တောက်ပြောင်သူတွေ ကျွဲခေါ်နေချိန်မှာ ဤလို့ရွတ်မိသူရယ်။
ခက်လှချည့်…။
အလင်းကို ကွယ်ကာ ဆင်တူလှိုင်း ငါမလွှင့်နိုင်။
သွန်သင်မှုအတွက် မရယ်ရက် အနေခက်။
ကိုယ်ချင်းစာတရွေးသားနဲ့ မိုက်လုံးကြီးခဲ့သူပါ။
ကိုယ်ချင်းစာတရွေးသားနဲ့ မိုက်လုံးကြီးခဲ့သူပါ။
ဒဏ်ရာတွေ ဒီထက်နက်နဲမလာအောင် ဘယ်လို ရူးချင်ယောင်ဆောင်ရမလဲ။
ခဏလေး…။
တဖြုတ်လေး။
ယဉ်ကျေးမှုလှံတံနဲ့ နိမ့်သူရင်မစိုက်ခင် တဆိတ်လေး ဆိုင်းပါဦး။
(ကြီးကျယ်မြင့်မြတ်သူတို့ရဲ့ အောင်လံဆိုလား။
ဟုတ်ကဲ့။ အားလုံးက လက်ခုပ်တီးနေပါတယ်။)
လူသားတစ်ယောက်ရဲ့ အခွင့်အရေးသိက္ခာဆို သိပ်ကြီးကျယ်နေမယ်။
အရိုင်းအစိုင်းငါ့နှလုံးသွေးနဲ့ ယဇ်မပူဇော်ခင်
လူချင်းညီမျှလေးစားမှုဆိုတာလေး အကျဉ်းဟြေပါကွယ်။ ။
မယ်ကိုး

5 comments:
ဒုက်ခရာသီစာလေး မြည်းကြည့်သွားတယ်။ ခါးသလိုလို ချိုသလိုလိုဘဲ။း) ဒါပေမဲ့ ဓါတ်စာတော့ ဖြစ်မဲ့ပုံပေါ်ပါတယ်။း)))
ထပ်တူထပ်မျှ၊ " Same Opinion " :)
ဲပြီးတော့ အသားကုန် ကြိုက်ပဲ.. အစ်မရေ့။
ညီမလဲ ကြားမနေတတ်သူမို့ အစထဲက လှေနံတစ်ဖက်ထဲကိုပဲ နာနာ နင်းထားခဲ့မိတယ်။
ဖတ်သွားတယ်
ကြိုက်တယ် မယ်ကိုးစာတွေရော ကဗျာရေးတာကောကြိုက်တယ်
အတင်းလိုက်ကြိုက်နေတာဟုတ်ဖူးနော်
တခါဖတ်ဖူးတဲ့ ကဗျာတပုဒ် ပါဋိပါသတ်လေးနဲ့ရေးထားတာ နားမလည်လို့ကလေးမတစ်ယောက်ကမေးထားတာ ညစ်ညမ်းသောဆိုရေးစကားလို့ပြန်ရှင်းထားတဲ့ကဗျာလေကွာာား) အဲဒါလေးကိုပိုကြိုက်တယ်
စာလာဖတ်ကာ အချိန်ပေးမှတ်ချက်ရေးပေးသွားတဲ့ ကိုကိုမောင်၊ ညီမလေး mirror တို့ကို အရမ်းကျေးဇူးတင်ပါတယ်း)
ကိုဘကြိုင်ပြောတဲ့ကဗျာလေးက 'သူ့ထက်သာဝတ်စုံ' လို့ ထင်ပါတယ် .... http://www.maecoe.net/2011/10/blog-post_27.html
ကိုဘကြိုင်ပြောချင်တဲ့ စာကလေးက ...
လွယ်လွယ်လေး...။
ကဝိလက္ခဏာချို့ရင် ကျမ်းရိုးနဲ့ကိုင်ပေါက်
ဒါ... မချောင်ဘူးလား။
သီအိုရီတစ်ခုစွဲ ဖရုသဝါစာနဲ့ လေလုံးထွား။
ပူဇော်သူများပေါ့။
လို့ ထင်ပါတယ်။ကိုဘကြိုင်ပေးတဲ့ မှတ်ချက်လေးအတွက် အရမ်းဝမ်းသာ ကျေးဇူးတင်ပါတယ်း)
မမရေးတဲ့စာတွေ ကဗျာတွေဖတ်ပြီးရင် အမြဲစဉ်းစားစရာရတယ်..တစ်ရက်က ဘလော့ဂ်တွေ အမြဲဖတ်တက်တဲ့ သူတစ်ယောက်နဲ့စုံတော့ ဘလောဂ်ဂါတွေ အကြောင်းပြောရင်း ညီမက မမရဲ့ ညီမလေးဆိုတော့ လူချင်းသိလို့လားတဲ့....
့ဘာပြောရမှန်းမသိလို့ လူချင်းတော့ မသိဘူး ဒါပေမယ့်မမကို အရမ်းချစ်တာလို့ ပြောလိုက်တယ်..လူချင်းသိမှ ညီမလေးလုပ်လို့ ရမှာကျနေတာပဲနော်...း)
ချစ်တဲ့
အိမ်မက်
Post a Comment