04 November 2011

“ လူဖြစ်ရတာ ပျော်စရာ”



မီးတောင်ပွင့်၊ရေလျှံ၊ငလျှပ်လှုပ်လို့ မြေပြို၊
အသက်ရှုနိုင်သေးရင် သေနတ်ပစ်တမ်းကစား။
အားအားယားယားပေါ့။

သူတော်အတတ် အဠာရသရဲ့ တစ်ဆယ့်ကိုးမြောက်က ဗုံးခွဲပညာ။
ပျော်ပျော်ပါးပါးပေါ့။
ဦးနှိမ့်ရာမတူရင် ရန်သူ။
နေရတာ ဘဝင်မကျရင် လိင်ခွဲခြားပြီး နှိမ့်ချ။
ထိုင်မသာဘူးလား။  အသားရောင်ကွဲရင် စော်ကား။
လူမျိုးကြီးဇာတာပုပ် ပန်းကုံးစွပ်ကာ ပွဲခင်းထဲကိုဝင်...မငြိုငြင်ဘူးကွယ့်။
ရှေးစကားတသ အာဂုံရွတ်ကာ သွေးအယားပျောက်အောင် အာသာဖြေ။
ဘာလိုဦးမှာလဲ... စစ်ဖြစ်ရင် ရောဂါစင်။
အသက်ရှည်ရှည် ခင်ခင်မင်မင်။

မယ့်ကိုး

6 comments:

ရှေးစာဆို said...

ဒါမျိုးလေးမှ ကြိုက်တာ !!!

နိုင်းနိုင်းစနေ said...

တချို့လူဖြစ်ရတာ ပျော်စရာမကောင်းဘူး
ဟိုဖက်ရောက်ရင် ဟိုကတွန်းလွတ်
ဒီဖက်ရောက်ရင် ဒီကမောင်းထုတ်နဲ့
ဟိုဖက်က ကန်တာခံရ.. ဒီဖက်က ကန်တာခံရ..
လူ့ဘောလုံးဆိုတဲ့ လူစားမျိုးပေါ့..

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြောချင်တဲ့စကားလုံးတွေကို ကဗျာလေးနဲ့ ပြောသွားတာ သဘောကျတယ်..
အဓိပ္ပါယ်တွေ အပြည့်နဲ့ ကဗျာလေး..

မိုးမြင့်တိမ် said...

ကဗျာထဲက စကားတွေကို လှမ်းမြင်လိုက်ရတယ်။

မိုးမြင့်တိမ်

mstint said...

'လူဖြစ်ရတဲ့ဒုက္ခ' ကိုသိပင်သိငြားပေမယ့်
'လူဖြစ်ရတာပျော်စရာ' ဆိုတာကိုရာနှုံးပြည့် လက်ခံမိတယ် မယ်ကိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

T T Sweet said...

အပေါ်ကပုံလေးကြည့်ရတာ စိတ်မကောင်းဘူး မယ်ကိုးရေ။ ကဗျာကတော့ ကောင်းပြီးသား။ တစ်ချို့နေရာ လိုက်တောင်မမီဘူး။