18 December 2017

ပြင်ပခြေရာ အထူးပြု

မရေရာလမ်းတွေထဲ အပေါစားရည်ရွယ်ချက်တွေနဲ့ အပျော်ရှာကြ။
ငါ့အုတ်ဂူကစာသားဟာ နင့်ထက်သားနားတယ် ကြွားမယ်။
ဒရမ်မာ။ ဇာတ်လမ်းတွေ။
ဒီလိုဆိုလည်း မမြင်ကွယ်ရာ ငါမနေနိုင်သေးဘူး။
ဖြည်တည်လာတဲ့ဘ၀မှာ ဆက်လက်တည်ရှိနေဖို့သာ ကြိုးစား။
ရွံ့နွံထဲမှာ အသားကျသွားမှာပါ။
ဖျောင်းဖြချော့မြူထူပေကာ
အဓိပ္ပါယ်။ သက်ရောက်မှုတွေ။
ဘာမှ မစိတ်ဖြာချင်တော့။
ပျော်သလိုနေမယ်ဆိုလည်း
သုည၀ါဒီ။ နတ္ထိ၀ါဒီ။ nihilist
ဒီပဲ့တင်သံပဲ ပြန်ကြားနေရတယ်။



No comments: