့ မမှန်းဆတတ်ပါဘူး။ စာလာဖတ်တဲ့အတွက် အထူးကျေးဇူးတင်ရင်း အဖြေမပေးနိုင်လို့ အရှုံးပေးပါတယ်း)
သိပ်လှလွန်းလို့ ကူးရေးလိုက်တယ်နော်။
(blog ဆိုတာ စာဖတ်သူရဲ့ စိတ်မျက်နှာပြင်ကို ရောင်ပြန်ဟပ်ပေးတဲ့ ကြေးမုံပြင်၊
မစဉ်းစားမိတာကို တွေးတောမိစေတဲ့ မေးခွန်း၊စိတ်အညောင်းပြေအောင် လျှောက်လည်လို့လည်းရတဲ့ လမ်းကလေး၊
ပြီးတော့ ပြတင်းပေါက်လေးတစ်ခု၊
သော့ကလေးတစ်ချောင်း၊
ဘဝပင်လယ်ထဲကို အလင်းဖြာထွက်နေတဲ့ မီးပြတိုက်လေး၊
ပိုပြီး ကျယ်ပြန့်တဲ့နေရာကိုသွားဖို့ ဖွင့်ပေးထားတဲ့ လမ်းတံခါးတစ်ခု)
လာဖတ်သွားပါတယ်
စာများများရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်၊ ကိုယ် မရေးနိုင်လို့
ပျော်ရွှင်ချမ်းမြေ့ပါစေ။
မယ့် ပြတင်းပေါက်ကို ညီမလေး တံခါးလာခေါက်သွားပါတယ်..
ဘလော့သက်တမ်းအရ ညီမလေးလို့ မခေါ်တော့ဘူး၊ ဘလော့ဒေး အမှတ်တရပို့စ်လေး ရေးပေးတဲ့အတွက်
ကျေးဇူးပါ ညီမ အဲ ... အမရေ ... :D
ညီမလေး ကမနက်ကဖေ့ဘွတ်ကဖတ်တာနေတာလေ ... အခုမှဘလော့ရောက်တာ... ညီမလေးလိုပဲ နာမည်မဖော်လိုဘူးတဲ့။ ဘယ်တူပါလိမ့် T_T
အမရေ.
Happy Blog Day ပါအမကိုး။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ အမဝါသနာပါတဲ့ စာဖတ်ခြင်း၊ စာရေးခြင်းတွေကို ချမ်းမြေ့စွာ လုပ်ကိုင်နိုင်ပါစေ။
ခင်မင်လျက်
သဒ္ဓါ
လူမသိ သူမသိ ပြူတင်းပေါက်ကလေးက ခုတော့လည်း ခန်းဆီးတွေ လိုက်ကာတွေ ပြည့်စုံစွာနဲ့ သာယာလှပနေတယ်နော်
ပြတင်းပေါက်လေး အမြဲအစဉ် သာယာလှပစွာရှိပါစေ။ ပြတင်းပေါက်လေးကနေလေကောင်းလေသန့်များ ဖြတ်သန်းခွင့်ရပါစေလို့
ခင်မင်စွာ
ချော
မယ်လေးရေ..
ဟက်ပီး ဘလော့ဂ်ဒေး... (တစ်ရက်တောင် နောက်ကျသွားပြီ၊ ဆောရီး :D)
ချစ်ရတဲ့ ညီမလေး.. နောင်နှစ် နောင်နှစ် ဘလော့ဂ်ဒေးပေါင်းများစွာ ပျော်ရွှင်စွာ ကဗျာတွေ စာတွေ အခုလိုပဲ အများကြီး စပ်နိုင်ပါစေ...လို့..
အမြဲ ချစ်ခင်အားပေးလျှက်..
★* 。 • ˚ ˚ ˛ ˚ ˛ •
•。 ★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
လသာည
ကဗျာလေးကလှသလို မယ်ကိုးဖွဲ့ထားတဲ့စာလေးကလည်း အရမ်းလှတယ်။ ဘလော့ဂ်ကို တင်စားထားမှုလေးတွေကလည်း တကယ်ကိုပီပြင်တယ်။ သဘောကျလိုက်တာ။ ဟုတ်တယ် အစ်မလည်း ကိုယ့်ဘလော့ဂ်လေး စလုပ်ဖြစ်တုန်းက အဲဒီလိုမျိုးပဲ ကိုယ့်အတွက် ပြတင်းပေါက်လေး၊ တံခါးပေါက်လေးတစ်ခုလို့ ခံစားတွေးကြည့်ခဲ့မိဖူးတယ်။
း) မမယ်ကိုး ကျန်းခန့်သာမာပါစ
း) အခုမှရောက်ဖြစ်တယ်
ကွန်မင့်ပေးရလွယ်အောင်လုပ်ပေးထားလို့ကျေးဇူးတင်တယ်
မောင်ဘကြိုင်
တီရေးဘူးတာနဲ့
ခေါင်းစဉ်လေးလာတူနေလို့ ဝင်ကြည့်မိတယ်
စာတွေအကုန်ဘတ်တယ်ဆိုလို့ တီ့ဆီရော ရောက်ဘူးလား
http://chenaddy.blogspot.com/2009/03/blog-post_20.html
Post a Comment