06 January 2016

နှစ်မီးနစ်

 လူတွေဟာ နှစ်မီးနစ်စာ တစ်ယောက်မျက်ဝန်းထဲတစ်ယောက်ဝင်ရောက်ပြီးတဲ့အခါ
ချစ်သွားတတ်ကြသတဲ့။ 

သူမနဲ့သူကြား နှစ်မီးနစ်ပေါင်းမြောက်များစွာ
 ငြင်းခုန်ရင်း၊ တိုင်ပင်ရင်း၊ ကူညီရင်း...

 ပြေးရင်လိုက်ကာ လိုက်ရင်ပြေးတာ မချစ်တဲ့သူတွေပါ။

 မျက်ဝန်းပြာလဲ့ ရွှေရောင်မုတ်ဆိတ်မွှေးသဲ့သဲ့ ခရစ်စ် အီဗင်န်စ်လိုလူမျိုးမှ နှစ်လိုတဲ့သူမ
 အပြုံးချိုချိုမျက်ဝန်းညိုလေး ရောင်ပြန်အောက်မှာ တုပ်တုပ်မျှမလှုပ်နိုင်တဲ့အခါ...

 မြင်ရင်မြင်တယ် မှတ်လေ 
အကြည့်ဆိုတာလည်း ဖြစ်ပြီးပျက်သွား အနိစ္စမဟုတ်လား။

 ခက်တာက ဘာဝနာသာ
 သင်္ခါရသစ္စာဖြစ်နေတဲ့အခါ...

 စပါးကြီးမြွေရှေ့က သတ္တဝါပါ
စိတ်ညှို့ခံရသူရယ်လေ။

 ဒီအကြည့်လေးပြီးနောက် ဘဝပျောက်တော့မှာ သိလည်း 
ပစ္စုပ္ပန်တည့်တည့်ပဲ ကြည့်နေတယ်...

 နှစ်မီးနစ်ရှင်သန်ခြင်းပါကွယ်။ ။ 

 မယ့်ကိုး