သွားတာထက် ရပ်တာများနေတဲ့ ဒီစာမျက်နှာလေးရဲ့ သက်တမ်း လေးနှစ်ပြည့်ပြီလို့ ပြောမယ်ဆို ရယ်စရာကောင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နှုတ်နည်းတဲ့ ကျွန်မအတွက် ဒီအချိန်လေးသာ စာလာဖတ်သူများကို ကျေးဇူးတင်စကားပြောနိုင်ခွင့်ရှိတဲ့အခါမို့ အမှတ်တရ ခွန်းဆက်ချင်မိပါတယ်။
စာဖတ်သူများရဲ့ ကျေးဇူးနဲ့ ဒီစာမျက်နှာလေး တည်နေသ၍ စာတွေ ဆက်ရေးနေပါဦးမယ်။ အသက်ရှင်တုန်းခဏ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေပါဦးမှာ ဖြစ်ပါတယ်း)
ကျေးဇူးတင်ကြောင်းလေးပြောချင်တယ်... မှာ ဆိုခဲ့သလို စာဖတ်သူများရဲ့ မေတ္တာကြောင့် ကျွန်မရဲ့ကောင်းကင်ဟာ ကြည်လင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘဝဟာ နေချင့်စဖွယ် သာတောင့်သာယာဖြစ်အောင် စာဖတ်သူတွေရဲ့ စာလုံးလေးတစ်လုံးကသာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီအခိုက်အတန့်လေးများ၊ ကြည်နူးစေမှုများ၊ အမှတ်တရများအားလုံးအတွက် အထူးကျေးဇူးတင်ပါကြောင်း ဆိုပါရစေ။
လူဖြစ်လိုသူရဲ့ ဇာတ်အဆုံး မှာပြောခဲ့သလို စာဟောင်းတွေပဲ တင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဒီဘလော့မှာ စာသစ်တွေရေးဖို့ နှိုးဆော်ခဲ့သူ၊ လင့်ခချိတ်ပေးထားသူများ၊ အကြံပေးဝေဖန်ခဲ့သူများ၊အားပေးခဲ့သူများ၊ အထူးသဖြင့် စာရေး ရပ်နားနေခိုက် အားပေးတိုက်တွန်းခဲ့သူများ ၊ စာဖတ်ခဲ့သူများ၊ subscriber များ နှင့် fb မှာ like ထားသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ အနူးအညွတ်လေးလေးစားစား ထပ်မံဆိုပါရစေ။
မေတ္တာများဖြင့်
...
မယ်ကိုး

15 comments:
အမှတ်တရ ၄နစ်ဘလော့လေး ဆက်တည်တန့် ခိုင်မြဲပါစေ
အမရဲ့ စာဖတ်ပရိသတ်အဖြစ် အမြဲရှိနေပါမယ်...
စာရေးနည်းပေမယ့် ရေးနေတဲ့အမကို လေးစားပါတယ်..
အမရဲ့စာတွေကို စောင့်မျှော်နေတဲ့....
ချစ်ခင်လျက်
ဒီနေခ
4 နှစ်မှသည် နှစ်ပေါင်းများစွာ စာကောင်းပေမွန်တွေ အများကြီးရေးနိုင်ပါစေ။
Happy Birthday Blog လေး
^_*
ညီမ မယ်လေးးး
ညီမကို ချစ်ခင်သော ပျော်ပျော်နေတတ်တဲ့ အစ်မတစ်ယောက် ရှိနေသေးတယ်လို့ သတိရပါ။ အဲဒီအခါ ကောင်းကင်ကြီးဟာ ပိုမို လင်းလက်လှပနေတော့မှာ.....
ဆက်လက် အောင်မြင်ပါစေ ညီမ မယ်လေးရေ....
လေးနှစ်ခရီးကို စိတ်ရှည်ရှည်ဇွဲရှိရှိနဲ့ ဖြတ်သန်းနိုင်ခဲ့တယ် ဆိုရမယ်နော်။
ဘလောဂ့်ရေးတာ စိတ်မရှည်ရင် ခုလိုကြာကြာရပ်တည်ဖို့ တကယ်မလွယ်ပါဘူး
မယ်ကတော့၎နှစ်တိုင်ခဲ့ပြီ.
၎နှစ်အတွင်းမှာ မျှဝေခဲ့တဲ့ ဖတ်စရာ မှတ်စရာတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြန်လည် ပြောပြချင်ပါတယ်။
ဆက်လက်ပြီးလည်း ကြည်လင်သော ကောင်းကင်အပြင်မှ စာပေမိုးရေစက်လေးတွေ မျှဝေပါဦးလို့..
မယ့်ရဲ့လက်ရာလေးတွေ ဖတ်ရတာ Taste က တမျိုးလေးမို့ နှစ်သက် သဘောတကျရှိလှပါတယ်.. နောက်ကိုလည်း စာတွေ အဆက်မပြတ်ရေးနိုင် / ရေးဖြစ်ပါစေလို့ ဆုတောင်းပါတယ်...း)
လေးနှစ်တောင်ပြည့်သွားပြီလားမမ..
ရသတစ်မျိုးလေးနဲ့ ညီမကိုအားတက်စေတဲ့ စာတွေ အတွက် အမြဲအားပေးနေမှာပါ..
မမရဲ့
ညီမလေး အိမ်မက်စေရာ
Happy 4th blog anniversary, sis..။ ၄ နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဆန္ဒရှိနေသ၍ စာများ ဆက်လက်ရေးသားနိုင်ပါစေရှင်။
မမကိုလွမ်းနေတယ်
ထူးခြားတဲ့အရေးအသားလေးတွေနဲ့ ဆွဲဆောင်တတ်လို့ အမြဲဖတ်ဖြစ်ခဲ့ပါတယ်။ (၄)နှစ်ပြည့် ဘလော့ဂ်ခရီးကို ဖြတ်နိုင်ခဲ့တာ နည်းတဲ့ အချိန်မဟုတ်ဘူးနော်..။ ဆက်လက်ပြီး စာတွေ ကျန်းမာပျော်ရွှင်စွာ ရေးသားနိုင်ပါစေ..။
လေးနှစ်တောင်ရှိပါပေါ့လား
အင်းရှိလောက်ပါတယ်
မောင်ဘကြိုင်တို့ဘလော့ဂါရွာထဲစရောက်တော့ မယ်ကိုးအိမ်ကထည်ထည်ဝါဝါရှိနေပြီလေ
မောင်ဘကြိုင်
လေးနှစ်ကနေ အနှစ်လေးဆယ်အထိ ရေးနိုင်ပါစေ ...း)
Nice
မမမယ်း)
အားပေးမြဲ အားပေးနေဆဲး)
နောင့်
ချစ်ခင်လေးစါးစွါ
အမြဲထါဝရ
အါးပေးနေမယ်
:))))
Post a Comment