19 December 2017

စကားလေးတစ်ခွန်း


                                                                                                    photo- Reuters




သူ့နောက်ဆုံးစာလေးကို သူမအထပ်ထပ်ဖတ်နေတယ်။
‘It’s been really hard for me until now.
သူ့မှာ ခက်ခက်ခဲခဲ စိတ်ဆင်းရဲရတဲ့အချိန်တွေအကြောင်း သူမ မသိခဲ့ဘူး။
သူမရဲ့ အကျပ်ရိုက်ဘေးသင့်နေတဲ့ကာလတွေအကြောင်းကို လူတကာသိလည်း အရေးစိုက်မယ့်သူမရှိဘူး။
Please let me go,
ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပြုပါတဲ့ ။
ထပ်မံထွက်သွားဖို့ သူမ မကြိုးစားတော့ဘူး။
ထွက်သွားဖို့ ကြိုးစားတုန်းကလည်း ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မတောင်းခဲ့ဘူး။
and tell me I’ve worked hard,
သူ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခဲ့တာ လူတကာသိလည်း အတည်ပြုချက်လေး ထပ်တောင်းနေသေးတယ်။
ထုံးစံအတိုင်းပဲ။  မငိုဘူး။ မျက်ရည်ကျတယ်။
သုံးပုံနှစ်ပုံပဲ အလုပ်လုပ်တဲ့ နှလုံးသားက တုန်တုန်ရီရီနာလွန်းတယ်။
ကျော်ကြားမှု၊ ငွေကြေးတွေနဲ့ ဘ၀ဟာ မလုံလောက်ဘူးဆိုတာ သူမတို့သာ နားလည်တယ်
This is my last good bye.’
နောက်ဆုံးနှုတ်ဆက်ခြင်းလို့ သူဆိုတယ်။
ရိုးရာမပျက် ငြိမ်းချမ်းစွားအနားယူပါတော့လို့ ပြောသင့်သလား။
ဂုဏ်ယူပါတယ်လို့ ဆိုရမလား။
ကာဗွန်မိုနောက်ဆိုဒ်ရှုကာ အပူတွေကို ငြှိမ်းကြတာချင်းတူလည်း သူက အောင်မြင်သွားပြန်တယ်။
တစ်ချို့လူတွေက သူတို့ဖြစ်တည်မှုကို ယောက်ျား၊မိန်းမ၊  လိင်ကိစ္စ၊ သားသမီးများနဲ့ ချည်တယ်။
တစ်မျိုးက အောင်မြင်မှုဆိုတာ စိန်၊ကား၊ဓာတ်ပုံများနဲ့ ချိန်တယ်။
သူမအတွက်တော့ အသိအမှတ်ပြုစကားလေးတစ်ခွန်းနဲ့ လုံလောက်ပါတယ်။
ကျေးဇူးပြုပြီး။ ကျေးဇူးပြုပြီး...
မင်းလုပ်ခဲ့တာတွေ ကောင်းတယ်။ မင်းလုပ်နေတာ တော်တယ်။ 
တစ်ဖက်သားကို အကျိုးပြုတယ်ဆိုတဲ့ စကား ကြားခွင့်မရှိဘူးလား
‘Please say that I am doing a good job.’

အစစ်အမှန်ချီးမွှမ်းသံလေးတစ်ခု သူ့လိုပဲ သူမ တောင့်တမိတယ်။

No comments: