ကြိုဆိုသူမဲ့မြေမှာ နွေးထွေးအပြုံးချို့ပေမယ့် အိမ်ပြန်ချင်လွန်းလှပါတယ်။ အိမ်ဆောင်းပါးများ (အိမ်ပြေးသူများ ၊ အိမ်စွဲသူများ ၊ အိမ်စွန့်သူများ ၊ အိမ်ပျောက်သူများ )ကို ဆောင်းပါးတစ်ခုအဖြစ် တစ်စုတစ်စည်းတည်းရေးမလို့ ကြံစည်နေဆဲမှာပင် အိမ်ပြန်ချင်စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်လာ။ အိမ်ပြန်ချင်လွန်းလှရဲ့။ မြန်မာပြည်ကြီးက ဗီယက်နမ်လို နေ့ချင်းညချင်းကြီးပွားတိုးတက်တော့မယ်လို့ ယုံကြည်ကာ ယခုချက်ချင်းပင် မြေတစ်ကွက်ကို အမြန်ဆုံးဝယ်လိုခဲ့။
ဒီလိုနဲ့မြေရောဂါထရာ သူငယ်ချင်းကအစ အစ်မနှင့် အဒေါ်ငယ်ပါမချန် ဘယ်သူမှမနေရပေမယ့် အမြဲနောက်ကျလက်နှေးတတ်သူဆိုတော့ ကိုယ်လိုအကြံတူသူများကြောင့် မြေဈေးက ရုတ်ချည်းတက်လေရာ ဘာကိုမှလက်လှမ်းမမှီချင်။ နောက်ဆုံးမှာ အစ်မက မြန်မာပြည်နဲ့ ဖုန်းပြောရတာပင် မြေတစ်ကွက်ဖိုးလောက်ရှိပြီ ဟု ညည်းညူပြီ။ အဒေါ်ငယ်ကလည်း မြေမဝယ်တော့ဖို့ တရားဟောပြီ။ သူငယ်ချင်းကလည်း ပြန်သွားမှ ကြည့်ပေါ့ဟာလို့ နားချလေပြီ။
ဘာတတ်နိုင်မှာလဲလေ။ ဗိသုကာဖြစ်ပြီး အိမ်တစ်လုံးမဆောက်ရဘဲ မသေချင်ဘူးလို့ မဆုံးနိုင်အောင်ပဲ ဂျီကျနိုင်လေရာ ကူညီပေးသူ သူငယ်ချင်းက “အဲဒါဆို ငါ အကောင်းဆုံးအကြံပေးမယ်။ မြေရှိတဲ့ယောက်ျားကို ယူလိုက်လေ။ ဥပမာငါဆို မြေနှစ်ကွက်တောင်ရှိတယ်” လို့ စနောက်ရာ “လဲသေလိုက်ပါလား” လို့သာ ကျိန်ဆိုနိုင်ကာ ရှေ့ဆက်မရစ်ရဲတော့ဘဲ နှုတ်ပိတ်ထားရတော့တာ။ ဒါပေမယ့် ဘယ်လိုကျေနပ်နိုင်မှာလဲလေ။ မြေ။ မြေ။ အင်း ဒီလိုနဲ့ နောက်ဆုံးမှာ လေးပေ၊ ခြောက်ပေ အကျယ် သုသာန်မြေကို ဝယ်ကာ အုတ်ဂူဒီဇိုင်းပဲ လုပ်ရတော့မယ်ထင်။
မရနိုင်တာကိုမှ ပိုမက်မောမိကာ အငဲရဲ့ အိမ်သီချင်း၊ ဓိရာမိုရ် ရဲ့ အိမ်သီချင်း၊ ငါတို့အိမ်သီချင်းများကို ထပ်ဖန်တလဲနားထောင်နေမိခဲ့။
အိမ်လိုချင်မိပါတယ်။ ကျွန်မရဲ့လောဘ သိပ်မကြီးပါဘူး တကယ်။ လေးလံဝန်တွေ ထမ်းဆောင်ထားရမှုကို ညောင်းညာလာတဲ့အခါ ဆက်လက်မသယ်ပိုးနိုင်တဲ့တနေ့မှာ ပူလောင်လွန်းတဲ့မြေမှ ခဏတာထွက်ပြေးခိုလှုံရာ အရိပ်ကလေးတစ်ခု အဖြစ်လောက်သာ မျှော်လင့်မိတာပါ။ ထိုမျှလောက်ပင် ကျွန်မ ကံမကောင်းနိုင်တော့ဘူးလား။
အလှဆုံးပန်းတွေ၊ အကောင်းဆုံးအမိုးအကာများ မဝန်းရံနေပေမယ့် ဘဝအမောတွေက ထွက်ပြေးလာတိုင်း နာကျင်မှုတွေ မေ့လျော့စေမယ့် စိမ်းမြတဲ့မြက်ခင်းများနဲ့ ကြည်မြမြနားခိုရာလေးတစ်ခုဟာ ကျွန်မနဲ့ မသက်ဆိုင်တော့ဘူးတဲ့လား။ ပင်ပန်းလွန်းတဲ့အခါ၊ အားနည်းချို့တဲ့အခါ ဖြေသိမ့်စရာ နွေးထွေးတဲ့အသိုက်အမြုံလေးတစ်ခု ကျွန်မ မရနိုင်တော့ဘူးတဲ့လား။ နာမကျန်းဖြစ်တဲ့အခါ ၊ ဟန်ဆောင်ပင် မပြုံးနိုင်လောက်အောင် ဝမ်းနည်းနာကျင်နေတဲ့အခါ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲ အေးငြိမ်လုံခြုံတဲ့ အမိုးအကာလေးတစ်ခုအောက် ကျွန်မ မရောက်နိုင်တော့ဘူးတဲ့လား...။
တစ်နေ့နေ့..။ ဒီလိုနဲ့ပေါ့ တငွေ့ငွေ့ ပူစစအိပ်မက်ကို ကျွန်မ ပျိုးပါဦးမယ်။ ။
မယ်ကိုး
12 comments:
အင်း။:)
One Day, Dream Will Come True.
Moe Myint Tane
ဖြစ်လာမှာပေါ့း)
ဖြေးဖြေး ......
နောက်တခါကျရင် `အိမ်မဲ့သူများ´လို့ ရေးပေါ့ ...
နောက်တာပါ၊ ဖတ်လို့ကောင်းတယ် ...း)
ဟုတ်ပါ့ဗျာ ... အိမ်မဲ့သူများ
အယ်.. အမရယ်.. ဖတ်ပြီးစိတ်မကောင်းတောင် ဖြစ်သွားတယ်။
တို့တွေအတူတူပါပဲလေ။
တခါတလေ အဲ့ဒီ "စိတ်" ဆိုတဲ့အရာကို အေးအေးချမ်းချမ်းနေရာလေးမှာ ခဏလေးဖြစ်ဖြစ် အနားပေးချင်မိတယ်။
Hi!
A strong "will" will make all your dream come true.
Just my opinion, Have u ever tried to think of this way b4,"u r entitled to maecoe for this life.U can ask her whatever u want to achieve in this life / life cycle.But remember maecoe belong to u for this life only. So, no mercy, just ask maecoe.
May all ur wishes be fulfilled to fullest.
May a happy,healthy & wealthy year 2012 be with u..
regards,
Chan Thu
Anonymous , Bro Moe Myint Tane , Bro Ba Kyaing , Bro Aung , Bro Min Nay Way, Sis Mirror ...
Thanks so much for ur kind comments . i won't give up :)
Bro/Sis Chan Thu ...
Thanks so much for ur kind comment. Although I did read the similar words of LaeDi Sayadaw , i've never tried too hard :P.
I'll try to think and word hard as u said :)
Anonymous , Bro Moe Myint Tane , Bro Ba Kyaing , Bro Aung , Bro Min Nay Way, Sis Mirror,Bro/Sis Chan Thu ...
Best wishes to u.
May a happy,healthy & wealthy year 2012 be with u...
Warm regards,
Mae Coe
ကျနော်လည်း မြေတစ်ကွက်လိုချင်တယ်။ အိမ်လှလှလေး လိုချင်တယ် အမရယ်။
Happy New Year ပါ မမယ်ကိုးရေ..
ဂျူ အမြဲလာပြီး စာတွေ ဖတ်ပါတယ်။
စိတ်ချမ်းမြေ့ အေးချမ်းစွာနဲ့ ၂၀၁၂ တနှစ်လုံးကို ဖြတ်သန်းနိုင်ပါစေနော်။
ဘ၀အမောတွေကနေ ထွက်ပြေးချင်တိုင်း ခိုနားစရာ ကြည်မြတဲ့ နေရာလေးလဲ အမြန်ဆုံး ရပါစေနော်။ :)
Love,
jr
ama yae, same here.
မယ့်ရာ ရှာရှာပေါက်ပေါက် ဘယ့်နှယ်အုတ်ဂူဒီဇိုင်းပဲဆွဲတော့မှာလဲ။ မယ့်ဖန်တီးဖူးတဲ့ အိမ်ဒီဇိုင်းတွေလဲ အခွင့်သာရင် မြင်ဖူးချင်စမ်းပါဘိ။ မယ့် ရဲ့ အိမ် အိပ်မက်လေးလဲ အမြန်ဆုံးအကောင်အထည်ပေါ်လာပါစေ။
Post a Comment