24 May 2012

တောင်းပန်စကား မကြားဖူးသူများ

ရှေးသရောအခါ…ဘဝတွေ အညွန့်ခူးကာ ရွှင်မြူးစားသုံး၊ ထင်ရာစိုင်းမင်းမူ ဘုန်းကံမြင့်သူတွေရဲ့ စေတနာက ဝါးရင်းတုတ်၊ကျည်ဆန်တဲ့ရယ်။

မတရားထောင်သွင်း၊ ညှင်းဆဲသတ်ဖြတ်၊ဥပဒေမဲ့အားလုံးကို ရင်စည်းခံတဲ့ စစ်ခုံရုံးမဲ့သူတွေဟာ အမှောင်မှာ ခေါင်းငုံ့လျှောက်ဆဲ… သက်ဦးဆံပိုင်တွေဟာ ဒီမြေကဆင်းရဲမှန်သမျှဟာ လူဖြစ်ရတဲ့ဒုက္ခဆိုကာ အနိုင်ပိုင်းလို့ နတ်ရွာစံကြမှာ။

ပုံပြင်လေးအဆုံးမှာတော့… ကိုယ်ချင်းစာစကား တရံဆစ်မျှကြားခွင့်မရ လူဖြစ်ရှုံးတဲ့ သတ္တဝါတွေဟာ စိတ်မရှိပါနဲ့။သည်းခံပေးပါ။ ဝမ်းနည်းပါတယ်…ဆိုတဲ့ တဆိတ်စာ စာနာမှုလေး ၊ တစ်ဖြုတ်မျှ အသိအမှတ်ပြုရုံလေး၊ တစ်ရွေးသားဝန်ခံမှုလေးကို မွတ်သိပ်ရင်း၊တောက်လောင်ရင်း၊ တောင့်တရင်း လမ်းပေါ်မှာ ဘဝတွေပြုန်းခဲ့ကြသတဲ့ကွယ်။…။ 

မယ့်ကိုး

(ပုံပြင်အကြွင်း။ ဇာတ်ပေါင်းသော် … အနင်းခံဘဝပေမယ့် မြင့်မြတ်လှတဲ့ သာကီဝင်မျိုးတွေမို့ ခွင့်လွှတ်နိုင်တယ်ဆိုကာ လက်ခမောင်းခတ်ကြပြန်တာ။)

10 comments:

သက်ဝေ said...

တိုက်တိုက်ဆိုင်ဆိုင်...
ခုနကပဲ Singtel က ပို့လိုက်တဲ့စာကို ဖတ်နေတာ... ဟိုနေ့က မန်ယူ ပွဲမှာ နောက်ပိုင်း ၂ မိနစ်လောက် ပြတ်သွားတာကို Customer တွေဆီကို တောင်းပန်တဲ့စာနဲ့အတူ တလစာ လစဉ်ကြေး ပြန်ပေးပါ့မယ်ဆိုတဲ့ စာလေ... ပြီးတော့ ရေးစရာ စကားလုံးတွေကို စိတ်ထဲကနေ စီနေမိသေးတာ...း)

Anonymous said...

ုမြင့်မြတ်တဲ့ သာကီနွယ်မျိုးမဟုတ်လဲ ခွင့်လွတ်ရင်းနဲ့ အနင်းခံဘဝတွေ..
ဘယ်သူတွေများ စာနာနိုင်မလဲ..
ချစ်တဲ့
အိမ်မက်စေရာ

သဒ္ဓါလှိုင်း said...

မမယ်ကိုးရယ်.အားလုံးပါအောင်ရေးနိုင်လိုက်တာ။
ခင်မင်လေးစားလျက်
သဒ္ဓါ

လသာည said...

မယ်လေးရယ်..
တကယ်ပါပဲ။

NSA said...

အားလုံး ကွက်တိ ..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပို့စ်အသစ်ရှာဖတ်ရင်း မယ်ကိုးဆိုတဲ့စာ ပြောင်မြောက်တာမို့ ဖဘလိုက်စ်ခဲ့တာ
အခုတော့ ဒုတိယကြိမ်ပြန်ဖတ်ပြီးခါမှာတော့
ထပ်မန့်ခဲ့ပါ၏

ပုံ
နင်းပြားဘကြိုင်

သိ င်္ဂါ ရ said...

စကားပြေကဗျာ ... စကားပြောကဗျာ ...

ကြယ်သောကြာ said...

အရင်လိုဘဲ ကျစ်လစ် ထိရှ ဘဲ ၉ ရေ။
ခင်တဲ့
*

Anonymous said...

ခေါင်းတငြိမ့်ငြိမ့်နဲ့ ဖတ်သွားပါတယ်...မယ်ရေ့...။

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

ရင်လှိုင်း said...

ပုံပြင်လေး ခုမှ နားထောင်ရတယ်။