30 June 2018

မျက်ရည်ရဲ့ ဂုဏ်တော်အဖြာဖြာ

…………………………………………………
 The heart was made to be broken.
 - Oscar Wilde 
………………………………………………… 

နာမည်ကြီးလှတဲ့ အသည်းကွဲခြင်းနဲ့ ကျွန်မ ထိပ်တိုက်တွေ့ချိန်ပေါ့။ မာရေကျောရေနိုင်လှတဲ့ စိတ်ထားပိုင်ရှင် မိန်းမတစ်ယောက်ရဲ့ နှလုံးရည်စမ်းသပ်ခန်းဟာ အခုမှ စတင်ခဲ့တာ။ ‘ကိုယ့်ကိုယ်ကို ဂရုစိုက်စောင့်ရှောက်ပါလို့ ကျွန်မ မပြောတော့ဘူး။ ရှင့်မှာ စောင့်ရှောက် ယုယမယ့်သူ ရှိနေပြီမဟုတ်လား’လို့ ပြောကာ သူ့ဘဝထဲက ကျွန်မ ထွက်ခဲ့ပါတယ်။ ဘယ်ဆွေမျိုးမိတ်သင်္ဂဟာ အသုဘမှာမှ မငိုခဲ့တဲ့သူပါ။ဆွေးမြေ့ကြေကွဲဖွယ်ဘယ်ရုပ်ရှင်မှာမှ မျည်ရည်မဝိုင်းခဲ့သူပါ။ သူစိမ်းတွေအဆိုအရတော့ ကျွန်မဟာ စိတ်ခံစားမှုချို့ယွင်းနေသူပါတဲ့။ ဒါပေမယ့် လမ်းခွဲစကားအဆုံးမှာတော့ မငိုဘူးလို့ စိတ်မတင်းခင်မှာတင် မျက်ရည်တွေဟာ ရေတံခွန်စီးဆင်းသလို ဖြာကျလာခဲ့။ ဘုရားမလို့ ကံကြီးသီစွာပဲ ကျွန်မ မျက်ရည်တွေကို သူ မမြင်ခဲ့ပါဘူး။

 အော်စကာဝိုင်းပြောသလိုပဲ အသည်းနှလုံးဆိုတာ ကွဲကြေဖို့ ပြုလုပ်ထားခဲ့တာဖြစ်မှာပဲ။ ကျွန်မရဲ့ အသည်းနှလုံးဟာ ရင်ထဲက ပေါက်ထွက်ကာ တစ်စစီကြေကွဲလွင့်စင်သွားတယ်။ ဘဝဟာ ရုတ်ချည်းခေါက်ရိုးချိုးခံလိုက်ရတယ်။ ကောင်းကင်ကြည်ပြာဟာ ခဏအတွင်း မည်းမှောင်လာတယ်။ ကမ္ဘာကြီးရပ်သွားတယ်။ မီးတောင်ပေါက်ကွဲကာ ချော်ရည်ပူတွေ စီးဆင်းလာတယ်။ လေထုထဲမှာ ပြာပူမှုန့်တွေ ထူပြိန်းကာ အသက်မရှုနိုင်လောက်အောင် ဖြစ်လာတယ်။ အချိန်နာရီတွေဟာ အရည်ပျော်ပြီး ဆူပွက်အငွေ့ပျံသွားကြတယ်။ အသည်းကွဲသွားတဲ့အခါ လူတွေဘယ်လိုပြုမူတတ်ကြသလဲ။ ကျွန်မကတော့ အစာမစား၊ရေမသောက်ဘဲ တစ်ညလုံး ငိုခဲ့တယ်။

ချစ်သူကို စွန့်လွှတ်ရခြင်း၊ အိပ်မက်တွေ ပျက်စီးသွားခြင်း၊ မာနကို အထိနာခြင်း၊ ယုံကြည်မှုအလွဲသုံးစားပြုခံရခြင်း၊ ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်ကို မေးခွန်းထုတ်ရခြင်း။ လူဖြစ်ရခြင်းအကျိုးကို ခါးသီးမေးခွန်းထုတ်မိခြင်း။ သူကတော့ သောကကင်းဝေးစွာ ပျော်နေပါလိမ့်မယ်။ ကျွန်မလည်း ကြိုးစားရပ်တည်ခဲ့ပါတယ်။ နောက်တစ်နေ့မထနိုင်လောက်အောင် ခေါင်းအုံကိုက်ခဲနေပေမယ့် ရုံးကိုတော့ အရောက်သွားခဲ့ပါရဲ့။ ဒါပေမယ့် အလုပ်မလုပ်နိုင်ဘဲ သန့်စင်ခန်းသွားကာ တစ်နေ့လုံးငိုခဲ့သလို နောက်တစ်နေ့ ဆေးခွင့်ယူကာ အိပ်ရာထဲမှာ လှဲနေခဲ့ရ။ အဲဒီမှာ ဆင်မြူရယ်ဂျွန်ဆင်ပြောတဲ့ စကားတစ်ခုကို သတိရမိလေတာ။

‘ဝမ်းနည်းခြင်းဟာ စိတ်ဝိညာဉ်ရဲ့ သံချေးမျှသာပဲ။ လှုပ်ရှားသက်ဝင်တက်ကြွတဲ့အလုပ်မှသာ စိတ်ဝိညာဉ်ကို သန့်ရှင်းတောက်ပြောင်စေလိမ့်မယ်’တဲ့။ ကျွန်မ အခုလုပ်နိုင်တဲ့ လှုပ်ရှားမှုကတော့ တစိမ့်စိမ့်မျက်ရည်ကျခြင်းရယ်သာ။ ဒီလိုသာ မငိုရဘူးဆို ကျွန်မ ရူးသွားမလားလို့လည်း တွေးမိရဲ့။ ရှိတ်စပီးယားကလည်း ပြောခဲ့ဖူးတယ်မဟုတ်လား။ “To weep is to make less the depth of grief.”တဲ့လေ ။ ‘ပူဆွေးခြင်းအတိမ်အနက်ကို လျော့ပါးစေဖို့ ရှိုက်ငိုပါ’လို့ ဆိုတယ်မဟုတ်လား။ ဟုတ်ကဲ့။ ကျွန်မ အားပါးတရငိုခဲ့ပါတယ်။ အခုအချိန်မှာ ပြန်တွေးကြည့်တော့ ဒီအဖြစ်တွေဟာ ရယ်စရာကောင်းနေပေမယ့် ဟာသတော့ ဖြစ်မလာပါဘူး။

သုတေသနမှတ်တမ်းတွေအရ ငိုကြွေးခြင်းဟာ လူကို အကျိုးများစွာပြုတယ်တဲ့လေ။ ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ တစ်ခုခုထိခိုက်မိလို့ ကျတဲ့ မျက်ရည်နဲ့ မတူပါဘူးတဲ့။ ၁၉၅၇ ခုနှစ်တည်းက စမ်းသပ်ချက်များအရ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်ထဲမှာ စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေ ၊ အမျိုးမျိုးသော အဆိပ်အတောက်တွေ ပါဝင်ပါတယ်တဲ့။ အသည်းကွဲလို့ ကျခဲ့တဲ့ မျက်ရည်များနဲ့အတူ အစိတ်အတောက်တစ်ချို့၊ စိတ်ဖိစီးမှုဟော်မှုန်းတစ်စိတ်တစ်ပိုင်းလည်း ခန ္ဓာကိုယ်ထဲက ထွက်သွားတာ ဝမ်းသာစရာပဲနော်။ ပြီးတော့ ငိုကြွေးခြင်းဟာ ကိုယ်တွင်းမှာရှိတဲ့ မန်ဂနိဓာတ်ကိုလည်း လျော့ကျစေပါတယ်တဲ့။ ဒီဓာတ်ဟာ စိတ်နေစိတ်ထားအပေါ် သက်ရောက်မှုရှိပြီး သွေးထဲမှာထက် မျက်ရည်ထဲမှာ ပါဝင်မှုနှုန်း သုံးဆယ်ဆ ရှိတယ်တဲ့။ ဒါကြောင့် ကျွန်မ ငိုခဲ့တာ မမှားပေဘူး။ ငိုကြွေးလိုက်ခြင်းကြောင့် ကျွန်မစိတ်ဟာ အနည်းငယ်သက်သာရာ ရလာခဲ့တာ အမှန်ပါပဲ။

အဆုံးမှာတော့ မျက်ရည်များဟာ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်သာပြေငြိမ်းစေခဲ့တယ်။ စဉ်းစားကြည့်ပါလေ။ ရှင်မွေးနွန်းဟာ မင်းနန္ဒာရဲ့ သေဆုံးကြောင်း သတင်းကြားပြီးပြီးခြင်း နှလုံးခုန်ရပ်သေဆုံးသွားတာ မငိုနိုင်ခဲ့လို့များလား။ ကျွန်မကတော့ မသေခဲ့ဘူးရယ်။ အသည်းကွဲခဲ့ပေမယ့် ဆက်လက်ရှင်သန်ရဦးမယ်။ ရူးပတ်ဘရွတ်ခ်ပြောခဲ့တဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ ‘ မင်းအတွက် အချစ်တွေသေဆုံးသွားတဲ့အခါ၊ ငါသေသင့်တယ်လို့ ငါတွေးခဲ့တယ်။ အချစ်က သေသွားခဲ့တယ်။ သူတစ်ခုတည်းပဲ။ တစ်ယေက်တည်းပေမယ့် အရမ်းကို ထူးဆန်းစွာပဲ ငါ အသက်ရှင်နေတယ်။’ တဲ့။

 …………………

 I thought when love for you died, I should die. It's dead. Alone, most strangely, I live on.
 - Rupert Brooke
 ………………… 

ကျွန်မလည်း အသက်ရှင်နေပါဦးမယ်။ အသည်းကွဲခြင်းရဲ့ ကျေးဇူးတော်အနန္တဖြင့်လေ။

 မယ့်ကိုး

4 comments:

လသာည said...

မမဆီမွာ ဖတ္လို႔မရဘူး.. ညေလး။

Mae Coe said...

မယ္လည္း မလုပ္တတ္ဘူး ခ်စ္မေလးရယ္။ @_@

July Rosey said...

မ်က္ရည္ရဲ့ ဂုဏ္ေတာ္အျဖာျဖာ
…………………………………………………
The heart was made to be broken.
- Oscar Wilde
…………………………………………………နာမည္ျကီးလွတဲ့ အသည္းကြဲျခင္းနဲ့ ကြ်န္မ ထိပ္တိုက္ေတြ့ခ်ိန္ေပါ့။ မာေရေက်ာေရနိုင္လွတဲ့ စိတ္ထားပိုင္ရွင္ မိန္းမတစ္ေယာက္ရဲ့ နွလံုးရည္စမ္းသပ္ခန္းဟာ အခုမွ စတင္ခဲ့တာ။ ‘ကိုယ့္ကိုယ္ကို ဂရုစိုက္ေစာင့္ေရွာက္ပါလို့ ကြ်န္မ မေျပာေတာ့ဘူး။ ရွင့္မွာ ေစာင့္ေရွာက္ ယုယမယ့္သူ ရွိေနျပီမဟုတ္လား’လို့ ေျပာကာ သူ့ဘဝထဲက ကြ်န္မ ထြက္ခဲ့ပါတယ္။ ဘယ္ေဆြမ်ိုးမိတ္သဂၤ࿿ဟာ အသုဘမွာမွ မငိုခဲ့တဲ့သူပါ။ေဆြးေျမ့ေျကကြဲဖြယ္ဘယ္ရုပ္ရွင္မွာမွ မ်ည္ရည္မဝိုင္းခဲ့သူပါ။ သူစိမ္းေတြအဆိုအရေတာ့ ကြ်န္မဟာ စိတ္ခံစားမႈခ်ို့ယြင္းေနသူပါတဲ့။ ဒါေပမယ့္ လမ္းခြဲစကားအဆံုးမွာေတာ့ မငိုဘူးလို့ စိတ္မတင္းခင္မွာတင္ မ်က္ရည္ေတြဟာ ေရတံခြန္စီးဆင္းသလို ျဖာက်လာခဲ့။ ဘုရားမလို့ ကံျကီးသီစြာပဲ ကြ်န္မ မ်က္ရည္ေတြကို သူ မျမင္ခဲ့ပါဘူး။ေအာ္စကာဝိုင္းေျပာသလိုပဲ အသည္းနွလံုးဆိုတာ ကြဲေျကဖို့ ျပုလုပ္ထားခဲ့တာျဖစ္မွာပဲ။ ကြ်န္မရဲ့ အသည္းနွလံုးဟာ ရင္ထဲက ေပါက္ထြက္ကာ တစ္စစီေျကကြဲလြင့္စင္သြားတယ္။ ဘဝဟာ ရုတ္ခ်ည္းေခါက္ရိုးခ်ိုးခံလိုက္ရတယ္။ ေကာင္းကင္ျကည္ျပာဟာ ခဏအတြင္း မည္းေမွာင္လာတယ္။ ကမၻာျကီးရပ္သြားတယ္။ မီးေတာင္ေပါက္ကြဲကာ ေခ်ာ္ရည္ပူေတြ စီးဆင္းလာတယ္။ ေလထုထဲမွာ ျပာပူမႈန့္ေတြ ထူျပိန္းကာ အသက္မရႈနိုင္ေလာက္ေအာင္ ျဖစ္လာတယ္။ အခ်ိန္နာရီေတြဟာ အရည္ေပ်ာ္ျပီး ဆူပြက္အေငြ့ပ်ံသြားျကတယ္။ အသည္းကြဲသြားတဲ့အခါ လူေတြဘယ္လိုျပုမူတတ္ျကသလဲ။ ကြ်န္မကေတာ့ အစာမစား၊ေရမေသာက္ဘဲ တစ္ညလံုး ငိုခဲ့တယ္။ခ်စ္သူကို စြန့္လွြတ္ရျခင္း၊ အိပ္မက္ေတြ ပ်က္စီးသြားျခင္း၊ မာနကို အထိနာျခင္း၊ ယံုျကည္မႈအလြဲသံုးစားျပုခံရျခင္း၊ ကိုယ့္ကိုယ္ကိုယ္ေလးစားစိတ္ကို ေမးခြန္းထုတ္ရျခင္း။ လူျဖစ္ရျခင္းအက်ိုးကို ခါးသီးေမးခြန္းထုတ္မိျခင္း။ သူကေတာ့ ေသာကကင္းေဝးစြာ ေပ်ာ္ေနပါလိမ့္မယ္။ ကြ်န္မလည္း ျကိုးစားရပ္တည္ခဲ့ပါတယ္။ ေနာက္တစ္ေန့မထနိုင္ေလာက္ေအာင္ ေခါင္းအံုကိုက္ခဲေနေပမယ့္ ရံုးကိုေတာ့ အေရာက္သြားခဲ့ပါရဲ့။ ဒါေပမယ့္ အလုပ္မလုပ္နိုင္ဘဲ သန့္စင္ခန္းသြားကာ တစ္ေန့လံုးငိုခဲ့သလို ေနာက္တစ္ေန့ ေဆးခြင့္ယူကာ အိပ္ရာထဲမွာ လွဲေနခဲ့ရ။ အဲဒီမွာ ဆင္ျမူရယ္ဂြ်န္ဆင္ေျပာတဲ့ စကားတစ္ခုကို သတိရမိေလတာ။‘ဝမ္းနည္းျခင္းဟာ စိတ္ဝိညာဉ္ရဲ့ သံေခ်းမွ်သာပဲ။ လႈပ္ရွားသက္ဝင္တက္ျကြတဲ့အလုပ္မွသာ စိတ္ဝိညာဉ္ကို သန့္ရွင္းေတာက္ေျပာင္ေစလိမ့္မယ္’တဲ့။ ကြ်န္မ အခုလုပ္နိုင္တဲ့ လႈပ္ရွားမႈကေတာ့ တစိမ့္စိမ့္မ်က္ရည္က်ျခင္းရယ္သာ။ ဒီလိုသာ မငိုရဘူးဆို ကြ်န္မ ရူးသြားမလားလို့လည္း ေတြးမိရဲ့။ ရွိတ္စပီးယားကလည္း ေျပာခဲ့ဖူးတယ္မဟုတ္လား။ “To weep is to make less the depth of grief.”တဲ့ေလ ။ ‘ပူေဆြးျခင္းအတိမ္အနက္ကို ေလ်ာ့ပါးေစဖို့ ရွိုက္ငိုပါ’လို့ ဆိုတယ္မဟုတ္လား။ ဟုတ္ကဲ့။ ကြ်န္မ အားပါးတရငိုခဲ့ပါတယ္။ အခုအခ်ိန္မွာ ျပန္ေတြးျကည့္ေတာ့ ဒီအျဖစ္ေတြဟာ ရယ္စရာေကာင္းေနေပမယ့္ ဟာသေတာ့ ျဖစ္မလာပါဘူး။သုေတသနမွတ္တမ္းေတြအရ ငိုျကြေးျခင္းဟာ လူကို အက်ိုးမ်ားစြာျပုတယ္တဲ့ေလ။ ဝမ္းနည္းလို့ က်တဲ့မ်က္ရည္ဟာ တစ္ခုခုထိခိုက္မိလို့ က်တဲ့ မ်က္ရည္နဲ့ မတူပါဘူးတဲ့။ ၁၉၅၇ ခုနွစ္တည္းက စမ္းသပ္ခ်က္မ်ားအရ ဝမ္းနည္းလို့က်တဲ့ မ်က္ရည္ထဲမွာ စိတ္ဖိစီးေစတဲ့ေဟာ္မုန္းေတြ ၊ အမ်ိုးမ်ိုးေသာ အဆိပ္အေတာက္ေတြ ပါဝင္ပါတယ္တဲ့။ အသည္းကြဲလို့ က်ခဲ့တဲ့ မ်က္ရည္မ်ားနဲ့အတူ အစိတ္အေတာက္တစ္ခ်ို့၊ စိတ္ဖိစီးမႈေဟာ္မႈန္းတစ္စိတ္တစ္ပိုင္းလည္း ခန ၶာကိုယ္ထဲက ထြက္သြားတာ ဝမ္းသာစရာပဲေနာ္။ ျပီးေတာ့ ငိုျကြေးျခင္းဟာ ကိုယ္တြင္းမွာရွိတဲ့ မန္ဂနိဓာတ္ကိုလည္း ေလ်ာ့က်ေစပါတယ္တဲ့။ ဒီဓာတ္ဟာ စိတ္ေနစိတ္ထားအေပၚ သက္ေရာက္မႈရွိျပီး ေသြးထဲမွာထက္ မ်က္ရည္ထဲမွာ ပါဝင္မႈနႈန္း သံုးဆယ္ဆ ရွိတယ္တဲ့။ ဒါေျကာင့္ ကြ်န္မ ငိုခဲ့တာ မမွားေပဘူး။ ငိုျကြေးလိုက္ျခင္းေျကာင့္ ကြ်န္မစိတ္ဟာ အနည္းငယ္သက္သာရာ ရလာခဲ့တာ အမွန္ပါပဲ။အဆံုးမွာေတာ့ မ်က္ရည္မ်ားဟာ ကြ်န္မကို စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ သက္သာေျပျငိမ္းေစခဲ့တယ္။ စဉ္းစားျကည့္ပါေလ။ ရွင္ေမြးနြန္းဟာ မင္းနနၵာရဲ့ ေသဆံုးေျကာင္း သတင္းျကားျပီးျပီးျခင္း နွလံုးခုန္ရပ္ေသဆံုးသြားတာ မငိုနိုင္ခဲ့လို့မ်ားလား။ ကြ်န္မကေတာ့ မေသခဲ့ဘူးရယ္။ အသည္းကြဲခဲ့ေပမယ့္ ဆက္လက္ရွင္သန္ရဦးမယ္။ ရူးပတ္ဘရြတ္ခ္ေျပာခဲ့တဲ့ ဆိုရိုးစကားလည္း ရွိတယ္မဟုတ္လား။ ‘ မင္းအတြက္ အခ်စ္ေတြေသဆံုးသြားတဲ့အခါ၊ ငါေသသင့္တယ္လို့ ငါေတြးခဲ့တယ္။ အခ်စ္က ေသသြားခဲ့တယ္။ သူတစ္ခုတည္းပဲ။ တစ္ေယက္တည္းေပမယ့္ အရမ္းကို ထူးဆန္းစြာပဲ ငါ အသက္ရွင္ေနတယ္။’ တဲ့။…………………I thought when love for you died, I should die. It's dead. Alone, most strangely, I live on.
- Rupert Brooke
…………………ကြ်န္မလည္း အသက္ရွင္ေနပါဦးမယ္။ အသည္းကြဲျခင္းရဲ့ ေက်းဇူးေတာ္အနနၱျဖင့္ေလ။

Mae Coe said...

Hello, July,
it's very kind of you to post it. I'm really appreciate it.
Thank you so much.