ကမ္ဘာမပျက်ခင်လေး (၂၀.၁၂.၂၀၁၂) ဆိုတဲ့ ဂဏန်းကို နှစ်လိုစွာ အဲဒီနေ့မှာ လုံးချင်းဝတ္တုလတ်စာအုပ်ထုတ်ချင်ခဲ့ပေမယ့် စာအုပ်စီစဉ်ပေးသူ မမမြသွေးနီက ၂၀ရက်နေ့က ပြဿဒါးဖြစ်တယ်လို့ အကြံပေးခဲ့ပါတယ်။ လူကြီးစကားကို နားထောင်စွာ စာအုပ်ထုတ်မယ့်နေ့ကို (၂၁.၁၂.၂၀၁၂) ကမ္ဘာပျက်မယ်ဆိုတဲ့နေ့ကို ရွေးလိုက်ပေမယ့် ပြဿဒါးပဲဖြစ်ဖြစ် ၊ ရက်ရာဇာပဲဖြစ်ဖြစ် ကျွန်မအတွက် ရေးကြီးခွင်ကျယ် မဖြစ်နိုင်ပါ။ စာအုပ်က အုပ်သုံးရာတောင် ရောင်းရဖို့မလွယ် လို့ စာအုပ်ထုတ်ရန်စီစဉ်ပေးသူ မမမြသွေးနီရဲ့ အမျိုးသားအစ်ကိုမော်ကြီးက ရိုးရိုးသားသား ပြတ်သားစွာဆိုခဲ့တာ ဖြစ်ပါတယ်။
စာရေးသူညီမငယ်တစ်ယောက်ကလည်း နာမည်ပြောင်းလိုက်တဲ့အတွက် စာအုပ်ကိုမဖတ်ဘူးလို့ ကြွေးကြော်ခဲ့လေတာ။ ထိုမျှနှင့် မပြီးသေး။ ဘယ်သူကမှလည်း ကျွန်မကိုအားပေးမှာ မဟုတ်လို့ ခံနိုင်ရည်ဝအောင် ကြိုတင်နမိတ်ဖတ်ထားလေရဲ့။ ထိုသို့ သြဘာသောင်းနင်းအပေးခံရသော မယ့်ကိုးရဲ့ စာအုပ်ကလေးပါလေ။
ဆရာမောင်ချောနွယ်က ‘လူကြိုက်နည်းတဲ့ကောင်’လို့ ရေးခဲ့တာမို့ ကျွန်မကတော့ ‘ဘယ်သူမှ မကြိုက်သူ’ လို့ ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ်ရမယ်ထင်။ လူတိုင်းကြိုက်မယ့်စာမျိုး မရေးတတ်သူမို့ မထင်ရှားဘူးဆိုလျှင် အံ့သြစရာမရှိပေမယ့် ကလောင်နာမည်ပြောင်းလို့ စိတ်ပျက်ကာ စာမဖတ်မယ့်သူတွေရှိတယ်ဆိုရင်တော့ နားမလည်နိုင်အောင် ဖြစ်ရလေတာ။ ဒါပေမယ့် glad to hear that! လို့ ပြောချင်သေးတာ။
အနားမှာ ရပ်တည်ပေးမယ့်သူ တစ်ဦးမှ မရှိဘူးတဲ့လား။ ဝမ်းနည်းစရာမရှိပါ။ နှုတ်ခမ်းတွန့်ကာလည်း ပြုံးနေချင်တယ်လေ။ ဒါ အဆန်းတကြယ်မှ မဟုတ်ဘဲ။ အသားကျနေတဲ့ ပုံမှန်ဘဝသာရယ်။
အနားမှာ ရပ်တည်ပေးမယ့်သူ တစ်ဦးမှ မရှိဘူးတဲ့လား။ ဝမ်းနည်းစရာမရှိပါ။ နှုတ်ခမ်းတွန့်ကာလည်း ပြုံးနေချင်တယ်လေ။ ဒါ အဆန်းတကြယ်မှ မဟုတ်ဘဲ။ အသားကျနေတဲ့ ပုံမှန်ဘဝသာရယ်။
မနက်ဖြန်မနက်မှာ ကမ္ဘာကြွေလို့ သေရမယ်ဆိုလည်း ကျေနပ်နေမယ့်သူပါ။ အနားမှာ ဘယ်သူမှရှိမနေလည်း အသစ်အသစ်ဖြစ်နေဦးမယ့် ကမ္ဘာမှာ အသက်သွင်းစီရင်ခဲ့တဲ့ စာအုပ်တစ်အုပ်ရှိနေမယ်ဆိုရုံနဲ့ စိတ်ချမ်းသာလှပြီရယ်။ ။
မယ့်ကိုး
19 comments:
ဘယ်သူမှ ဘေးမှာ မရှိဘူးဆိုတာ မဟုတ်လောက်ပါဘူး။
လူတိုင်းမှာ အကြိုက်တစ်မျိုးစီနဲ့ပါ။ ညီမကို အားပေးနေတဲ့ သူတွေ အများကြီး ရှိနေတယ်ဆိုတာ မသိကြသေးလို့ ဖြစ်မှာပါ။ စာပေရသကို ခံစားတတ်သူတိုင်း ခံစားမှုရသတစ်ခုခုပေးတဲ့ ညီမစာကို ကြိုက်ကြမှာပါ။
မှတ်တိုင်တစ်ခု စိုက်ထူနိုင်တဲ့အတွက် ဂုဏ်ယူစရာပါ ညီမရေ။
တစ်ခုခုလုပ်နေရင် တစ်ခုခုမရဘဲ မနေပါဘူး။
ဘာကိုမှ မလုပ်ပဲနေရင်သာ။
ကိုယ်ရေးချင်တဲ့ စာတွေရေးခွင့်ရအောင် ကောင်းမွန်စွာတွေးခေါ်နိုင်တဲ့ ဦးနှောက်၊
ထူးထူးခြားခြားကွန့်မြူးနိုင်တဲ့ ပါရမီ၊
စာလုံးတွေချရေးနိုင်ဖို့ ကောင်းမွန်တဲ့လက်အစုံ၊
ဒါတွေအားလုံးကို အထောက်အပံ့ပေးမယ့် ကျန်းမာရေး၊
ပြည့်စုံနေလိုက်တာမှ ညီမအနားမှာရှိနေတဲ့ ကိုယ်ပိုင်တဲ့အရာတွေမှ အများကြီးရယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ့်လုပ်ရမယ့်အလုပ်ကိုပဲ တစ်သက်လုံးစွဲစွဲလမ်းလမ်းသာလုပ်ပါ ညီမရေ။
တစ်နေ့ မုချအောင်မြင်မှာပါ။
အောင်မြင်မှုဆိုတာကလည်း ဆက်ပြောရရင်အများကြီးရယ်၊ အဲဒီထဲက အသေးဆုံးကိစ္စလေးလို့ ထင်ရမယ့် ကိုယ့်စိတ်ချမ်းသာရင်ကို ကိုယ်ပိုင်တဲ့ကိုယ့်ရဲ့အောင်မြင်မှုပဲ။ အသေးဆုံးလေးက တစ်သက်စာ ကိုယ့်အတွက် အကြီးမားဆုံးအထောက်အပံ့ပဲ။
သူများတွေအလုပ်က သူတို့ပဲလုပ်ပါစေပေါ့။
(အစ်မ ကွန်မန့်များများမရေးဖြစ်ပါဘူး။ တွေးစရာတွေလည်း သိပ်မတွေးတတ်ဘူး။ သိပ်တွေးရမှာတွေ ခေါင်းထဲ မထည့်တတ်ပေမယ့် ဒီနေရာမှာတော့ ရေးချင်မိသွားတယ်။ စာရေးတာကို ချစ်တတ်တဲ့သူမှန်း သိထားလို့ပါ။)
ညီမစာတွေလည်း ဖတ်နေဦးမှာပါ။
စာတွေအများကြီးရေးနိုင်ပါစေ။
ကျန်းမာပျော်ရွှင်ပါစေ။
Bless you all.
Keep Going.
PP
(((အနားမှာ ဘယ်သူမှရှိမနေလည်း အသစ်အသစ်ဖြစ်နေဦးမယ့် ကမ္ဘာမှာ အသက်သွင်းစီရင်ခဲ့တဲ့ စာအုပ်တစ်အုပ်ရှိနေမယ်ဆိုရုံနဲ့ စိတ်ချမ်းသာလှပြီရယ်...)))
အဲဒါ အမှန်ပဲ ညီမ မယ်... ကိုယ်တိုင် အသက်သွင်းခဲ့တဲ့ မှတ်တိုင်လေးပေါ့...
စူးစူးရှရှ စကားလုံးတွေ ပြောင်မြောက်လှတဲ့ အတွေး အရေးတွေနဲ့ ချစ်စရာစာအုပ်လေးအတွက် မယ့်ကို အမြဲ ကျေးဇူးတင် ချစ်ခင်နေမှာပါ...
keep going sis :) we love your writing. I will also buy your book :) Cheers!!!
ညီမလေး မယ့်ကိုး
အနားမှာ ဘယ်သူမှ ရပ်တည်မယ့်သူမရှိဘူးရယ်လို့ မရှိပါဘူး...။
ရပ်တည်ပေးတဲ့လူ၊ အားပေးတဲ့လူတွေကို ညီမ မမြင် ၊ မသိတာ ဖြစ်ပါလိမ့်မယ်...။
စာအုပ် ၃၀၀ မရောင်းရပဲ ၂၅၀ ပဲ ရောင်းရတယ် ဆိုလည်း ညီမဘက်မှာ ၂၅၀ + ရှိနေတယ်လို့ ဝမ်းသာရမှာပဲ (အနည်းဆုံး တွက်ပြတာပါ။ စာအုပ်တစ်အုပ်ဝယ်ပြီး တစ်ယောက်တည်း ဖတ်တာမဟုတ်ပါဘူး..) ။
ညီမလေးရေးတဲ့စာတွေကို အွန်လိုင်းက အလွယ်တကူ ဖတ်နေ၊ ကြိုက်နေ ပေမယ့် စာအုပ်ထွက်ရင် ဝယ်ဖတ်ဖို့ရာမှာ အခက်အခဲရှိနေနိုင်တာပဲ ။
ဥပမာ ..အစ်မအတွက် မြန်မာစာအုပ်တွေကို ဝယ်ဖတ်ချင်တယ်.. ကိုယ်ဖတ်ချင်တဲ့စာအုပ် ပင်နီဆူလာမှာမတင်ဘူး၊ တင်တဲ့စာအုပ်ကို သွားဝယ်တော့ ကုန်နေတယ်။ စာအုပ်ရောက် မရောက် သိရအောင် မကြာခဏသွားမေးဖို့ အခွင့်မသာဘူး...(ကလေးတစ်ဘက်နဲ့ အဝေးကြီးသွားရမှာမို့) ။
ဒါ အစ်မရဲ့ အခက်အခဲတွေ၊
စာရေးကောင်းတဲ့ ညီမ မယ့်ကိုး စိတ်ဓာတ်မကျစေချင်ပါဘူး...။
စင်စင်
ရန်ကုန်ရောက်၇င် ရှာဝယ်မယ်း)
ဖြစ်နိုင်ရင် ဖတ်ချင်ပါ၏
နောက်ပိုင်း Ebook တွေပဲဖတ်ဖြစ်ပါသည်။
21 Dec 2012 အမှတ်တရလေးပေါ့
ညီမလေးရေ
စိတ်ဓါတ်ကျသံကြီးနဲ့ မပြောပါနဲ့ဟယ်၊ အစ်မ အမြဲလာဖတ်ဖြစ်နေပါတယ်။ ခု စာအုပ်လေးလည်း လိုချင်တယ်။ ဘယ်မှာ ဝယ်ရမလဲ စလုံးမှာ တင်ထားပြီလား ဆိုတာ ပြန် ပြောပေးနော်....
ချစ်တဲ့
အစ်မချစ်
အမြဲ အားပေးလျှက်ပါ
စာအရေးအသားကောင်းလွန်းလို့ရော ချစ်လွန်းလို့ရော အမြဲအားပေးနေမှာ <3
မယ့်စာအုပ်လေးကိုလည်း... ၀ယ်ယူဖတ်ရှုပြီး အမှတ်တရ သိမ်းထားဦးမှာပါဗျာ...။ လုံးချင်းတွေလည်း မျှော်နေဦးမယ်...။ နိမိတ်ပြစကားလုံးတွေနဲ့ သိပ်သိပ်သည်းသည်းရေးတတ်တဲ့ မယ့်စာလေးတွေကို နှစ်သက်မိပါတယ်...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
ညီမလေးလဲ ဖတ်ချင်ပါတယ်..ဒီမှာဝယ်လို့ မရတော့ တစ်ဆင့်မှာရမယ် ထင်တယ်.
မမ အနားမှာ ဘယ်သူမှ မရှိဘူး ထင်ရင်တောင် အဝေးကနေ အားပေးနေတဲ့ သူတွေ အများကြီး ရှိတယ်ဆိုတာ သိရင်..မမ တစ်ယောက်အားငယ်တာတွေ ပျောက်ပါစေ..
မယ့်ရေ...
မယ့်စာအုပ်လေးတော့ ဆိုင်ပေါ် ရောက်ပြီနော်။
စာအုပ်ဈေးကွက် အနေအထားအရရော၊ စာရေးသူအသစ်များရဲ့ ထုံးစံအတိုင်းရော၊
ဖြန့်ချိရေးပိုင်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ကြတော့ စာအုပ်ထုတ်ချင်သူတိုင်း အမြဲအခက်အခဲတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေ ရှိနေလို့ ရပ်တန့်နေလို့မှ မရတာနော်။ ရှေ့ဆက်သွားကြရမှာပါဘဲ။
ကိုယ်တိုင်ဖန်တီးထားတဲ့ အနုပညာတစ်ခုကို အခုလို အသက်သွင်းခွင့်ရတာကိုက ကိုယ့်အတွက် မှတ်တိုင်တစ်ခုဖြစ်သလို စာဖတ်သူတွေအတွက်လည်း အမှတ်တရဖြစ်စေရပါတယ်။
အစ်မလည်း စာအုပ်လေးတစ်အုပ်ထွက်ထားဘူးတော့ သိနေတယ်လေ။ အကျိုးအမြတ်ထက် မှတ်တိုင်လေးတစ်ခုဖြစ်သွားတာကိုပဲ
ကျေနပ်နေရပါတယ် ညီမရယ်။
စာအုပ်တစ်အုပ် အောင်မြင်မှုကို ရောင်းချရတဲ့ စာအုပ်ရေနဲ့ တိုင်းတာနိုင်တယ်လို့ အလွယ်ပြောလို့ရပေမယ့်၊ မယ့်လို အတွေးထူး၊ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့၊ အများနဲ့ကွဲပြားတဲ့ ရေးပုံတွေကို စွဲမက်တဲ့ စာဖတ်သူတွေလည်း သေချာပေါက် ရှိနေပါတယ် မယ့်ရေ..။ တစ်အုပ်ဝယ်ယူသူရှိရင် အဲ့ဒီတစ်အုပ်က မယ့်စာတွေကို ချစ်တဲ့သူပါပဲ။
လောလောဆည် အစ်မတောင် ဒီညနေ အစ်မဖတ်ဖို့နဲ့၊ လက်ဆောင်ပေးဖို့ ၂အုပ်သွားဝယ်ရဦးမယ်.. :)
ကျုပ်လည်းရန်ကုန်ပြန်ရောက်ရင် ဝယ်ဖတ်မှာပါ မယ့်ကိုးရဲ့
မောင်ဘကြိုင်
အမ မယ်ကိုး ရဲ့စာအုပ်လေးကို ဘယ်အချိန် ဖတ်ခွင့်ရမလဲတော့မသိသေးပါ.
စာအုပ်လေးကိုကြည့်ပြီး ဝမ်းသာကြည်နူးမှုကတော့ အများကြီးပဲ..
အမြဲတမ်း အမဘေးကနေ အားပေးနေမယ့်သူ တစ်ယောက်ပါနော်..
နှစ်သစ်မှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး တောင့်တသော ဆန္ဒများအားလုံး ပြည့်ဝပါစေ..
Happy New Year !!!!!
ချစ်ခင်စွာဖြင့်
သဒ္ဓါ
ညီမလေး ရေ ..ရောက်ရှိခဲ့ကြောင်း ခြေရာလေး ချန်ရစ်ခဲ့ပါတယ်ကွယ် .. :)
အမ
ထရီဆာ (ခ) ပန်းအိ
စာရေးသူရဲ့ အရည်အသွေးက နာမည်ပြောင်းတာနဲ့ လိုက်ပြောင်းမှာတဲ့ လား
တကယ်ဆို မယ်ကိုးဆိုတဲ့ နာမည်ထက် မယ့်ကိုးက ပိုလှသလားလို့
ကမ္ဘာ သစ်မှာ စာအုပ်လေး ရှိနေပြီ ပဲ ဘာမှ ကို မလို တော့ဘူးလေ နော်..။
အမစာတွေကို အရမ်းနှစ်ခြိုက်တဲ့လူပါ... အမြဲလည်းအားပေးနေပါတယ်..
အသစ်တွေလည်းများများရေးပေးပါ အစ်မ..
Post a Comment