19 March 2012

“စာပေအနုပညာကို လေ့လာခြင်း…”

 စာပေအနုပညာကို လေ့လာရာမှာ တစ်ဦးချင်းစီရဲ့ စာပေတွေအပြင် မဖုံးကွယ်ထားတဲ့ ဆိုလိုရင်း၊ ရေးသားဟန်အစဉ်အလာထုံးနည်းများနဲ့ သမိုင်းဆိုင်ရာ ပက်သက်မှုများကို ပါဝင်ထည်သွင်းဖို့ လိုအပ်ပါတယ်။စာရေးသူတစ်ဦးရဲ့ လက်ရာများကို စစ်ဆေးခြင်း၊စာသားများအကြားက တူညီမှုနဲ့ ခြားနားမှုကို ဖော်ထုတ်ခြင်း၊အနုပညာရှင်တစ်ဦးဖြစ်သော စာရေးသူရဲ့ တိုးတက်မှုကို ခြေရာကောက်ခြင်းတို့ဟာ ဥာဏအမြင်ပွင့်စေသောနည်းတစ်ခုလည်း ဖြစ်ပါတယ်။

 စာရေးသူ တစ်ဦးချင်းစီရဲ့ စာပေတွေကို လေ့လာခြင်းဖြင့် မှတ်သားစရာများ ဖြစ်ပေါ်စေပေမယ့်လည်း တူညီတဲ့ယဉ်ကျေးမှုနဲ့ သမိုင်းအတွေ့အကြုံများကို ဖြတ်သန်းလာသော စာရေးသူများကို အုပ်စုဖွဲ့ လေ့လာမယ်ဆိုရင် စာပေအနုပညာလေ့လာခြင်းမှာ ပိုမိုပြည့်စုံလာပါလိမ့်မယ်။ စာပေဆိုင်ရာရွေ့လျားမှုနဲ့ အမျိုးအစားကို အာရုံစိုက်ခြင်းဖြင့် စာဖတ်သူများအတွက် သီးခြားစာပေပုံစံများရဲ့ ဆိုလိုရင်းတွေမှာ သြဇာလွှမ်းတဲ့ သမိုင်းအဖြစ်အပျက်နဲ့ လူမှုရေးအခြေအနေတွေကို ပိုပြီး ရသခံစားနိုင်မှာ ဖြစ်ပါတယ်။

 ဥပမာအားဖြင့် နှစ်ဆယ်ရာစု အစောပိုင်းမှာ နည်းပညာနဲ့ စက်မှုလုပ်ငန်းလျှင်မြန်စွာ တိုးတက်လာခြင်း၊ မြို့ပြသို့ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေထိုင်းခြင်း၊ပထမကမ္ဘာစစ်နဲ့ တခြားအဖြစ်အပျက်များဟာ အမေရိကန်မော်ဒန်နစ်ဇင် (American Modernism) လို့ ခေါ်တဲ့ ရွှေ့လျားမှုပေါ်ပေါက်လာခြင်းရဲ့ အကြောင်းခံပါ။ လျှင်မြန်လွန်းတဲ့ လူမှုရေးအပြောင်းအလဲများ၊နဲ့ ဒီအဖြစ်အပျက်များက ဖန်တီးသော မသေချာမှုများဟာ ကဗျာမှာ လွတ်လပ်ကဗျာပုံစံများကို အသုံးပြုမှုများ၊ ဝတ္တုများမှာ သိစိတ်အလျဉ်ရေးဟန်ပုံစံများ ဖြစ်ပေါ်စေပြီး  တသမတ်တည်းမသွားသောသမိုင်းရဲ့ ယေဘုယျသက်ဝင်ခံစားမှုများနဲ့ ခေတ်ရဲ့ အနုပညာလက်ရာအများစုမှာ ယုံကြည်မှုကပ်ဆိုက်ခြင်းများအပေါ် ရောင်ပြန်ဟပ်ဟာ ထိုသို့ရေးသားမှုများ တိုးပွားလာစေပါတယ်။

ထိုအချက်အလက်များပေါ်မှာ အာရုံယူခြင်းဖြင့် စာဖတ်သူများဟာ လူမှုရေးအရှုပ်အထွေးသက်ရောက်မှုများ၊စီးပွားရေး၊နိုင်ငံရေး၊ ရသခံစားမှု၊ ဒဿနပိုင်းဆိုင်ရာတွန်းအားများနဲ့ ခေတ်တိုင်းရဲ့ အဓိပ္ပါယ်ကို ဖန်တီးပြုလုပ်ပေးသော အတွေးအခေါ်များရဲ့ ပိုပြီးနားလည်လွယ်တဲ့ပုံရိပ်ကို ရရှိလာပါလိမ့်မယ်။ တခြားအဖိုးတန်သော အကြောင်းအရာမှာ စာပေရွေ့လျားမှုနဲ့ အနုပညာအမျိုးအစားများကို စစ်ဆေးခြင်းဟာ စာပေတော်လှန်ရေးရဲ့ ဖြစ်စဉ်ကို နားလည်အောင်ရှင်းလင်းဖို့ ဖြစ်ပါတယ်။ 

စာရေးသူများကို အုပ်စုဖွဲ့ခြင်း ၊ အချိန်ကိုဖြတ်သွားတဲ့ စာပေဦးတည်ရာ စစ်ဆေးခြင်းဟာ စာပေကို ပိုပြီး ထင်ရှားမြင်သာလာစေပါတယ်။ ဒီလိုနဲ့ စာဖတ်သူတွေဟာ သဘောပေါက်နားလည်လာပြီး ရသခံစားနိုင်စွမ်းဖြစ်ပေါ်လာကာ အဓိကကျသောအနုပညာစာပေဟာ သူတို့ရဲ့ လူမှုဘဝမှာ အကျိုးသက်ရောက်မှုရှိမှာ  ဖြစ်ပါတယ်။ 

( စာကြွင်း ။  သုတစာပေဘာသာပြန် အလွန်ညံ့မှန်းကိုယ့်ကိုယ်ကိုယ်နားလည်ပြီး ဆက်လက်မရေးချင်တော့တဲ့ စာတစ်ပုဒ် ... :D )

4 comments:

mstint said...

မယ်ကိုးရေ စာပေအနုပညာကို လေ့လာခြင်းနဲ့
ပတ်သက်ပြီး ရေးထားတာလေးကောင်းပါတယ်။
ဆက်ရေးပါ အားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ရင်ဆူး said...

မကြီးကိုးရေ......ဆက်ရေးပါ.....
ကျွန်တော်တော့မရေးတတ်ဘူး...မကြီးတို့စာတွေဘဲ လိုက်အားပေးနေပါတယ်....အားမလျော့ပါနဲ့ ......မကြီးရေးတာတွေ ဖတ်လို့ ကောင်းပါတယ်......

Zephyr said...

like.

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ဆက်ရေး
တခါတခါဖြစ်ဖူးသလိုပဲ စာရေးရင်း လေးလံလာတာမျိုး