မနီးယိုးစွဲ ညွှန်စရာက
မဒေါနားက လည်မှာဆွဲ၊ လေဒီဂါဂါက နားမှာဆင်၊ ဝန်ကြီးတွေက အချိတ်နဲ့ ယဉ်တယ်။
...
ကာလက ရမ်းမှ ပါရမီ။ ဥာဏ်ကောက်သူသာ အာဇာနည်။
လူရာဝင်ဖို့ .... တတ်ယောင်ကားလား၊ အစွန်းထွက်မှာလား။
ဘာဖြစ်ဖြစ် အဆင်ပြေတယ်။
ဘာဖြစ်ဖြစ် အဆင်ပြေတယ်။
ဗာလာနတွေကြား အရေခြားစေဖို့ မင်းသားအဆင်နဲ့ ဘီလူးသွင်အစုံရယ်။
လွယ်လွယ်လေး။
ကဝိလက္ခဏာချို့ရင် ကျမ်းရိုးနဲ့ကိုင်ပေါက်
ကဝိလက္ခဏာချို့ရင် ကျမ်းရိုးနဲ့ကိုင်ပေါက်
ဒါ... မချောင်ဘူးလား။
သီအိုရီတစ်ခုစွဲ ဖရုသဝါစာနဲ့ လေလုံးထွား ...ပူဇော်သူများပေါ့။
ဘွဲ့ထူးဖိုသီဖတ်သီနဲ့ တောင်ပြေးမြောက်ပြေး၊လက်ခုပ်သံလေး စွန်တောင်ဆွဲကာ တောင်ပြောမြောက်ပြော။
သနားစရာ... ခဏပွက်ခိုက် ပန်း၊ကျောက်စရစ်ရော ဘဝဂ်ကျော်ကြား အောင်နိုင်သူဆိုပဲ။
သြချီးပေးပါရဲ့ ... ခန္ဓာဝန်ချလည်း သရုပ်ပါလွန်းလို့ အလောင်းလှ။
ဤ၍ဤမျှ…။
...
ဇာတ်ပေါင်းသော် လွန်ကျူးသူမှ လူရည်ချွန်ပါတဲ့။ ဒီဘဝင်နဲ့တော့ ပါးမပြောင်ချင်။
ဟာ…ဟ။
ပွဲကြည့်သူ တရားသိပါပြီ။
ရယ်ရလွန်းလို့ မျက်ရည်ကျ။ ။
ရယ်ရလွန်းလို့ မျက်ရည်ကျ။ ။
မယ်ကိုး
8 comments:
မမ မယ်ကိုး ကဗျာလေးက အဓိပ္ပါယ်ကောင်းလိုက်တာ..
ကာလက ရမ်းမှ ပါရမီ
ှုဥာဏ်ကောက်သူသာ အာဇာနည်....မှန်လိုက်တာ
ဒါနဲ့ မမ ဖရုသဝါစာ ဆိုတာ ဘာလဲ ဟင်..
ညီမလေး အဲ့ဒါမသိဘူး..
ပိန်းတယ်နော်..း)
ချစ်တဲ့
ညီမလေး
ဖရုသဝါစာ ဆိုတာ ကြမ်းတမ်းသောစကား ကို ပြောတာပါ ညီမလေးး)
ညီမလေးက ငယ်သေးလို့ မသိတာပါ။
စာလာဖတ်ပေးလို့ ကျေးဇူးပါနော် ညီမလေး
ချစ်တဲ့
း)
မယ်ရေ
စာရေးကောင်းတဲ့ မယ့်ကို ကောမန့်ပေးရမှာတော့
ခပ်လန့်လန့်ပဲ မယ်။
မယ့်ကဗျာကိုဖတ်ရတာ အာ တွေ့သလိုလို၊
မတွေ့သလိုလိုနဲ့ တော်တော်လေး
အဓိပ္ပာယ်ရှိတယ်လို့ခံစားရတယ်။
အပျင်းပြေချရေးတာမဟုတ်ပဲ ခံစားချက်ကြောင့်
ရေးတာဆို၇င်တော့ ဒီလို အဓိပ္ပာယ် ရှိတဲ့ ကဗျာမျိုးကိုနောက်ထပ်ဖတ်ရဖို့ မျှော်လင့်ပါတယ်။
( ခံစားချက်တွေ ခဏခဏရရှိပါစေလို့တော့ မရည်ရွယ်ပါဘူးနော် မယ် )
လေးစားလျှက်
ရီနိုမာန်
ကဗျာထဲက ပြောချင်တာတွေ အများကြီးရှာတွေ့တယ်။ ဒါပေမယ့် အပြည့်စုံ မသိဘူး။
ခင်တဲ့
မေသိမ့်
း) ကြိုက်တယ်
မယ်ကိုးအိမ်ကိုအမြဲခြေဦးလှည့်ဖြစ်တာ ဒီလိုစကားလုံးမာမာတွေကြောင့်
မောင်ဘကြိုင်
စာသားတွေလန်းတယ် ကြိုက်တယ်
မောင်ဘကြိုင်
အမ မယ်ကိုး ကဗျာကအရမ်းကို
ထိရောက်ပြီးအဓိပ္ပါယ်ရှိလိုက်တာ
ကဗျာထဲမှာလဲပြောချင်တာတွေအများကြီးပဲနော်
စာသားတွေသုံးတာလဲလှတယ်
ခင်မင်တဲ့ မိဂျက်
လန်းတယ် ...!
ချစ်တဲ့
မ
Post a Comment